အသင်းပိုင်ရှင် ဂလေဇာမိသားစုဟာ မန်ချက်စတာ ယူနိုက်တက် ကလပ်အသင်း ကို ကစားစရာ အရုပ်တစ်ခုလို သဘောထားနေတယ် လို့ သရဲနီဟောင်းကြီး ဂယ်ရီနဗီးက စိတ်ပျက် ယူကြုံးမရစွာ ပြောဆိုလာခဲ့တယ်။
အပြောင်းအရွှေ့ ဈေးကွက်ဖွင့်တိုင်း မန်ချက်စတာ ယူနိုက်တက်ဟာ ဇယားအလယ်က အသင်းလောက်ပဲ ငွေ သုံးနေတယ်လို့ နဗီးက ယူဆထားပါတယ်။
ဒီနွေမှာလည်း FFP ကို အကြောင်းပြကာ အသာတင် အသုံးစရိတ် ပေါင် သန်း ၁၂၀ လောက်ပဲ ထုတ်သုံးခဲ့တယ်လို့ နဗီးက ဆိုလိုက်ပြီး ဒါက ပြသနာကြီး ဖြစ်လာနေပြီလို့ ထောက်ပြပါတယ်။
‘ သူတို့ (အသင်းပိုင်ရှင် ဂလေဇာ မိသားစု) အတွက် ယူနိုက်တက်က ကစားပွဲ တစ်ခုလောက်ပါပဲ၊ သူတို့က အသင်းကို ကစားစရာ အရုပ် တစ်ခုလို သဘောထားနေတာ။
‘ သူတို့က အသင်းကို ရောင်းဖို့လုပ်တယ်၊ သူတို့ ငွေလိုချင်တယ်လေ။ ပြီးတော့ အပြောင်းအရွှေ့ အချိန် ရောက်လာတိုင်း ယူနိုက်တက်က ဇယား အလယ်က အသင်းလိုပါပဲ။
ကမ္ဘာပေါ်မှာ ဝင်ငွေ အများဆုံးရ ထိပ်တန်းအသင်းတွေထဲ ပါပေမယ့် ချယ်ဆီး၊ အာဆင်နယ်လို ငွေမသုံးနိုင်ပါဘူး။ ကျနော် ကတော့ ဒီအကြောင်း ဆက်ပြောနေဦးမှာ၊ ဒါက ပြဿနာကြီး ဖြစ်လာနေပြီ။ ’ လို့ နဗီးက ပြောဆို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
အသင်းလိုအပ်နေတဲ့ နေရာတွေအတွက် ဈေးကွက် ပိတ်ရက်မှာ ရီဂွယ်လွန်၊ အမရာဘတ်တို့ကို အငှားဖြင့် ခေါ်ယူခဲ့တာ ကလွဲလို့ ယူနိုက်တက်က လုံလောက်တဲ့ အားဖြည့်မှု မရှိခဲ့ပါဘူး။ အပြောင်းအရွှေ့ ရောက်လာတိုင်း ပြိုင်ဘက်တွေလို ငွေမသုံးနိုင်ဘူးဖြစ်လာနေတယ်။