အာဆင်နယ် ရောက်လုနီးပါး ဖြစ်နေတဲ့ လိုင်လီခံစစ်မှူး ဂါဘရီရယ်ကို ယူနိုက်တက် ဝင် ကမ်းလှမ်း

အာဆင်နယ်အသင်းထံ ရောက်တော့မယ် သတင်းကြီးနေတဲ့ လိုင်လီ ဗဟိုခံစစ်မှူး ဂါဘရီရယ်ဟာ သူ့ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး ကလပ်တစ်သင်းကို ရွေးချယ်ဖို့ရာ ဆုံးဖြတ်ချက်လုပ်ဖို့ နှောင့်နှေးခဲ့ပြီဖြစ်ကြောင်း တယ်လီဂရပ်က ဖော်ပြသွားပါတယ်။

မနေ့ညကပဲ ယူနိုက်တက်ဟာ ဂါဘရီရယ်ကို ခေါ်ယူဖို့အတွက် ပေါင် ၂၂.၆ သန်းနဲ့ ကြားဖြတ် ကမ်းလှမ်းမှု လုပ်သွားခဲ့တာပါ။ ဘရာဇီး ခံစစ်မှူးကို ခေါ်ယူဖို့ နာပိုလီကို အသာစီးယူနိုင်ခဲ့တဲ့ အာဆင်နယ်ဟာ လက်ရှိမှာ ဒရာမာဆန်တဲ့ အလှည့်အပြောင်းကို ရင်ဆိုင်နေရပြီး ကစားသမား ကိုယ်တိုင်က အနာဂတ်နဲ့ ပက်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ပြုလုပ်ပေးဖို့ နှောင့်နှေးနေပါတယ်။

အာဆင်နယ်ဟာ စီးရီးအေကလပ် နာပိုလီနဲ့အပြိုင် ဂါဘရီရယ်ကို ခေါ်ယူနိုင်ရေး ကြိုးစားခဲ့ရတာပါ။ ဒါပေမယ့်လို့ စီနီယာ ကစားသမားတွေကို ရောင်းထုတ်ခြင်း မရှိဘဲ ဂါဘရီရယ်ရဲ့ ပြောင်းရွှေ့ကြေး တစ်လုံးတည်း ပေးဖို့ အာဆင်နယ်မှာ ငွေကြေး မပြည့်စုံပါဘူး။ ဒါကြောင့် လန်ဒန်ကလပ်ဟာ ဒီအပြောင်းအရွှေ့မှာ ကလပ်ရဲ့ ခံစစ်မှူး ၇ ဦးထဲက အလိုက်ပေးမှုကို ထည့်သွင်းမှာဖြစ်တယ်။

ယူနိုက်တက် မန်နေဂျာ ဆိုးရှားကလည်း မက်ဂွဲရားနဲ့ တွဲဘက်ပေးမယ့် ခံစစ်သမားတစ်ဦးကို ခေါ်ယူလိုနေဆဲဖြစ်တယ်။ ဂါဘရီရယ်အတွက် ပေးရမယ့် ပြောင်းရွှေ့ကြေး၊ သူ့အသက်အရွယ်နဲ့ ချန်ပီယံလိဂ်မှာ ကစားဖူးတဲ့ အတွေ့အကြုံအရ စွန့်စားမှုနည်းတဲ့ ခေါ်ယူမှုလို့ ယူနိုက်တက် တာဝန်ရှိသူတွေက ယုံကြည်တယ်။

အာဆင်နယ်က ပိုမိုအရေးသာတဲ့ အနေအထားမှာ ရှိနေသေးပေမယ့် အပြောင်းအရွှေ့ အပြီးမသတ်သေးတာကြောင့် ယူနိုက်တက်က ကမ်းလှမ်းမှု ဝင်လုပ်ပြီး အခြေအနေကို ပြောင်းလဲစေခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ကစားခွင့်ရထားတာဖြစ်ခြင်းက ကစားသမားအတွက် စဉ်းစားစရာ ဖြစ်လာစေမှာပါ။

ဒီအပြောင်းအရွှေ့ ကိစ္စမှာ အာဆင်နယ်က ခြေလှမ်းအများကြီး ဦးထားပေမယ့် ပြောင်းရွှေ့ကြေး အပြီးသတ် သဘောတူညီမှုမှာ နှောင့်နှေးနေခဲ့တာကလည်း ယူနိုက်တက်ကို ခေါ်ယူမှု ပြေးလမ်းထဲ ဝင်ရောက်လာစေခဲ့ခြင်း ဖြစ်ပါတယ်။

ZAWGYI – အာဆင္နယ္အသင္းထံ ေရာက္ေတာ့မယ္ သတင္းၾကီးေနတဲ့ လိုင္လီ ဗဟိုခံစစ္မွဴး ဂါဘရီရယ္ဟာ သူ႔ရဲ႕ အနာဂတ္နဲ႔ ပက္သက္ျပီး ကလပ္တစ္သင္းကို ေရြးခ်ယ္ဖို႔ရာ ဆုံးျဖတ္ခ်က္လုပ္ဖို႔ ေႏွာင့္ေႏွးခဲ့ျပီျဖစ္ေၾကာင္း တယ္လီဂရပ္က ေဖာ္ျပသြားပါတယ္။

မေန႔ညကပဲ ယူႏုိက္တက္ဟာ ဂါဘရီရယ္ကို ေခၚယူဖို႔အတြက္ ေပါင္ ၂၂.၆ သန္းနဲ႔ ၾကားျဖတ္ ကမ္းလွမ္းမႈ လုပ္သြားခဲ့တာပါ။ ဘရာဇီး ခံစစ္မွဴးကို ေခၚယူဖို႔ နာပိုလီကို အသာစီးယူႏုိင္ခဲ့တဲ့ အာဆင္နယ္ဟာ လက္ရွိမွာ ဒရာမာဆန္တဲ့ အလွည့္အေျပာင္းကို ရင္ဆိုင္ေနရျပီး ကစားသမား ကိုယ္တုိင္က အနာဂတ္နဲ႔ ပက္သက္တဲ့ ဆံုးျဖတ္ခ်က္ေတြကို ျပဳလုပ္ေပးဖို႔ ေႏွာင့္ေႏွးေနပါတယ္။

အာဆင္နယ္ဟာ စီးရီးေအကလပ္ နာပိုလီနဲ႔အျပိဳင္ ဂါဘရီရယ္ကို ေခၚယူႏုိင္ေရး ၾကိဳးစားခဲ့ရတာပါ။ ဒါေပမယ့္လို႔ စီနီယာ ကစားသမားေတြကို ေရာင္းထုတ္ျခင္း မရွိဘဲ ဂါဘရီရယ္ရဲ႕ ေျပာင္းေရႊ႔ေၾကး တစ္လံုးတည္း ေပးဖို႔ အာဆင္နယ္မွာ ေငြေၾကး မျပည့္စံုပါဘူး။ ဒါေၾကာင့္ လန္ဒန္ကလပ္ဟာ ဒီအေျပာင္းအေရႊ႔မွာ ကလပ္ရဲ႕ ခံစစ္မွဴး ၇ ဦးထဲက အလိုက္ေပးမႈကို ထည့္သြင္းမွာျဖစ္တယ္။

ယူႏုိက္တက္ မန္ေနဂ်ာ ဆိုးရွားကလည္း မက္ဂြဲရားနဲ႔ တြဲဘက္ေပးမယ့္ ခံစစ္သမားတစ္ဦးကို ေခၚယူလိုေနဆဲျဖစ္တယ္။ ဂါဘရီရယ္အတြက္ ေပးရမယ့္ ေျပာင္းေရႊ႔ေၾကး၊ သူ႔အသက္အရြယ္နဲ႔ ခ်န္ပီယံလိဂ္မွာ ကစားဖူးတဲ့ အေတြ႔အၾကံဳအရ စြန္႔စားမႈနည္းတဲ့ ေခၚယူမႈလို႔ ယူႏုိက္တက္ တာဝန္ရွိသူေတြက ယံုၾကည္တယ္။

အာဆင္နယ္က ပိုမိုအေရးသာတဲ့ အေနအထားမွာ ရွိေနေသးေပမယ့္ အေျပာင္းအေရႊ႔ အျပီးမသတ္ေသးတာေၾကာင့္ ယူႏုိက္တက္က ကမ္းလွမ္းမႈ ဝင္လုပ္ျပီး အေျခအေနကို ေျပာင္းလဲေစခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ ကစားခြင့္ရထားတာျဖစ္ျခင္းက ကစားသမားအတြက္ စဥ္းစားစရာ ျဖစ္လာေစမွာပါ။

ဒီအေျပာင္းအေရႊ႔ ကိစၥမွာ အာဆင္နယ္က ေျခလွမ္းအမ်ားၾကီး ဦးထားေပမယ့္ ေျပာင္းေရႊ႔ေၾကး အျပီးသတ္ သေဘာတူညီမႈမွာ ေႏွာင့္ေႏွးေနခဲ့တာကလည္း ယူႏုိက္တက္ကို ေခၚယူမႈ ေျပးလမ္းထဲ ဝင္ေရာက္လာေစခဲ့ျခင္း ျဖစ္ပါတယ္။