ကီပါနေရာ အတွက် အသက် ၃၇ နှစ်အရွယ် ဝါရင့်ဂိုးသမားကြီးကို ချယ်ဆီး အံ့အားသင့်ဖွယ် ချိန်ရွယ်

အပြောင်းအရွှေ့ ကောလဟာလသတင်း တစ်ပုဒ် အနေနဲ့ ချယ်ဆီးအသင်းဟာ အသက် ၃၇ နှစ် ရှိပြီ ဖြစ်တဲ့ ပရီးမီးယားလိဂ် ဝါရင့် ဂိုးသမားကြီး ဘန်ဖော်စတာကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် ချိန်ရွယ်လာခဲ့ကြောင်း သတင်းထွက်လာပါတယ်။ ကီပါ နေရာအတွက် အရေးပေါ် အစားထိုးနိုင်ရန် ဖော်စတာကို ချယ်ဆီးက မျက်စိကျလာခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။

ဘန်ဖော်စတာဟာ တန်းဆင်းသွားတဲ့ ဝက်ဖို့ဒ်အသင်းမှာ ဂိုးသမား တစ်ဦး ဖြစ်ပြီး အင်္ဂလန်မှာတော့ အတွေ့အကြုံရင့် စိတ်ချရတဲ့ ဂိုးသမား တစ်ဦး ဖြစ်ပါတယ်။ ချယ်ဆီးမှာတော့ အဓိက ဂိုးသမား ကီပါကို နည်းပြ လမ်းပတ်က စိတ်တိုင်း မကျနိုင်တော့ဘဲ ဂိုးသမားသစ် ရှာဖွေနေပြီး လမ်းပတ် အလိုရှိတဲ့ တီကို ဂိုးသမား ဂျန် အော့ဘလက်ကလည်း ကြေးကြီး ပေးရမယ့် ဂိုးသမား ဖြစ်နေတာကြောင့် အခြား နည်းလမ်း ရှာနေပြီ ဖြစ်ပါတယ်။

ဖော်စတာက ချယ်ဆီးမှ အရန်ဂိုးသမားကြီး ကာဘယ်လာရိုထက် တစ်နှစ်သာ ငယ်ရွယ်ပါတယ်။ ၎င်း ကစားသမားဘ၀ တလျောက် ပရီးမီးယားလိဂ်မှာ ပွဲကစားခဲ့တာက ၃၆၄ ပွဲထိ ရှိနေပြီ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ တန်းဆင်းသွားပြီ ဖြစ်တဲ့ ဝက်ဖို့ဒ်ကနေ ဖော်စတာ ကို တကယ်အလိုရှိရင် ဈေးချိုချိုနဲ့ ခေါ်ယူနိုင်ဖွယ် ရှိပါတယ်။

ချယ်ဆီးအသင်းဟာ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ထားရတဲ့ ဂိုးသမား ကီပါကို ရှင်းထုတ်လိုပေမယ့် ၎င်းအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကြောင့် အငှား စေလွှတ်တာမျိုးသာ ဖြစ်နိုင်ခြေ ရှိနေပါတယ်။ စပိန်သားကို မရောင်းချနိုင်ဘဲလည်း တခြား ဂိုးသမား ဈေးကြီးပေးပြီး ခေါ်ယူနိုင်ရန် အခက်တွေ့နေပါတယ်။

အက်သလက်တီကို မက်ဒရစ် ဂိုးသမား အော့ဘလက် အတွက် စာချုပ် ဖျက်သိမ်းကြေးက ပေါင် သန်း ၁၁၀ ရှိနေတာကြောင့် အေဂျက် ဂိုးသမား အိုနာနာနဲ့ ဘန်လေးမှ နစ်ပုတ်တို့ကိုလည်း စောင့်ကြည့်နေပါတယ်။ ဒါပေမယ့် ဖော်စတာကတော့ ဈေးအချိုဆုံး အနေအထားနဲ့ ရရှိနိုင်မယ့် ဂိုးသမား ဖြစ်ပါတယ်။

Zawgyi – အေျပာင္းအေရႊ႕ ေကာလဟာလသတင္း တစ္ပုဒ္ အေနနဲ႕ ခ်ယ္ဆီးအသင္းဟာ အသက္ ၃၇ နွစ္ ရွိျပီ ျဖစ္တဲ့ ပရီးမီးယားလိဂ္ ၀ါရင့္ ဂိုးသမားၾကီး ဘန္ေဖာ္စတာကို ေခၚယူဖို႔ အံ့အားသင့္ဖြယ္ ခ်ိန္ရြယ္လာခဲ့ေၾကာင္း သတင္းထြက္လာပါတယ္။ ကီပါ ေနရာအတြက္ အေရးေပၚ အစားထိုးနုိင္ရန္ ေဖာ္စတာကို ခ်ယ္ဆီးက မ်က္စိက်လာခဲ့တာလို႔ သတင္းေတြက ဆိုပါတယ္။

ဘန္ေဖာ္စတာဟာ တန္းဆင္းသြားတဲ့ ၀က္ဖို႔ဒ္အသင္းမွာ ဂိုးသမား တစ္ဦး ျဖစ္ျပီး အဂၤလန္မွာေတာ့ အေတြ႔အၾကံဳရင့္ စိတ္ခ်ရတဲ့ ဂိုးသမား တစ္ဦး ျဖစ္ပါတယ္။ ခ်ယ္ဆီးမွာေတာ့ အဓိက ဂိုးသမား ကီပါကို နည္းျပ လမ္းပတ္က စိတ္တိုင္း မက်နုိင္ေတာ့ဘဲ ဂိုးသမားသစ္ ရွာေဖြေနျပီး လမ္းပတ္ အလိုရွိတဲ့ တီကို ဂိုးသမား ဂ်န္ ေအာ့ဘလက္ကလည္း ေၾကးၾကီး ေပးရမယ့္ ဂိုးသမား ျဖစ္ေနတာေၾကာင့္ အျခား နည္းလမ္း ရွာေနျပီ ျဖစ္ပါတယ္။

ေဖာ္စတာက ခ်ယ္ဆီးမွ အရန္ဂိုးသမားၾကီး ကာဘယ္လာရိုထက္ တစ္နွစ္သာ ငယ္ရြယ္ပါတယ္။ ၄င္း ကစားသမားဘ၀ တေလ်ာက္ ပရီးမီးယားလိဂ္မွာ ပြဲကစားခဲ့တာက ၃၆၄ ပြဲထိ ရွိေနျပီ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ တန္းဆင္းသြားျပီ ျဖစ္တဲ့ ၀က္ဖို႔ဒ္ကေန ေဖာ္စတာ ကို တကယ္အလိုရွိရင္ ေစ်းခ်ိဳခ်ိဳနဲ႕ ေခၚယူနိုင္ဖြယ္ ရွိပါတယ္။

ခ်ယ္ဆီးအသင္းဟာ စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးနဲ႕ ေခၚထားရတဲ့ ဂိုးသမား ကီပါကို ရွင္းထုတ္လိုေပမယ့္ ၄င္းအတြက္ ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကးေၾကာင့္ အငွား ေစလႊတ္တာမ်ိဳးသာ ျဖစ္နိုင္ေျခ ရွိေနပါတယ္။ စပိန္သားကို မေရာင္းခ်နုိင္ဘဲလည္း တျခား ဂိုးသမား ေစ်းၾကီးေပးျပီး ေခၚယူနုိင္ရန္ အခက္ေတြ႔ေနပါတယ္။

အက္သလက္တီကို မက္ဒရစ္ ဂိုးသမား ေအာ့ဘလက္ အတြက္ စာခ်ဳပ္ ဖ်က္သိမ္းေၾကးက ေပါင္ သန္း ၁၁၀ ရွိေနတာေၾကာင့္ ေအဂ်က္ ဂိုးသမား အိုနာနာနဲ႕ ဘန္ေလးမွ နစ္ပုတ္တို႔ကိုလည္း ေစာင့္ၾကည့္ေနပါတယ္။ ဒါေပမယ့္ ေဖာ္စတာကေတာ့ ေစ်းအခ်ိဳဆံုး အေနအထားနဲ႕ ရရွိနိုင္မယ့္ ဂိုးသမား ျဖစ္ပါတယ္။