ယနေ့ နောက်ဆုံးရ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းတိုများ (17/08/20)

ဆီဗီလာကို ရှုံးတဲ့ပွဲမှာ ယူနိုက်တက် ခံစစ်ကြောင်းရဲ့ လိုအပ်ချက်ကို သိသာစေခဲ့ပြီလို့ မန်ချက်စတာ အခြေစိုက် MEN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ရှော မကစားနိုင်တဲ့ ဘယ်ခြမ်းမှာ ဝီလီယံ ဝင်ကစားပေမယ့် အသင်းအတွက် အားနည်းချက် ဖြစ်ခဲ့ပြီး မက်ဂွဲရားနဲ့ တွဲဖက်ဖို့လည်း ဒေါင်ဒေါင်မြည် ဗဟိုခံစစ်မှူး တစ်ဦးလိုအပ်နေတာကြောင့် ရေတို ဖြေရှင်းနည်း အနေနဲ့ စမောလင်းကို နေရာ ပေးသင့်ကြောင်းပါ MEN က တိုက်တွန်းခဲ့ပါတယ်။

ယူရိုပါလိဂ်ကနေ မန်ချက်စတာ ယူနိုက်တက် ထွက်ခွာခဲ့ရပေမယ့် ဒီရာသီ ဥရောပပွဲအားလုံးနီးပါး ဝင်ကစားခဲ့တဲ့ ယူနိုက်တက် ဂိုးသမား ရိုမဲရိုးကတော့ ပေးဂိုးမရှိ ကလင်းရှိ ပွဲ အများဆုံး အနေနဲ့ ၇ ပွဲ ရှိထားတာကြောင့် ရွှေလက်အိတ်ဆု လက်ခံရရှိဦးမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဂျက် ဂရေးလစ်ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုက အေးစက်သွားခဲ့ပြီလို့ မန်ချက်စတာ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

မန်ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားကတော့ ဆီဗီလာနဲ့ ဆီမီးဖိုင်နယ် ရှုံးပွဲ အပေါ် မကျေမချမ်း ဖြစ်နေပြီး အကောင်းဆုံးအသင်း ရှုံးနိမ့်ခဲ့ရတယ်လို့ ပွဲအပြီးမှာ ညည်းတွားခဲ့ပါတယ်။

ဆီဗီလာဘက် ဒုတိယဂိုးပေးလိုက်ရပြီးနောက် လင်ဒီလော့ဖ်နဲ့ ကွင်းထဲမှာ အချင်းများခဲ့တဲ့ ဖြစ်ရပ်ဟာ ဂိုးပေးလိုက်ရရင် ဖြစ်တတ်တဲ့ ပေါက်ကွဲမှုမျိုးသာ ဖြစ်ကြောင်း ဘရူနို ဖာနန်ဒက်စ်က ကွင်းထဲက အဖြစ်ကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ဂန္တဝင် ကွင်းလယ် ပေါစခိုးလ်က ညကပွဲ အနေအထားမျိုးမှာ ဆန်ချိုသာ ရှိရင် ဖန်တီး ထိုးဖောက်မှုတွေနဲ့ ယူနိုက်တက် သွင်းဂိုးတွေ ရဦးမှာ ဖြစ်တယ်လို့ ဆိုလိုက်ပြီး နောက်ရာသီ မဖြစ်မနေ ယူနိုက်တက် ခေါ်ယူရမှာက လင်ဒီလော့ဖ် နေရာ ဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။

နည်းပြ ဆိုးရှားကတော့ ယူနိုက်တက် အသင်းသားတွေရဲ့ မရင့်ကျက်မှုနဲ့ အဆုံးသတ် ညံ့ဖျင်းမှုကို စိတ်ပျက်နေပြီး ငွေအင်အားသုံးကာ ကစားသမားကောင်းတွေ ဖြည့်ဆည်းဖို့ လုပ်ရဦးမယ်လို့ ထပ်မံ ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်နဲ့ အပြိုင် ယူနိုက်တက် စိတ်ဝင်စားဟန် ပြသဖူးတဲ့ လိုင်လီ ခံစစ်မှူး ဘရာဇီးသား ဂါဘရီရယ် မက်ဂါးလက်စ်ဟာ လန်ဒန်ကလပ် အာဆင်နယ်အသင်းထံပဲ ရောက်ရှိဖို့ များနေပြီလို့ သိရပါတယ်။

Zawgyi – ဆီဗီလာကို ရွံဳးတဲ့ပြဲမွာ ယူနုိက္တက္ ခံစစ္ေၾကာင္းရဲ႕ လိုအပ္ခ်က္ကို သိသာေစခဲ့ျပီလို႔ မန္ခ်က္စတာ အေျခစိုက္ MEN သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ ေရွာ မကစားနုိင္တဲ့ ဘယ္ျခမ္း္မွာ ၀ီလီယံ ၀င္ကစားေပမယ့္ အသင္းအတြက္ အားနည္းခ်က္ ျဖစ္ခဲ့ျပီး မက္ဂြဲရားနဲ႕ တြဲဖက္ဖို႔လည္း ေဒါင္ေဒါင္ျမည္ ဗဟိုခံစစ္မွဴး တစ္ဦးလိုအပ္ေနတာေၾကာင့္ ေရတို ေျဖရွင္းနည္း အေနနဲ႕ စေမာလင္းကို ေနရာ ေပးသင့္ေၾကာင္းပါ MEN က တိုက္တြန္းခဲ့ပါတယ္။

အာဆင္နယ္နဲ႕ အျပိဳင္ ယူနုိက္တက္ စိတ္၀င္စားဟန္ ျပသဖူးတဲ့ လိုင္လီ ခံစစ္မွဴး ဘရာဇီးသား ဂါဘရီရယ္ မက္ဂါးလက္စ္ဟာ လန္ဒန္ကလပ္ အာဆင္နယ္အသင္းထံပဲ ေရာက္ရွိဖို႔ မ်ားေနျပီလို႔ သိရပါတယ္။

ယူရိုပါလိဂ္ကေန မန္ခ်က္စတာ ယူနုိက္တက္ ထြက္ခြာခဲ့ရေပမယ့္ ဒီရာသီ ဥေရာပပြဲအားလံုးနီးပါး ၀င္ကစားခဲ့တဲ့ ယူနုိက္တက္ ဂိုးသမား ရိုမဲရိုးကေတာ့ ေပးဂိုးမရွိ ကလင္းရွိ ပြဲ အမ်ားဆံုး အေနနဲ႕ ၇ ပြဲ ရွိထားတာေၾကာင့္ ေရႊလက္အိတ္ဆု လက္ခံရရွိဦးမွာ ျဖစ္ပါတယ္။

မန္ယူနုိုက္တက္ အသင္းေခါငး္ေဆာင္ မက္ဂြဲရားကေတာ့ ဆီဗီလာနဲ႕ ဆီမီးဖိုင္နယ္ ရွံဳးပြဲ အေပၚ မေက်မခ်မ္း ျဖစ္ေနျပီး အေကာင္းဆံုးအသင္း ရွံဳးနိမ့္ခဲ့ရတယ္လို႔ ပြဲအျပီးမွာ ညည္းတြားခဲ့ပါတယ္။

ဆီဗီလာဘက္ ဒုတိယဂိုးေပးလိုက္ရျပီးေနာက္ လင္ဒီေလာ့ဖ္နဲ႕ ကြင္းထဲမွာ အခ်င္းမ်ားခဲ့တဲ့ ျဖစ္ရပ္ဟာ ဂိုးေပးလိုက္ရရင္ ျဖစ္တတ္တဲ့ ေပါက္ကြဲမႈမ်ိဳးသာ ျဖစ္ေၾကာင္း ဘရူနို ဖာနန္ဒက္စ္က ကြင္းထဲက အျဖစ္ကို ရွင္းလင္းေျပာဆုိုခဲ့ပါတယ္။

ယူနိုက္တက္ ဂႏၱ၀င္ ကြင္းလယ္ ေပါစခိုးလ္က ညကပြဲ အေနအထားမ်ိဳးမွာ ဆန္ခ်ိဳသာ ရွိရင္ ဖန္တီး ထိုးေဖာက္မႈေတြနဲ႕ ယူနုိက္တက္ သြင္းဂိုးေတြ ရဦးမွာ ျဖစ္တယ္လို႔ ဆိုလိုက္ျပီး ေနာက္ရာသီ မျဖစ္မေန ယူနုိက္တက္ ေခၚယူရမွာက လင္ဒီေလာ့ဖ္ ေနရာ ျဖစ္တယ္လို႔ သတိေပးလိုက္ပါတယ္။

နည္းျပ ဆိုးရွားကေတာ့ ယူနုိက္တက္ အသင္းသားေတြရဲ႕ မရင့္က်က္မႈနဲ႕ အဆံုးသတ္ ညံ့ဖ်င္းမႈကို စိတ္ပ်က္ေနျပီး ေငြအင္အားသံုးကာ ကစားသမားေကာင္းေတြ ျဖည့္ဆည္းဖို႔ လုပ္ရဦးမယ္လို႔ ထပ္မံ ေျပာဆိုသြားခဲ့ပါတယ္။

ယူနုိက္တက္ဟာ အက္စတြန္ဗီလာ အသင္းေခါင္းေဆာင္ ကြင္းလယ္ကစားသမား ဂ်က္ ဂေရးလစ္ခ်္ကို ေခၚယူဖို႔ စိတ္၀င္စားမႈက ေအးစက္သြားခဲ့ျပီလို႔ မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနေတြက ဆိုပါတယ္။