ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဖြစ်တဲ့ ဘယ်လ်ဂျီယံသား တိုက်စစ်မှူး လူကာကူဟာ လက်ရှိမှာ အင်တာမီလန်အသင်းနဲ့ အတူ ခြေစွမ်းပြကာ ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်သွားခဲ့ပြီ ဖြစ်ပါတယ်။
လူကာကူရဲ့ အသင်းဟောင်း ယူနိုက်တက်ကတော့ ဆီမီးဖိုင်နယ်မှာ ဆီဗီလာ ကို မကျော်နိုင်ခဲ့တာကြောင့် စောစောပဲ အိမ်ပြန်ခဲ့ရပြီ ဖြစ်ပြီး လူကာကူက ညက နိုင်ပွဲ အပြီးမှာ ယူနိုက်တက်နဲ့ ပတ်သတ်ပြီး မှတ်ချက်စကား ဆိုခဲ့ပါတယ်။
လူကာကူကတော့ ယူနိုက်တက်ဟာ ဗိုလ်လုပွဲနဲ့ လွဲပြီး ပြိုင်ပွဲကနေ စောစော ထွက်ခွာခဲ့ရပေမယ့် နောက်ဘောလုံးရာသီမှာ အရမ်း ကောင်းလာလိမ့်မယ်လို့ ယူဆကြောင်း ဆိုခဲ့ပါတယ်။ သူ့ရဲ့ အသင်းဖော်ဟောင်းတွေဟာ ပုံစံကောင်းတွေနဲ့ ပိုပြီး ကောင်းလာဦးမယ်လို့ လူကာကူက ယုံကြည်နေပါတယ်။
” ယူနိုက်တက်က အားကုန် ထုတ် ကြိုးစားခဲ့ပါတယ်။ သူတို့က တကယ့် ဘောလုံးရာသီကောင်းလည်း ပိုင်ဆိုင်ခဲ့တယ်။ အိုလေက တကယ့် အလုပ်ကောင်း လုပ်ခဲ့တာပါ။ ကစားသမားတွေလည်း သိပ်ကောင်းခဲ့တယ်။ ဂရင်းဝုဒ်ဆို ပိုပြီး ကောင်းလာဦးမှာ။ မာရှယ်နဲ့ ရက်ဖို့ဒ်ရောပဲ။ ကျနော်က အဲဒီလို မျှော်လင့်ထားတယ်။ သူတို့ လုပ်ပြနိုင်ခဲ့တာတွေ အတွက်လည်း ပျော်ရွှင်ရပါတယ်။ နောက်ရာသီ အတွက် အခြေအနေ ကောင်းမှာပါ။ ဒီအတွက် သံသယ မရှိပါဘူး။ ” လို့ လူကာကူက ပြောဆိုခဲ့ပါတယ်။
လူကာကူဟာ ယူနိုက်တက်မှာ အခွင့်အရေးတွေ ထပ်မရတော့ဘဲ ထွက်ခွာခဲ့တာ ဖြစ်တာကြောင့် ဗိုလ်လုပွဲမှာ ယူနိုက်တက်နဲ့ ပြန်တွေ့ရင် ပွဲကြီးပွဲကောင်းလို့ ဘောလုံး ပရိသတ်တွေက မျှော်လင့်ခဲ့ပေမယ့် မန်ချက်စတာကလပ်က ဖြည့်ဆည်း မပေးနိုင်ခဲ့ပါဘူး။
လူကာကူရဲ့ အင်တာမီလန်ကတော့ ညက ရှက်တာဒိုးနက်နဲ့ ဆီမီးဖိုင်နယ်ပွဲမှာ ၅-၀ နဲ့ ဂိုးပြတ် အနိုင်ယူပြီ ဖြစ်ပြီး ဗိုလ်လုပွဲမှာ ဆီဗီလာ အသင်းနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။
Zawgyi – ယူနုိက္တက္ တိုက္စစ္မွဴးေဟာင္း ျဖစ္တဲ့ ဘယ္လ္ဂ်ီယံသား တိုက္စစ္မွဴး လူကာကူဟာ လက္ရွိမွာ အင္တာမီလန္အသင္းနဲ႕ အတူ ေျခစြမ္းျပကာ ယူရိုပါလိဂ္ ဗိုလ္လုပြဲ တက္သြားခဲ့ျပီ ျဖစ္ပါတယ္။
လူကာကူရဲ႕ အသင္းေဟာငး္ ယူနုိက္တက္ကေတာ့ ဆီမီးဖိုင္နယ္မွာ ဆီဗီလာ ကို မေက်ာ္နုိင္ခဲ့တာေၾကာင့္ ေစာေစာပဲ အိမ္ျပန္ခဲ့ရျပီ ျဖစ္ျပီး လူကာကူက ညက နိုင္ပြဲ အျပီးမွာ ယူနုိက္တက္နဲ႕ ပတ္သတ္ျပီး မွတ္ခ်က္စကား ဆိုခဲ့ပါတယ္။
လူကာကူကေတာ့ ယူနိုက္တက္ဟာ ဗိုလ္လုပြဲနဲ႕ လြဲျပီး ျပိဳင္ပြဲကေန ေစာေစာ ထြက္ခြာခဲ့ရေပမယ့္ ေနာက္ေဘာလံုးရာသီမွာ အရမ္း ေကာင္းလာလိမ့္မယ္လို႔ ယူဆေၾကာင္း ဆိုခဲ့ပါတယ္။ သူ႔ရဲ႕ အသင္းေဖာ္ေဟာငး္ေတြဟာ ပုံစံေကာင္းေတြနဲ႕ ပိုျပီး ေကာင္းလာဦးမယ္လို႔ လူကာကူက ယံုၾကည္ေနပါတယ္။
” ယူနိုက္တက္က အားကုန္ ထုတ္ ၾကိဳးစားခဲ့ပါတယ္။ သူတို႔က တကယ့္ ေဘာလံုးရာသီေကာင္းလည္း ပိုင္ဆိုင္ခဲ့တယ္။ အိုေလက တကယ့္ အလုပ္ေကာင္း လုပ္ခဲ့တာပါ။ ကစားသမားေတြလည္း သိပ္ေကာင္းခဲ့တယ္။ ဂရင္း၀ုဒ္ဆို ပိုျပီး ေကာင္းလာဦးမွာ။ မာရွယ္နဲ႕ ရက္ဖို႔ဒ္ေရာပဲ။ က်ေနာ္က အဲဒီလို ေမွ်ာ္လင့္ထားတယ္။ သူတို႔ လုပ္ျပနိုင္ခဲ့တာေတြ အတြက္လည္း ေပ်ာ္ရႊင္ရပါတယ္။ ေနာက္ရာသီ အတြက္ အေျခအေန ေကာင္းမွာပါ။ ဒီအတြက္ သံသယ မရွိပါဘူး။ ” လို႔ လူကာကူက ေျပာဆိုခဲ့ပါတယ္။
လူကာကူဟာ ယူနိုက္တက္မွာ အခြင့္အေရးေတြ ထပ္မရေတာ့ဘဲ ထြက္ခြာခဲ့တာ ျဖစ္တာေၾကာင့္ ဗိုလ္လုပြဲမွာ ယူနိုက္တက္နဲ႕ ျပန္ေတြ႔ရင္ ပြဲၾကီးပြဲေကာင္းလို႔ ေဘာလံုး ပရိသတ္ေတြက ေမွ်ာ္လင့္ခဲ့ေပမယ့္ မန္ခ်က္စတာကလပ္က ျဖည့္ဆည္း မေပးနိုင္ခဲ့ပါဘူး။
လူကာကူရဲ႕ အင္တာမီလန္ကေတာ့ ညက ရွက္တာဒိုးနက္နဲ႕ ဆီမီးဖိုင္နယ္ပြဲမွာ ၅-၀ နဲ႕ ဂိုးျပတ္ အနိုင္ယူျပီ ျဖစ္ျပီး ဗိုလ္လုပြဲမွာ ဆီဗီလာ အသင္းနဲ႕ ရင္ဆိုင္ ယွဥ္ျပိဳင္ရေတာ့မွာ ျဖစ္ပါတယ္။