ဒမ်ဘီလီ ကို ခေါ်ချင်နေတဲ့ ယူနိုက်တက် အပေါ် ဘာစီလိုနာအသင်း ဥက္ကဌ ဘာတိုမြူ တုန့်ပြန်

ယူနိုက်တက်ဟာ ဆန်ချို ကို ခေါ်ယူနိုင်ဖို့ မရေရာတော့တာကြောင့် အစားထိုး ပစ်မှတ် အဖြစ် ဘာစီလိုနာ တိုက်စစ်ကြယ်ပွင့် ဒမ်ဘီလီကို ခေါ်ယူလိုလာသော်လည်း ဘာစီလိုနာက ယူနိုက်တက်ရဲ့ ရည်မှန်းချက်တွေကို အဆုံးသတ်ပေးလိုက်ပါတယ်။ ပြင်သစ်သားကို ဘယ်သူမှ ထိလို့ မရဘူးလို့ ဘာစီလိုနာ ဥက္ကဌ ဘာတိုမြူက အသိပေးလာခဲ့ပါတယ်။

အင်္ဂလန်သား ဒေါ့မွန် တောင်ပံတိုက်စစ်သမား ဆန်ချို ကိုသာ ယူနိုက်တက် အဓိက အလိုရှိတာ ဖြစ်ပေမယ့် ဂျာမန်ကလပ် တောင်းဆိုနေတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၀၈ သန်းကို ညှိနှိုင်းလို့ မရနိုင်ဘဲ ဒေါ့မွန်ဘက်က ယတိပြတ် ဖျက်ခဲ့တာကြောင့် ယူနိုက်တက်ဟာ တခြား ခေါ်ယူနိုင်မယ့် တိုက်စစ်သမားတွေ ဆက်လက် ရှာဖွေနေပါတယ်။

ဘာစီလိုနာရဲ့ အသက် ၂၃ နှစ် အရွယ် တိုက်စစ်သမား ဒမ်ဘီဘလီဟာ ဒေါ့မွန်ကနေ် ၂၀၁၇ မှာ ပြောင်းလာတည်းက ရုန်းကန်နေရပေမယ့် ထူးချွန်တဲ့ ခြေစွမ်းတွေနဲ့ ပါရမီရှင် တစ်ဦးအဖြစ် လေးစားခံရသူဖြစ်ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်ကနေ အရှက်တကွဲ ထွက်ခွာလာရပြီးနောက် ဘာစီလိုနာက တစ်သင်းလုံးနီးပါးကို ရောင်းထုတ်သွားဖို့ အလိုရှိနေသော်လည်း ဒမ်ဘီလီကို မရောင်းဘူးလို့ ဘာတိုမြူက ဆိုလာခဲ့တာပါ။

ဘာစီလိုနာ ကစားသမားတွေထဲ ပီကေး၊ ဗီဒယ်၊ အယ်လ်ဘာ၊ လူးဝစ် ဆွာရက်စ်၊ ကော်တင်ညို စတဲ့ ကစားသမားတွေကတော့ သေချာပေါက် ရောင်းထုတ် ခံရဖွယ် ရှိနေပါတယ်။

ဒါပေမယ့် အသင်းမှာ ဆက်ထိန်းထားမယ့် အနည်းငယ်သော အသင်းသားတွေထဲ ဒမ်ဘီလီတော့ ပါဝင်ကြောင်း လတ်တလော အင်တာဗျူးမှာ ဘာစီလိုနာ ဥက္ကဌက ပြောဆိုခဲ့ပါတယ်။

ဒီနွေမှာ ဘယ်ကစားသမားတွေက ပြောင်းရွှေ့ခွင့် မပေးနိုင်ဘူးလဲ လို့ မေးခွန်းထုတ်ခံရရာမှာ ဘာတိုမြူက – ” မက်ဆီနဲ့ တခြား ကစားသမားတွေပေါ့။ အသင်းမှာ လူငယ်ကစားသမားတွေ အများကြီး ရှိတယ်။ တာစတီဂျန်၊ လန်လတ်၊ ဒီဂျောင်၊ ဆီမီဒို၊ ဒမ်ဘီလီနဲ့ ဂရစ်စမန်း။ ဒီကစားသမားတွေကို ကျနော်တို့ အားထားတယ်။ နောက်နှစ်များစွာထိ ဘာကာမှာ ဆက်ရှိနေရမှာပါ။ ” လို့ တုန့်ပြန် ဖြေကြားခဲ့ပါတယ်။

Zawgyi – ယူနုိက္တက္ဟာ ဆန္ခ်ိဳ ကို ေခၚယူနိုင္ဖို႔ မေရရာေတာ့တာေၾကာင့္ အစားထိုး ပစ္မွတ္ အျဖစ္ ဘာစီလိုနာ တိုက္စစ္ၾကယ္ပြင့္ ဒမ္ဘီလီကို ေခၚယူလိုလာေသာ္လည္း ဘာစီလိုနာက ယူနိုက္တက္ရဲ႕ ရည္မွန္းခ်က္ေတြကို အဆံုးသတ္ေပးလိုက္ပါတယ္။ ျပင္သစ္သားကို ဘယ္သူမွ ထိလို႔ မရဘူးလို႔ ဘာစီလိုနာ ဥကၠဌ ဘာတိုျမဴက အသိေပးလာခဲ့ပါတယ္။

အဂၤလန္သား ေဒါ့မြန္ ေတာင္ပံတိုက္စစ္သမား ဆန္ခ်ိဳ ကိုသာ ယူနုိက္တက္ အဓိက အလိုရွိတာ ျဖစ္ေပမယ့္ ဂ်ာမန္ကလပ္ ေတာင္းဆိုေနတဲ့ ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၀၈ သန္းကို ညွိနိႈင္းလို႔ မရနုိင္ဘဲ ေဒါ့မြန္ဘက္က ယတိျပတ္ ဖ်က္ခဲ့တာေၾကာင့္ ယူနိုက္တက္ဟာ တျခား ေခၚယူနိုင္မယ့္ တိုက္စစ္သမားေတြ ဆက္လက္ ရွာေဖြေနပါတယ္။

ဘာစီလိုနာရဲ႕ အသက္ ၂၃ နွစ္ အရြယ္ တိုက္စစ္သမား ဒမ္ဘီဘလီဟာ ေဒါ့မြန္ကေန္ ၂၀၁၇ မွာ ေျပာင္းလာတည္းက ရုန္းကန္ေနရေပမယ့္ ထူးခၽြန္တဲ့ ေျခစြမ္းေတြနဲ႕ ပါရမီရွင္ တစ္ဦးအျဖစ္ ေလးစားခံရသူျဖစ္ပါတယ္။ ဒီရာသီ ခ်န္ပီယံလိဂ္ကေန အရွက္တကြဲ ထြက္ခြာလာရျပီးေနာက္ ဘာစီလုိနာက တစ္သင္းလုံးနီးပါးကို ေရာင္းထုတ္သြားဖို႔ အလိုရွိေနေသာ္လည္း ဒမ္ဘီလီကို မေရာင္းဘူးလို႔ ဘာတိုျမဴက ဆိုလာခဲ့တာပါ။

ဘာစီလိုနာ ကစားသမားေတြထဲ ပီေကး၊ ဗီဒယ္၊ အယ္လ္ဘာ၊ လူး၀စ္ ဆြာရက္စ္၊ ေကာ္တင္ညိဳ စတဲ့ ကစားသမားေတြကေတာ့ ေသခ်ာေပါက္ ေရာင္းထုတ္ ခံရဖြယ္ ရွိေနပါတယ္။

ဒါေပမယ့္ အသင္းမွာ ဆက္ထိန္းထားမယ့္ အနည္းငယ္ေသာ အသင္းသားေတြထဲ ဒမ္ဘီလီေတာ့ ပါ၀င္ေၾကာင္း လတ္တေလာ အင္တာဗ်ဴးမွာ ဘာစီလိုနာ ဥကၠဌက ေျပာဆိုခဲ့ပါတယ္။

ဒီေႏြမွာ ဘယ္ကစားသမားေတြက ေျပာင္းေရႊ႕ခြင့္ မေပးနုိင္ဘူးလဲ လို႔ ေမးခြန္းထုတ္ခံရရာမွာ ဘာတိုျမဴက – ” မက္ဆီနဲ႕ တျခား ကစားသမားေတြေပါ့။ အသင္းမွာ လူငယ္ကစားသမားေတြ အမ်ားၾကီး ရွိတယ္။ တာစတီဂ်န္၊ လန္လတ္၊ ဒီေဂ်ာင္၊ ဆီမီဒို၊ ဒမ္ဘီလီနဲ႕ ဂရစ္စမန္း။ ဒီကစားသမားေတြကို က်ေနာ္တို႔ အားထားတယ္။ ေနာက္နွစ္မ်ားစြာထိ ဘာကာမွာ ဆက္ရွိေနရမွာပါ။ ” လို႔ တုန္႔ျပန္ ေျဖၾကားခဲ့ပါတယ္။