မန်စီးတီးကို ဒီရာသီ ပရီးမီးယားလိဂ်မှာ စိန်ခေါ်နိုင်မှာက တစ်သင်းတည်းပဲ ရှိပါတယ် ဆိုတဲ့ သုံးသပ်မှု

စီးတီး ကွင်းလယ်ဟောင်းကြီး ဒေးဗစ်ဆေးဗား ကတော့ ဒီရာသီ မန်စီးတီးနဲ့အပြိုင် ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်မှာ တစ်သင်းတည်းပဲ ရှိတယ်လို့ ယုံကြည်နေပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေမှာ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးက မန်စီးတီးရဲ့ အဓိက ပြိုင်ဘက် ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီတုန်းက မန်စီးတီးကို စိန်ခေါ်နိုင်တဲ့ အသင်းဟာ အာတီတာရဲ့ အာဆင်နယ် ဖြစ်လာခဲ့တယ်။

ဒီနွေမှာ အာဆင်နယ်က ကလပ်စံချိန်တင် အသုံးစရိတ်တွေဖြင့် အားဖြည့်ထားပြီး ကွင်းလယ်မှာ ဒီကလပ်ရိုက်စ်က တောက်ပတဲ့ ခြေစွမ်းတွေ ပြသနေတာ ဖြစ်ပါတယ်။

အခြား အသင်းကြီးတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူး၊ ချယ်ဆီး၊ စပါးနဲ့ နယူးကာဆယ်တို့လည်း လူအင်အား ကောင်းကောင်း ဖြည့်ထားပေမယ့် အာဆင်နယ်ကပဲ အဓိက ပြိုင်ဘက်ဖြစ်လာမယ်လို့ ဆေးဗားက သုံးသပ် သွားပါတယ်။

‘ စီးတီးမှာက ကစားသမားကောင်းတွေ အပြည့်နဲ့ အံ့မခန်း လူစာရင်း ရှိပါတယ်။ ဒီရာသီဟာ ဂွာဒီယိုလာရဲ့ ပရီးမီးယားလိဂ်မှာ ၈ ရာသီမြောက် ဖြစ်တယ်။ သူတို့က ရပ်တန့်လို့ မရသလောက်ပါပဲ။

စီးတီးကို စိန်ခေါ်နိုင်မှာ အာဆင်နယ် တစ်သင်းပဲ ရှိမယ်လို့ မြင်ပါတယ်။ ကျန်တဲ့ အသင်းတွေကတော့ စိန်ခေါ်နိုင်မယ် မထင်ပါဘူး ’ လို့ ဆေးဗားက ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

ပက် ဂွာဒီယိုလာရဲ့ အသင်းဟာ ၆ ရာသီအတွင်း ပရီးမီးယားလိဂ်ဖလား ၅ ကြိမ် အနိုင်ရထားပြီး နောက်ဆုံး ၃ ကြိမ်ဆက် ချန်ပီယံဖြစ်ထားတဲ့ အသင်း ဖြစ်ပါတယ်။ ဒီရာသီပါ အောင်မြင်ခဲ့ရင်တော့ ပရီးမီးယားလိဂ် သမိုင်းမှာ ပထမဆုံးအဖြစ် ၄ ကြိမ်ဆက် ချန်ပီယံ ဖြစ်လာမှာပါ။