အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ မနေ့ညက အမ်းမရိတ်မှာ ကစားခဲ့တဲ့ ပွဲကတော့ ဒရမ်မာ ဆန်ဆန်နဲ့ ရင်ခုန်စရာ ကောင်းခဲ့ပါတယ်။
ပွဲချိန် ပထမပိုင်းမှာ ရက်ဖို့ဒ် သွင်းဂိုးနဲ့ ယူနိုက်တက် အရင် ဦးဆောင်ခဲ့ပေမယ့် တစ်မိနစ် အကြာမှာပဲ အာဆင်နယ်က ချေပဂိုး သွင်းခဲ့သလို ပွဲပြီးခါနီး နာကျင်အချိန်ပို မိနစ်တွေမှာ အနိုင်ဂိုးတွေ သွင်းယူခဲ့ကာ ၃-၁ နဲ့ နိုင်ခဲ့တာပါ။
တနင်္ဂနွေနေ့ ယူနိုက်တက်နဲ့ ပွဲ အကြောင်းကို မေးမြန်းရာမှာ အာဆင်နယ် နည်းပြ အာတီတာကတော့ ပွဲက ဒီလိုတွေ ဖြစ်မယ် ဆိုတာ သူ ကြိုသိခဲ့ပြီး အသင်းသားတွေကိုလည်း ပြောခဲ့ကြောင်း ထုတ်ဖော် လာခဲ့ပါတယ်။
” ပွဲကတော့ ကျွန်တော်တို့ ပလန်အတိုင်း ဖြစ်သွားခဲ့တာ။ ပွဲက ဘယ်လိုတွေ ဖြစ်မယ် ဆိုတာ ကျနော် ကစားသမားတွေကို မနေ့တည်းက ပြောထားခဲ့တယ်။ ပရိသတ်တွေကို မပြောခဲ့ဘူး ဆိုတာက ဒီလို စိတ်လှုပ်ရှား ပျော်ရွှင်စရာတွေ ကိုယ်တွေ့ ကြုံစေချင်လို့ပါ။
ကျွန်တော်တို့ အားလုံး ကြိုးစားခဲ့ကြသလို ဒီလို အသက်ဝင် ရင်ခုန် စိတ်လှုပ်ရှားတဲ့ အခိုက်အတန့်တွေ အတွက်လည်း ပြင်ဆင်ထားခဲ့တယ်။ ပရိသတ်ထုကြီးက အသင်းနဲ့ အတူ သိပ် connect ဖြစ်နေတာ မြင်ရတာ ကြည်နူးစရာပါ။ ” လို့ အာတီတာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဂန်းနားတွေဟာ မဟာပြိုင်ဘက် တစ်သင်းကို အိမ်ကွင်းမှာ အပီ ဖြုတ်လိုက်နိုင်တာကြောင့် စိတ်ဓာတ်ပိုင်းလည်း အတော် အားရစရာ ဖြစ်သွားခဲ့ပါတယ်။