ညီကိုတွေချင်း ပြန်ရင်ဆိုင်ရမယ့် ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို မစောင့်နိုင်အောင် တက်ကြွနေတဲ့ ဟွိုင်လန်း

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးသစ် ရာမက်စ် ဟွိုင်လန်းကတော့ ယူနိုက်တက်နဲ့ အတူ ပွဲထွက် ကစားဖို့ မစောင့်နိုင်အောင် ဖြစ်နေတဲ့ ပွဲစဉ် တစ်ပွဲ ရှိကြောင်း ဖွင့်ဟလာပါတယ်။

ဟွိုင်လန်း ဟာ ဒီနွေမှ အတ္တလန္တာ အသင်းကနေ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ရောက်စက နောက်ကျော ဒဏ်ရာကြောင့် ပွဲ မကစားနိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ ဟွိုင်လန်း တစ်ယောက် စတင် ပါဝင် ကစားလာပြီး စွမ်းဆောင်ရည်ကောင်းလည်း ပြသထားပါတယ်။

တိုက်စစ်မှုးသစ် ဟွိုင်လန်း ဟာ ယူနိုက်တက်ရဲ့ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲဝင် လူစာရင်းမှာလည်း ပါဝင်လာပြီး ဒိန်းမတ်သား အတွက် ဥရောပ ပြိုင်ဘက်တွေက စိတ်လှုပ်ရှားစရာ စောင့်ကြိုနေပါတယ်။

ယူနိုက်တက်ရဲ့ အုပ်စုတွင်း ပြိုင်ဘက်တွေထဲမှာ ဟွိုင်လန်း ရဲ့ အသင်းဟောင်းလည်း ဖြစ်သလို့ သူ့ရဲ့ ညီတွေ ဖြစ်တဲ့ အသက် ၁၈ နှစ် အရွယ် အော်စကာနဲ့ အီမီးလ် တို့လည်း ပါဝင်ကစားနေတဲ့ ကိုပင်ဟေဂင် အသင်း ပါဝင်နေပါတယ်။ ဒိန်းမတ်လိဂ်မှာ ဇယားထိပ်ရောက်နေတဲ့ ကိုပင်ဟေဂင် အသင်းနဲ့ တွေ့ဖို့ ဟွိုင်လန်း ကတော့ မစောင့်နိုင်အောင် ဖြစ်နေပါတယ်။

” ချန်ပီယံလိဂ်မှာ ကျနေ်ာတို့တွေချင်း ပြန်တွေ့ရမယ့် ပွဲကို မစောင့်နိုင်အောင် ဖြစ်နေပါပြီ။ ကိုယ့်အသင်းဟောင်းကို ပြန်တွေ့ရမှာက ကော်ငးတယ်လေ။ ကျနော့် ဇာတိမြို့က အသင်းပါ။ ဒါ့အပြင် ကိုယ့် ညီအကိုတွေနဲ့ ဘဝမှာ ဒီလို ရင်ဆိုင်ရဖို့က အကြိမ် များများ ကြုံမှာ မဟုတ်ဘူးလေ။

အဲဒီပွဲမှာ ကျနော် ကစားရဖို့ မျှော်လင့်ပါတယ်။ သူတို့ရောပေါ့။ ဒါပေမယ့် ဒီလို အခွင့်အရေး ထွက်လာတာကိုက သိပ် မိုက်နေပြီ လို့ ကျနော် ခံစားရတယ်။

မဲခွဲပွဲ ပြီးတော့ ကျနော့် ညီတွေဆီ ဖုန်းခေါ်ခဲ့သေးတယ်။ ကျနော်တို့ မိဘတွေကလည်း နည်းနည်း အာရုံများသွားတယ်။ သူတို့ ဘယ်သူ့ဘက်က နေရမယ်မှန်းမ သိဘူး ဖြစ်နေတယ်။ ကျနော်တို့ ညီအကိုတွေကတော့ ဒီမဲခွဲရလဒ်ကို သိပ် သဘောကျနေတာပေ့ါဗျာ။ ” လို့ ဟွိုင်လန်းက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ အောက်တိုဘာ ၂၄ ရက်နေ့မှာ ကိုပင်ဟေဂင် အသင်းကို ဧည့်ခံ ကစားမှာ ဖြစ်ပြီး နိုဝင်ဘာ ၈ ရက် နေ့ ဒိန်းမတ်မှာ ထပ်မံ ကစားရမှာပါ။ ဟွိုင်လန်းရဲ့ ညီတွေက ကိုပင်ဟေဂင်မှာ ပွဲထွက် ကစားသမားတွေတော့ မဟုတ်ကြသေးပါဘူး။