မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီနွေ ဦးစားပေး ပစ်မှတ် ဖြစ်နေတဲ့ ဒေါ့မွန်ကြယ်ပွင့် ဆန်ချိုအား အလောတကြီး အသင်းမပြောင်းဖို့ လီဗာပူး ကစားသမားဟောင်းကြီး ဒန်နီမာဖီက တိုက်တွန်းလိုက်ပြီး နောက်နှစ်ဆိုရင် ဆန်ချို ကို ကမ်းလှမ်းတဲ့ အသင်းတွေထဲ လီဗာပူး၊ ချယ်ဆီးတို့လည်း ပါဝင်လာနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်ကတော့ ဆန်ချိုကို ဒီနှစ် မရောင်းချတော့ဘူး ယတိပြတ် ပြောဆိုထားပေမယ့် ယူနိုက်တက်ကတော့ လက်လျှော့ခြင်းတော့ မရှိသေးဘဲ့ စောင့်ကြည့် နေဆဲ ဖြစ်ပါတယ်။ မာဖီကတော့ ဆန်ချိုက ဒီနွေမှာ ယူနိုက်တက်ကို ငြင်းရင် နောက်နှစ်မှာ လီဗာပူး ခေါ်တာ ရနိုင်တယ်လို့ ထောက်ပြခဲ့တာ ဖြစ်ပါတယ်။
” ယူနိုက်တက် ကမ်းလှမ်းမှုဆိုတာ က စိတ်ဝင်စားစရာ ဖြစ်နေမှာပါ။ ငယ်ရွယ်ပြီး စိတ်လှုပ်ရှားစရာ အစုအဖွဲ့ ပိုင်ဆိုင်ထားတဲ့ အပြင် ကမ္ဘာ့အကြီးဆုံး ကလပ်အသင်းတွေထဲ ပါတယ်။ ဒါပေမယ့် ဆန်ချိုကို ခေါ်ချင်မယ့် သင့်တော်တဲ့ ကလပ်အသင်းကြီး မရှားပါဘူး။ သူ့ အနေနဲ့လည်း နောက်ထပ် တစ်နှစ်လောက် စောင့်လိုက်ရင် ဘောလုံးကလပ် အသင်းကြီးတွေ ဘဏ္ဍာရေး တည်ငြိမ်လာပြီး သူ့ကို ကမ်းလှမ်းတဲ့ အသင်းတွေ ပိုများလာမှာ ရွေးစရာတွေ ပိုရှိလာမှာပါ။
အဲဒီလို အသင်းတွေထဲ လီဗာပူးလည်း ပါနိုင်တယ်၊ သူ့ ဇာတိက ချယ်ဆီးရော၊ နောက်ပြီး ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့လည်း ပါလာမှာပါ။ ” လို့ ဒန်နီမာဖီက ဒေးလီးမေးလ် မှာ သုံးသပ် ရေးသားခဲ့ပါတယ်။
” ဆန်ချိုက ငယ်ရွယ်ပြီး အများ လေးစားအသိအမှတ်ပြု ခံရတဲ့ ကစားသမား တစ်ယောက်ပါ။ သူ့ ကစားသမားဘဝကို ကြည့်ရင်လည်း သူ့စိတ်နဲ့ သူ ဒုံးဒုံးချ ဆုံးဖြတ်ပြီးရင် ဖြစ်ချင်တာကို ထုတ်ပြောတဲ့သူ ဖြစ်တယ်။ သူက တကယ်ကိုပဲ ယူနိုက်တက်ကို ပြောင်းလာဖို့ ဆုံးဖြတ်ပြီးပြီ ဆိုရင် နှစ်ဘက်အသင်းတွေလည်း သိပြီး ဖြစ်သလို နည်းလမ်းလည်း ရှာဖွေပြီး ဖြစ်မှာပါ။ ” လို့ မာဖီက ထောက်ပြခဲ့ပါတယ်။
ဆန်ချိုဟာ ဒီနွေ အပြောင်းအရွှေ့ မတိုင်ခင်တည်းက ပရီးမီးယားလိဂ် ကလပ်အသင်းကြီးတွေ စိတ်ဝင်စားမှု ပြသခြင်းခံခဲ့ရပြီး ထိုအသင်းတွေထဲ လီဗာပူးနဲ့ ချယ်ဆီးတို့လည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဒေါ့မွန်ရဲ့ မလျှော့တဲ့ ပြောင်းရွှေ့ကြေးနဲ့ တောင်းဆိုမှုတွေကြောင့် ယူနိုက်တက် တစ်သင်းသာ ဆက်လက် ကျန်ရှိနေပြီး ညှိနှိုင်းနေခဲ့တာ ဖြစ်ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ဒီေႏြ ဦးစားေပး ပစ္မွတ္ ျဖစ္ေနတဲ့ ေဒါ့မြန္ၾကယ္ပြင့္ ဆန္ခ်ိဳအား အေလာတၾကီး အသင္းမေျပာင္းဖို႔ လီဗာပူး ကစားသမားေဟာင္းၾကီး ဒန္နီမာဖီက တိုက္တြန္းလိုက္ျပီး ေနာက္နွစ္ဆိုရင္ ဆန္ခ်ိဳ ကို ကမ္းလွမ္းတဲ့ အသင္းေတြထဲ လီဗာပူး၊ ခ်ယ္ဆီးတို႔လည္း ပါ၀င္လာနိုင္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။
ဘြန္ဒစ္လီဂါကလပ္ ေဒါ့မြန္ကေတာ့ ဆန္ခ်ိဳကို ဒီနွစ္ မေရာင္းခ်ေတာ့ဘူး ယတိျပတ္ ေျပာဆိုထားေပမယ့္ ယူနုိက္တက္ကေတာ့ လက္ေလွ်ာ့ျခင္းေတာ့ မရွိေသးဘဲ့ ေစာင့္ၾကည့္ ေနဆဲ ျဖစ္ပါတယ္။ မာဖီကေတာ့ ဆန္ခ်ိဳက ဒီေႏြမွာ ယူနိုက္တက္ကို ျငင္းရင္ ေနာက္နွစ္မွာ လီဗာပူး ေခၚတာ ရနိုင္တယ္လို႔ ေထာက္ျပခဲ့တာ ျဖစ္ပါတယ္။
” ယူနိုက္တက္ ကမ္းလွမ္းမႈဆိုတာ က စိတ္၀င္စားစရာ ျဖစ္ေနမွာပါ။ ငယ္ရြယ္ျပီး စိတ္လႈပ္ရွားစရာ အစုအဖြဲ႕ ပိုင္ဆိုင္ထားတဲ့ အျပင္ ကမၻာ့အၾကီးဆံုး ကလပ္အသင္းေတြထဲ ပါတယ္။ ဒါေပမယ့္ ဆန္ခ်ိဳကို ေခၚခ်င္မယ့္ သင့္ေတာ္တဲ့ ကလပ္အသင္းၾကီး မရွားပါဘူး။ သူ႔ အေနနဲ႕လည္း ေနာက္ထပ္ တစ္နွစ္ေလာက္ ေစာင့္လိုက္ရင္ ေဘာလံုးကလပ္ အသင္းၾကီးေတြ ဘ႑ာေရး တည္ျငိမ္လာျပီး သူ႔ကို ကမ္းလွမ္းတဲ့ အသင္းေတြ ပိုမ်ားလာမွာ ေရြးစရာေတြ ပိုရွိလာမွာပါ။
အဲဒီလို အသင္းေတြထဲ လီဗာပူးလည္း ပါနုိင္တယ္၊ သူ႔ ဇာတိက ခ်ယ္ဆီးေရာ၊ ေနာက္ျပီး ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္တို႔လည္း ပါလာမွာပါ။ ” လို႔ ဒန္နီမာဖီက ေဒးလီးေမးလ္ မွာ သံုးသပ္ ေရးသားခဲ့ပါတယ္။
” ဆန္ခ်ိဳက ငယ္ရြယ္ျပီး အမ်ား ေလးစားအသိအမွတ္ျပဳ ခံရတဲ့ ကစားသမား တစ္ေယာက္ပါ။ သူ႔ ကစားသမားဘ၀ကို ၾကည့္ရင္လည္း သူ႔စိတ္နဲ႕ သူ ဒံုးဒံုးခ် ဆံုးျဖတ္ျပီးရင္ ျဖစ္ခ်င္တာကို ထုတ္ေျပာတဲ့သူ ျဖစ္တယ္။ သူက တကယ္ကိုပဲ ယူနိုက္တက္ကို ေျပာင္းလာဖို႔ ဆံုးျဖတ္ျပီးျပီ ဆိုရင္ နွစ္ဘက္အသင္းေတြလည္း သိျပီး ျဖစ္သလို နည္းလမ္းလည္း ရွာေဖြျပီး ျဖစ္မွာပါ။ ” လို႔ မာဖီက ေထာက္ျပခဲ့ပါတယ္။
ဆန္ခ်ိဳဟာ ဒီေႏြ အေျပာင္းအေရႊ႕ မတိုင္ခင္တည္းက ပရီးမီးယားလိဂ္ ကလပ္အသင္းၾကီးေတြ စိတ္၀င္စားမႈ ျပသျခင္းခံခဲ့ရျပီး ထိုအသင္းေတြထဲ လီဗာပူးနဲ႕ ခ်ယ္ဆီးတို႔လည္း ပါ၀င္ခဲ့ပါတယ္။ ဒါေပမယ့္ ေဒါ့မြန္ရဲ႕ မေလွ်ာ့တဲ့ ေျပာင္းေရႊ႕ေၾကးနဲ႕ ေတာင္းဆိုမႈေတြေၾကာင့္ ယူနိုက္တက္ တစ္သင္းသာ ဆက္လက္ က်န္ရွိေနျပီး ညွိနိႈင္းေနခဲ့တာ ျဖစ္ပါတယ္။