ဒီနေ့မှာတော့ လာမယ့် ၂၀၂၀-၂၁ ဘောလုံးရာသီ အတွက် ပရီးမီးယားလိဂ် ပွဲစဉ် ဇယားတွေ အပြည့်အစုံပဲ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ပွဲဦးထွက် အဖွင့်ပွဲစဉ်မှာတော့ ကြီး ၆ ကြီး အသင်းကြီးတွေချင်း တွေ့ဆုံမှု မရှိပါဘူး။ ဒါပေမယ့် စိတ်ဝင်စားဖွယ် ပွဲစဉ် ဇယားတွေကြောင့် နောက်ဘောလုံးရာသီ ဘယ်သူ ချန်ပီယံ ဖြစ်မလဲ သုံးသပ်မှုတွေက ရှိနေပြီ ဖြစ်ပါတယ်။
ပြီးသွားတဲ့ ဘောလုံးရာသီမှာ ပြည်တွင်း ပရီးမီးယားလိဂ်ဖလား လက်လွှတ်ခဲ့ရတဲ့ အပြင် ဥရောပ အောင်မြင်မှုလည်း မရခဲ့တဲ့ မန်စီးတီးဟာ လာမယ့် ဘောလုံးရာသီအတွက် အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ပြီး ဖလားယူဖို့ အားခဲနေသလို လက်ရှိ ချန်ပီယံ လီဗာပူးကလည်း နှစ်ပေါင်းများစွာ ဝေးကွာထားတဲ့ အမှတ်ပေးဖလား ခုမှ ပြန်ရတာ ဖြစ်တာကြောင့် ချန်ပီယံဆုကို ကာကွယ်ဖို့ စိတ်အား ထက်သန်နေမှာ ဖြစ်ပါတယ်။
ချယ်ဆီး၊ ယူနိုက်တက်၊ အာဆင်နယ်၊ စပါး စတဲ့ အသင်းကြီးတွေကလည်း ထိပ်သီးအဆင့်ကနေ ဆင်း မပေးရအောင် ဆုဖလားတွေ ပြန်ယူပြဖို့ အားထုတ်ပြင်ဆင်နေကြပြီ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် အကြပ်အတည်းကြားက ဘယ်လိုတွေ ဖြစ်လာဦးမလဲ ရင်ခုန်ဖွယ် ဖြစ်ပါတယ်။
ဒီနေ့ ပွဲစဉ် ဇယားတွေ ထွက်လာ အပြီးမှာ Unikrn ဝဘ်ဆိုဒ်ကနေ စူပါကွန်ပျူတာရဲ့ တွက်ချက်မှုတွေကို ဖော်ထုတ်သွားပါတယ်။ နောက် ဘောလုံးရာသီ အပြီးမှာ အမှတ်ပေးဇယား ရပ်တည်မှုတွေ ဘယ်လို ရှိမလဲ စူပါကွန်ပျူတာက တွက်ချက်လိုက်တာ ဖြစ်ပြီး မန်စီးတီးက ချန်ပီယံ ဖြစ်သွားမယ်လို့ ဆိုထားပါတယ်။ ဇယား အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၂၀၂၀-၂၁ ဘောလုံးရာသီ အပြီး ပရီးမီးယားလိဂ် ခန့်မှန်း အမှတ်ပေးဇယားရပ်တည်မှု
- Manchester City
- Liverpool
- Manchester United
- Chelsea
- Tottenham
- Arsenal
- Leicester
- Wolves
- Everton
- Southampton
- West Ham
- Leeds United
- Brighton
- Sheffield United
- Burnley
- Crystal Palace
- Newcastle United
- Aston Villa
- Fulham
- West Brom
Zawgyi – ဒီေန႔မွာေတာ့ လာမယ့္ ၂၀၂၀-၂၁ ေဘာလံုးရာသီ အတြက္ ပရီးမီးယားလိဂ္ ပြဲစဥ္ ဇယားေတြ အျပည့္အစံုပဲ ထြက္ေပၚလာခဲ့ျပီ ျဖစ္ပါတယ္။ ပြဲဦးထြက္ အဖြင့္ပြဲစဥ္မွာေတာ့ ၾကီး ၆ ၾကီး အသင္းၾကီးေတြခ်င္း ေတြ႔ဆံုမႈ မရွိပါဘူး။ ဒါေပမယ့္ စိတ္၀င္စားဖြယ္ ပြဲစဥ္ ဇယားေတြေၾကာင့္ ေနာက္ေဘာလံုးရာသီ ဘယ္သူ ခ်န္ပီယံ ျဖစ္မလဲ သံုးသပ္မႈေတြက ရွိေနျပီ ျဖစ္ပါတယ္။
ျပီးသြားတဲ့ ေဘာလံုးရာသီမွာ ျပည္တြင္း ပရီးမီးယားလိဂ္ဖလား လက္လႊတ္ခဲ့ရတဲ့ အျပင္ ဥေရာပ ေအာင္ျမင္မႈလည္း မရခဲ့တဲ့ မန္စီးတီးဟာ လာမယ့္ ေဘာလံုးရာသီအတြက္ အင္အားျဖည့္တင္းမႈေတြ လုပ္ေဆာင္ျပီး ဖလားယူဖို႔ အားခဲေနသလို လက္ရွိ ခ်န္ပီယံ လီဗာပူးကလည္း နွစ္ေပါင္းမ်ားစြာ ေ၀းကြာထားတဲ့ အမွတ္ေပးဖလား ခုမွ ျပန္ရတာ ျဖစ္တာေၾကာင့္ ခ်န္ပီယံဆုကို ကာကြယ္ဖို႔ စိတ္အား ထက္သန္ေနမွာ ျဖစ္ပါတယ္။
ခ်ယ္ဆီး၊ ယူနိုက္တက္၊ အာဆင္နယ္၊ စပါး စတဲ့ အသင္းၾကီးေတြကလည္း ထိပ္သီးအဆင့္ကေန ဆင္း မေပးရေအာင္ ဆုဖလားေတြ ျပန္ယူျပဖို႔ အားထုတ္ျပင္ဆင္ေနၾကျပီ ျဖစ္ျပီး ကိုရိုနာဗိုင္းရပ္စ္ အၾကပ္အတည္းၾကားက ဘယ္လိုေတြ ျဖစ္လာဦးမလဲ ရင္ခုန္ဖြယ္ ျဖစ္ပါတယ္။
ဒီေန႔ ပြဲစဥ္ ဇယားေတြ ထြက္လာ အျပီးမွာ Unikrn ၀ဘ္ဆိုဒ္ကေန စူပါကြန္ပ်ဴတာရဲ႕ တြက္ခ်က္မႈေတြကို ေဖာ္ထုတ္သြားပါတယ္။ ေနာက္ ေဘာလံုးရာသီ အျပီးမွာ အမွတ္ေပးဇယား ရပ္တည္မႈေတြ ဘယ္လို ရွိမလဲ စူပါကြန္ပ်ဴတာက တြက္ခ်က္လိုက္တာ ျဖစ္ျပီး မန္စီးတီးက ခ်န္ပီယံ ျဖစ္သြားမယ္လို႔ ဆိုထားပါတယ္။