မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စု အဆင့် ပြိုင်ပွဲဝင်မယ့် ၂၅ ဦး လူစာရင်းကို တင်သွင်းခဲ့ပြီဖြစ်ပါတယ်။
ထို လူစာရင်းမှာ ပေါင် သန်း ၄ဝ နဲ့ ခေါ်ယူခဲ့တဲ့ ဗန်ဒီဘိခ်တော့ မပါဝင်လာပါဘူး။
အုပ်စု အဆင့် ပွဲတွေဟာ ဒီလ နှောင်းပိုင်းမှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး ယူနိုက်တက် အုပ်စုတွင်း ပြိုင်ဘက်တွေထဲမှာ ဘိုင်ယန်မြူးနစ်လို အင်အားကြီး ပါဝင်သလို ကိုပင်ဟေဂင်နဲ့ ဂါလာတာစာရေးတို့လည်း ရှိနေပါတယ်။
ဒီနွေမှာ ခေါ်ယူထားတဲ လူသစ်တွေ ဖြစ်တဲ့ ဟွိုင်လန်း၊ အိုနာနာ၊ ရယ်ဂီယလွန်၊ အမ်မရာဘတ်နဲ့ Altay Bayindir တို့ အားလုံး ယူနိုက်တက် လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲဝင် လူစာရင်း – A List
- Sofyan Amrabat
- Altay Bayindir
- Casemiro
- Diogo Dalot
- Antony
- Christian Eriksen
- Bruno Fernandes
- Rasmus Hojlund
- Victor Lindelof
- Tyrell Malacia
- Anthony Martial
- Lisandro Martinez
- Andre Onana
- Facundo Pellistri
- Sergio Reguilon
- Raphael Varane
Club Trained
- Jonny Evans
- Tom Heaton
- Scott McTominay
- Marcus Rashford
- Luke Shaw
Association Trained
-
- Harry Maguire
- Mason Mount
- Jadon Sancho
- Aaron Wan-Bissaka
ယူနိုက်တက်ဟာ လူစာရင်း B List ကိုလည်း ထပ်မံ တင်သွင်းသွားဦးမှာ ဖြစ်ပြီး ထိုစာရင်းမှာတော့ ဂါနာချိုနဲ့ မိုင်နူးတို့လို လူငယ် ကြယ်ပွင့်တွေ ပါဝင်လာမှာပါ။
ဗန်ဒီဘိခ်ကတော့ ယူနိုက်တက် ရဲ့ ဥရောပ လူစာရင်းက ချန်လှပ်ခံရပြီးနောက် ယူနိုက်တက်ကနေ ထွက်ခွာသွားနိုင်ခြေ ရှိနေပါတယ်။ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ Lorient သို့ သွားဖို့ နီးစပ်ခဲ့ပေမယ့် ကစားသမားရဲ့ သဘောထားကြောင့် ပျက်ပြယ်သွားခဲ့ပါတယ်။
တူရကီ ဈေးကွက်ကတော့ မပိတ်သေးဘဲ ရှိနေတဲ့ အပြင် ဂါလာတာစာရေးက ဗန်ဒီဘိခ်ကို စိတ်ဝင်စားနေတာကြောင့် ကလပ် နှစ်သင်းကြား ဆွေးနွေးမှု ရှိနေသေးတယ် လို့လည်း သတင်း ထွက်နေပါတယ်။