ဆီဗီလာဘက် ဂိုးပေးလိုက်ရအပြီး လင်ဒီလော့ဖ်နဲ့ စကားများခဲ့တဲ့ အကြောင်း ဖာနန်ဒက်စ် ဖွင့်ဟ

မန်ချက်စတာ ယူနိုက်တက်ဟာ ညက ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ ဆီဗီလာကို ၂-၁ နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ယူနိုက်တက်ကို အလဲထိုးသွားတဲ့ အနိုင်ဂိုး ဆီဗီလာ သွင်းအပြီးမှာ ယူနိုက်တက် ခံစစ်မှူး လင်ဒီလော့ဖ်နဲ့ ကွင်းလယ် ဖာနန်ဒက်စ်တို့ ကွင်းထဲမှာ အပြန်အလှန် ပြောဆို ပေါက်ကွဲနေတာကို မြင်ခဲ့ကြရပါတယ်။

ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်းမှာတင် ဆူဆိုရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ဆီဗီလာရဲ့ ကြံ့ကြံ့ခံ ကစားကွက်ကနေ ၇၈ မိနစ်မှာ ဒီဂျောင်က သက်တောင့်သက်သာ သွင်းယူသွားခဲ့ပါတယ်။ ဒီဂျောင်ရဲ့ သွင်းဂိုးကို ယူနိုက်တက်တို့ မချေပနိုင်တော့တာကြောင့် အရှုံးရလဒ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ယူနိုက်တက် ကွင်းလယ် ဘရူနို ဖာနန်ဒက်စ်ကတော့ ကွင်းထဲမှာ လင်ဒီလော့ဖ်နဲ့ စကားများခဲ့တာက ပွဲအရှိန်ကောင်းနေတုန်း ဖြစ်တတ်တဲ့ သဘောပါလို့ ပွဲအပြီးမှာ ဖြေရှင်းခဲ့ပါတယ်။

” ဒါက ဂိုးပေးလိုက်ရရင် ဖြစ်တတ်တဲ့ သဘောပါ။ ကျနော့်ကြောင့်ရယ် ဗစ်တာ (လင်ဒီလော့ဖ်) အကြောင်းရယ်လို့ မဟုတ်ဘူး။ ကျနော်တို့ နှစ်ယောက် ကွင်းထဲမှာ ဖြစ်ခဲ့တာ သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုပါပဲ။ ဘောလုံးမှာက ဒါမျိုး အများကြီး မြင်ရမှာပါ။ ကျနော်တို့က အားလုံး အမှားတွေ လုပ်တာကို မြင်တတ်မှ အဲဒီကနေ တိုးတက်လာမှာပါ။ ” လို့ ဖာနန်ဒက်စ်က ပြောဆိုခဲ့ပါတယ်။

ဆိုးရှားရဲ့ ယူနိုက်တက်ဟာ နောက်ဆုံး ကစားထားတဲ့ ယူရိုပါလိဂ် နှစ်ပွဲမှာ ဂိုးပေါက်ကန်ချက် ၄၆ ကြိမ်ထိ ရှိထားပေမယ့် နှစ်ပွဲလုံးမှာ ရခဲ့တဲ့ ဂိုးတွေက ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီ သွင်းဂိုးတွေသာ ဖြစ်နေတာကြောင့် တိုက်စစ်မှာလည်း လိုအပ်ချက်တွေ ရှိနေတာ သိသာစေခဲ့ပါတယ်။

” ပွဲကို ကောင်းကောင်း စတင်နိုင်ခဲ့တယ် ကောင်းစွာ ကစားနိုင်ခဲ့တယ်။ အခွင့်အရေးတွေလည်း အများကြီး ဖန်တီးခဲ့တယ်။ ဒါပေမယ့် ဘောလုံးမှာ တခါတလေ မလုံလောက်ပါဘူး။ ကျနော်တို့ ဂိုးရှေ့မှာ အများကြီး လွဲချော်ခဲ့တယ်။ ဒါကို ကျေနပ်မှု မရှိပါဘူး ကျော်လည်း ကျော်ဖြတ်ချင်တယ်။ အခုကတော့ အနားယူပြီး လန်းဆောင်းအောင် လုပ်ရမှာပါ။ သူတို့ ဂိုးသမားလည်း သိပ်ကောင်းပါတယ်။ ဒါပေမယ့် ကျနော်တို့ ရှိတဲ့ အရည်အသွေးတွေနဲ့ ဆို ဂိုးသွင်းနိုင်ခဲ့သင့်တယ်။ ” လို့လည်း ဖာနန်ဒက်စ်က ဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ဟာ ညက ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္ပြဲမွာ ဆီဗီလာကို ၂-၁ နဲ႕ အေရးနိမ့္ျပီး ျပိဳင္ပြဲက ထြက္ခြာခဲ့ရျပီ ျဖစ္ပါတယ္။ အဲဒီပြဲမွာ ယူနုိက္တက္ကို အလဲထိုးသြားတဲ့ အနုိင္ဂိုး ဆီဗီလာ သြင္းအျပီးမွာ ယူနုိက္တက္ ခံစစ္မွဴး လင္ဒီေလာ့ဖ္နဲ႕ ကြင္းလယ္ ဖာနန္္ဒက္စ္တို႔ ကြင္းထဲမွာ အျပန္အလွန္ ေျပာဆို ေပါက္ကြဲေနတာကို ျမင္ခဲ့ၾကရပါတယ္။

ယူနိုက္တက္ဟာ ဖာနန္ဒက္စ္ရဲ႕ ပင္နယ္တီ သြင္းဂိုးနဲ႕ ဦးေဆာင္နုိင္ခဲ့ေပမယ့္ ပထမပိုုင္းမွာတင္ ဆူဆိုရဲ႕ ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရပါတယ္။ ဒုတိယပိုင္းမွာ ဆီဗီလာရဲ႕ ၾကံ႕ၾကံ႕ခံ ကစားကြက္ကေန ၇၈ မိနစ္မွာ ဒီေဂ်ာင္က သက္ေတာင့္သက္သာ သြင္းယူသြားခဲ့ပါတယ္။ ဒီေဂ်ာင္ရဲ႕ သြင္းဂိုးကို ယူနုိက္တက္တို႔ မေခ်ပနုိင္ေတာ့တာေၾကာင့္ အရွံဳးရလဒ္နဲ႕ ၾကံဳေတြ႔ခဲ့ရပါတယ္။

ယူနုိက္တက္ ကြင္းလယ္ ဘရူနို ဖာနန္ဒက္စ္ကေတာ့ ကြင္းထဲမွာ လင္ဒီေလာ့ဖ္နဲ႕ စကားမ်ားခဲ့တာက ပြဲအရွိန္ေကာင္းေနတုန္း ျဖစ္တတ္တဲ့ သေဘာပါလို႔ ပြဲအျပီးမွာ ေျဖရွင္းခဲ့ပါတယ္။

” ဒါက ဂိုးေပးလိုက္ရရင္ ျဖစ္တတ္တဲ့ သေဘာပါ။ က်ေနာ့္ေၾကာင့္ရယ္ ဗစ္တာ (လင္ဒီေလာ့ဖ္) အေၾကာင္းရယ္လို႔ မဟုတ္ဘူး။ က်ေနာ္တို႔ နွစ္ေယာက္ ကြင္းထဲမွာ ျဖစ္ခဲ့တာ သာမန္ ျဖစ္ရိုးျဖစ္စဥ္ တစ္ခုပါပဲ။ ေဘာလံုးမွာက ဒါမ်ိဳး အမ်ားၾကီး ျမင္ရမွာပါ။ က်ေနာ္တို႔က အားလံုး အမွားေတြ လုပ္တာကို ျမင္တတ္မွ အဲဒီကေန တိုးတက္လာမွာပါ။ ” လို႔ ဖာနန္ဒက္စ္က ေျပာဆိုခဲ့ပါတယ္။

ဆိုးရွားရဲ႕ ယူနိုက္တက္ဟာ ေနာက္ဆံုး ကစားထားတဲ့ ယူရိုပါလိဂ္ နွစ္ပြဲမွာ ဂိုးေပါက္ကန္ခ်က္ ၄၆ ၾကိမ္ထိ ရွိထားေပမယ့္ နွစ္ပြဲလံုးမွာ ရခဲ့တဲ့ ဂိုးေတြက ဖာနန္ဒက္စ္ရဲ႕ ပင္နယ္တီ သြင္းဂိုးေတြသာ ျဖစ္ေနတာေၾကာင့္ တိုက္စစ္မွာလည္း လိုအပ္ခ်က္ေတြ ရွိေနတာ သိသာေစခဲ့ပါတယ္။

” ပြဲကို ေကာင္းေကာင္း စတင္နုိင္ခဲ့တယ္ ေကာင္းစြာ ကစားနုိင္ခဲ့တယ္။ အခြင့္အေရးေတြလည္း အမ်ားၾကီး ဖန္တီးခဲ့တယ္။ ဒါေပမယ့္ ေဘာလံုးမွာ တခါတေလ မလံုေလာက္ပါဘူး။ က်ေနာ္တို႔ ဂိုးေရွ႕မွာ အမ်ားၾကီး လြဲေခ်ာ္ခဲ့တယ္။ ဒါကို ေက်နပ္မႈ မရွိပါဘူး ေက်ာ္လည္း ေက်ာ္ျဖတ္ခ်င္တယ္။ အခုကေတာ့ အနားယူျပီး လန္းေဆာင္းေအာင္ လုပ္ရမွာပါ။ သူတို႔ ဂိုးသမားလည္း သိပ္ေကာင္းပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔ ရွိတဲ့ အရည္အေသြးေတြနဲ႕ ဆို ဂိုးသြင္းနုိင္ခဲ့သင့္တယ္။ ” လို႔လည္း ဖာနန္ဒက္စ္က ဆိုခဲ့ပါတယ္။