စက်တင်ဘာလ နိုင်ငံတကာ သီတင်းပတ်မှာ ဒဏ်ရာအသစ်တွေ ရသွားကြတဲ့ ပရီးမီးယားလိဂ် ကစားသမားတွေ ရှိနေပါတယ်။ ၎င်းတို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အမ်မရာဘတ် (မန်ချက်စတာ ယူနိုက်တက်)
မော်ရိုကို အသင်းနဲ့ အတူ နိုင်ငံပွဲတွေ အတွက် သွားရောက် ပူးပေါင်းခဲ့တဲ့ အမ်မရာဘတ်ဟာ လက်ရွေးစင် အသင်း ကနေ နှုတ်ထွက်ပြီး မန်ချက်စတာ ယူနိုက်တက်ထံ ပြန်လာနေပြီ ဖြစ်ပါတယ်။
အမ်မရာဘတ်ဟာ ယူနိုက်တက်နဲ့ ဆေးစစ်စဉ်တည်းက အသေးစား ဒဏ်ရာ ရှိနေခဲ့တာ ဖြစ်ပြီး အခုလို ပြန်လာ ခဲ့တာက ဒဏ်ရာ ပြင်းထန်လို့လား၊ အာဖရိက ပြိုင်ပွဲဝင်ခွင့်ရထားပြီး ဖြစ်တဲ့ မော်ရိုကို အသင်းက ကြို သတိထားတဲ့ အနေနဲ့ ကစားသမားကို ပြန်နားခိုင်းလိုက်တာလား မသဲကွဲသေးပါဘူး။
လာဗီယာ (ချယ်ဆီး)
ချယ်ဆီးအသင်းရဲ့ ဒီနွေ ခေါ်ယူမှု အသစ် ဖြစ်တဲ့ ကွင်းလယ် ကစားသမား လာဗီယာ ဟာ ကလပ်နဲ့အတူ ထရိန်နင် ဆင်းရင်း ခြေကျင်းဝတ် ဒဏ်ရာ ရသွားခဲ့တယ်လို့သိရပါတယ်။ ဒဏ်ရာက ကြွက်သားထိသွားတာလည်း ဖြစ်နိုင်ပြီး ဘယ်လောက် ကြာအောင် နားရမလဲ ဆိုတာ မသိရသေးပါဘူး။
ထရန့် အလက်ဇန်းဒါး အာနိုး (လီဗာပူး)
လီဗာပူး ညာအစွန်လူ ထရန့်ဟာ နိုင်ငံတကာသီတင်းပတ် မတိုင်ခင် နောက်ဆုံးပွဲဖြစ်တဲ့ အက်စတွန်ဗီလာကို အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာ ရခြင်းဖြစ်ကာ ၃ ပတ် ဝန်းကျင် ဘောလုံးကစားနိုင်မှာ မဟုတ်ပါဘူး။ ၎င်းဟာ အင်္ဂလန် အသင်းအတွက် ရွေးချယ်ခံရပြီးမှ ပြန်နှုတ်ထွက်ခဲ့ရတာပါ။
အီလီယက် အန်ဒါဆန် (နယူးကာဆယ်)
ကွင်းလယ်တိုက်စစ်သမား အန်ဒါဆန် ဟာ ဒဏ်ရာကြောင့် စကော့တလန် အသင်းကနေ နှုတ်ထွက် ပြန်လာရပြီ ဖြစ်ပါတယ်။ နိုင်ငံတကာ သီတင်းပတ် အပြီး ဘရန့်ဖို့ဒ်နဲ့ ပွဲ အမှီ အန်ဒါဆန် ပြန်ကောင်းလာဖို့ကိုတော့ နယူးကာဆယ်က မျှော်လင့်နေပါတယ်။