ကိုင်ဟာဗက်နဲ့ အာဆင်နယ် ဖြစ်နေတာကို မိန်းမပိုးတုန်းက အဖြစ်နဲ့ ဥပမာပေးကာ ရင်ခုန်နေတဲ့ အာတီတာ

မီခေးလ် အာတီတာက ဟာဗက် ရဲ့ အကောင်းဆုံး အချိန်တွေ ရောက်လာမှာဖြစ်ပြီး အဲ့ဒီအခိုက်အတန့်ဟာ သိပ်ကို ပျော်ဖို့ကောင်းမှာ ဆိုတာကို သူ မိန်းမ ပိုးပန်းခဲ့တုန်းက အဖြစ်အပျက်နဲ့ ဥပမာပေးခဲ့ပါတယ်။

ကိုင် ဟာဗက်ဟာ အာဆင်နယ် ကစားသမား ဘဝ ရုန်းကန်ရမှုတွေ ရှိနေခဲ့ပြီး ယူနိုက်တက်ကို ၃-၁ အနိုင်ရတဲ့ပွဲမှာ အံ့အားသင့်ဖွယ် လွဲချော်မှုတစ်ခု ဖြစ်ပေါ်ခဲ့သေးတာ ဖြစ်ပါတယ်။

ဟာဗက်ဟာ အာဆင်နယ် နည်းစနစ် အရ ကွင်းလယ်နေရာက ကစားနေရတာ ဖြစ်ပြီး သူ့ရဲ့ အကောင်းဆုံး ပုံစံကို ရှာဖွေနိုင်ဖို့ ခက်ခဲလို့ နေပါတယ်။

အာတီတာကတော့ လိုချင်တဲ့ ပုံစံ ရသွားရင် သိပ်ပျော်ဖို့ ကောင်းတာ ကြုံလာရမယ်လို့ အခုလို ဆိုလာခဲ့ပါတယ်။

‘ မနေ့ကပဲ အစမှာ ကိစ္စတွေက နည်းနည်း ခက်တယ်လို့ သူ့ကို ပြောပြဖြစ်တယ်။ ကျနော် ဇနီးကို ပထမဆုံး စတွေ့တုန်းက သူ့ကို ဝင်ရောဖို့ ခက်ခဲခဲ့တာပဲ။ ကျနော် ကြိုးစားပြီး မက်ဆေ့တွေပိုခဲ့ရတယ်၊ ပိုးရင်း ပိုးရင်းမှ သူမက အတူနေဖို့ သဘောတူလိုက်တော့ သိပ်ကို လှပခဲ့တာပေါ့။

စတွေ့တဲ့ ပထမနေ့တည်းက သူမ ‘Yes’ လို့ အဖြေပေးရင် ခံစားချက်က ဒီလောက် ဘယ်ကောင်းမလဲ။ ဒီနေ့မှာ ပရိသတ်တွေက သူ့အပေါ် ဆက်ဆံပုံ ကောင်းခဲ့ပါတယ် ’ လို့ အာတီတာက ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။