ဂရာဗင်ဘက်ချ်လို လူငယ်ကြယ်ပွင့်တွေ ထည့်ဖို့ ယူရိုပါလိဂ် လူစာရင်းကနေ စီနီယာ အသင်းသား တစ်ဦးအား လီဗာပူး ဖယ်ရှား

လီဗာပူးအသင်းဟာ ယူရိုပါလိဂ် လူစာရင်းမှာ အသင်း စီနီယာ ကစားသမား တစ်ဦးကို ဖယ်ထုတ်လိုက်ပါတယ်။

ယူအီးအက်ဖ်အေနဲ့ ပရီးမီးယားလိဂ် စည်းမျဉ်း သတ်မှတ်ချက်တွေဟာ အနည်းငယ် ကွဲပြားနေတာကြောင့် ယာဂင်ကလော့ပ်က သူ့ရဲ့ လူစာရင်း ရွေးချယ်ရေးမှာ စဉ်းစားစရာတွေ ရှိလာနေခဲ့တာပါ။

ကလော့ပ်က ဥရောပပွဲ ကစားမယ့် လီဗာပူး လူစာရင်းကနေ ဝါရင့် ဂိုးသမား အတ်ဒရီယန် ကို ဖယ်ထုတ်လိုက်ပြီး လူငယ် ကစားသမားတွေကို ထည့်သွင်းသွားမယ် လို့ သိရပါတယ်။

ဥရောပ UEFA ရဲ့ ပြိုင်ပွဲတွေမှာ အသင်းတိုင်း အတွက် ကစားသမားတွေကို List A နဲ့ B တင်သွင်းခွင့် ပြုထားတာ ဖြစ်ပါတယ်။ List A ကတော့ ကစားသမား ၂၅ ဦးထိ ပါဝင်နိုင်ပြီး အဲဒီထဲက ကစားသမား ၈ ဦး ဟာ homegrown ကစားသမားတွေ ဖြစ်ရမှာပါ။

အင်္ဂလန်သား မဟုတ်ပေမယ့် ပြည်ပ ကစားသမားတွေဟာ ကလပ်မှာ ၃ နှစ် တာ ရှိပြီး အသက် ၁၅ နဲ့ ၂၁ နှစ်ကြား ရှိမယ် ဆိုရင် homegrown အဖြစ် စာရင်း တင်သွင်းခွင့် ရှိနေပါတယ်။ ဒါကြောင့်ပဲ လီဗာပူးဟာ မနှစ်က ဘာ့ဆီတစ်ကို List A ကနေ ထည့်ခဲ့ရပါသေးတယ်။

ဒီနှစ်မှာတော့ ဂရာဗင်ဘက်ချ်နဲ့ ဗန်ဒုတ်တို့ကို လီဗာပူးက ဥရောပ လူစာရင်းမှာ List B ထဲ ထည့်လို့မရတော့ဘဲ List A ကနေ ထည့်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် homegrown မဟုတ်တဲ့ လီဗာပူးဟာ ကစားသမား ၁၇ ဦးနေရာအတွက် ကစားသမား ၁၈ ဦးထိ ရှိနေတာမို့ ၁၇ နှစ်အရွယ် ဗန်ဒုတ်တို့ကို ထည့်သွင်းနိုင်ရေး တတိယဂိုးသမား အတ်ဒရီယန်ကို ဖယ်ထုတ်ဖို့ ကလပ်ဘက်က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဂိုးသမား အတ်ဒရီယန် ဟာ အသက် ၃၆ နှစ် ရှိပြီ ဖြစ်ပြီး ဒီနွေမှာ အသင်းကနေ ထွက်မယ် ယူဆခဲ့ကြပေမယ့် လီဗာပူး မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။