ဒရမ်မာလေးတွေနဲ့ ရင်ခုန်စရာ ဖြစ်ခဲ့ပေမယ့် အမ်းမရိတ်မှာ မန်ယူကို အနိုင်ကန်ပြီး အာဆင်နယ်တို့ အမှတ်ပြည့် ယူသွားခြင်း

တနင်္ဂနွေနေ့ည အာဆင်နယ်နဲ့ ယူနိုက်တက်တို့ရဲ့ စူပါဆန်းဒေးပွဲ ကတော့ ရင်ခုန် စိတ်လှုပ်ရှားစရာတွေ ဖြစ်ခဲ့ပြီး အိမ်ရှင် အာဆင်နယ်က ၃-၁ နဲ့ အနိုင်ရသွားခဲ့ပါတယ်။

ရက်ဖိုဒ့်၊ အိုဒီဂတ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ပထမပိုင်း အပြီးမှာ သရေ ကျနေခဲ့ပေမယ့် ပွဲပြီးခါနီး နာကျင် အချိန်ပိုမှာ အာဆင်နယ်က ရိုက်စ်၊ ဂျေးဆုတို့ရဲ့ ပွဲသိမ်းဂိုးတွေနဲ့ အနိုင်ရသွားခဲ့တာပါ။

ဒီပွဲမြှ နည်းပြနှစ်ဦးလုံးက တောင့်တင်းတဲ့ လူစာရင်းတွေကိုပဲ ထုတ်သုံးလာပြီး ပါတေး မပါနိုင်တဲ့ အာဆင်နယ် ညာခြမ်းမှာ ဘမ်ဝှိုက် ပါလာခဲ့တယ်။ ထိုနည်းတူ မောင့် မပါနိုင်တဲ့ ယူနိုက်တက် လူစာရင်းမှာလည်း မာရှယ်ကို တိုက်စစ်တင်ခဲ့ပါတယ်။

ပထမပိုင်းဟာ စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပြီး နှစ်သင်းလုံး အပြန်အလှန် ထိုးဖောက်မှုတွေ လုပ်နိုင်ခဲ့တယ်။ အဖွင့်ဂိုးကို ဟာဗက်ရဲ့ ပေးမှု အမှားကနေ အဲရစ်ဆန်က ရက်ဖိုဒ့်ရဲ့ ပြေးလမ်းကြောင်းထဲ ချပေးခဲ့တာမှာ အင်္ဂလန်သားက အမှားအယွင်း မရှိ ဂိုးရအောင် ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ မိနစ်ပိုင်းအကြာမှာ အိုဒီဂတ်ကလည်း သူ့ပုံစံအတိုင်း မာတင်နယ်လီ ချပေးတဲ့ ဘောလုံးကို ဧရိယာ ထိပ်ကနေ သေသေသပ်သပ် ပိတ်သွင်းခဲ့ပါတယ်။ ပထမပိုင်းမှာ ကွာလတီ သွင်းဂိုး ၂ ဂိုး မြင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း အပြန်အလှန် ထိုးဖောက်မှုတွေ ရှိလာခဲ့ပြီး ဟာဗက်ကို မန်ယူနိုက်တက် ကစားသမားတွေ ညှပ်သလို ဖြစ်ခဲ့လို့ ကွင်းလယ်ဒိုင် အန်တိုနီ တေလာက ပင်နယ်တီပေးပေမယ့် VAR ပြန်ကြည့်ရာမှာ မထိခဲ့တာမို့ ပယ်ဖျက်ခဲ့ပါတယ်။

အာဆင်နယ်ရဲ့ ဖိဖိစီးစီး ကစားလာချိန်မှာ မာတီနက်စ် ဒဏ်ရာရသွားတဲ့နောက် ယူနိုက်တက် ခံစစ်က ပြဿနာတွေ ရှိလာခဲ့တယ်။ ခံစစ်ကို တောင့်ခံထားရင် ယူနိုက်တက်ဘက်က ပွဲချိန် ၈၀ ကျော်မှာ ဂနာချို ဦးဆောင်ဂိုး ယူခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရတယ်။

ပွဲက သရေရလဒ်ဖြင့် ပြီးမယ်လို့ ထင်ခဲ့ကြပေမယ့် ဒရာမာလေးတွေက နောက်ဆုံး မိနစ်တွေမှာ ဖြစ်လာခဲ့ပါတယ်။ ဒီကလန်ရိုက်စ်က နာကျင် အချိန်ပိုမှာ ဦးဆောင်ဂိုး ရယူခဲ့ပြီး ပွဲနောက်ဆုံး မိနစ်မှာ ဂျေးဆုက တတိယ ဦးဆောင်ဂိုး ထပ်သွင်းခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် အာဆင်နယ်ဟာ ၄ ပွဲကစား ရမှတ် ၁၀ မှတ်ဖြင့် မန်စီးတီးနောက်က ဆက်လက် ဖိအားပေးနေဆဲ ဖြစ်ပါတယ်။