လက်ရှိ ဥရောပ ချန်ပီယံ လီဗာပူးထက် ယူအီးအက်ဖ်အေ Ranking မှာ ယူနိုက်တက် အသာရထား

မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးသွားတဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ယူရိုပါလိဂ် ဆီမီးအဆင့်ကနေ လှည့်ပြန်ခဲ့ရပေမယ့် ယူအီးအက်ဖ်အေက ထုတ်ပြန်တဲ့ ငါးနှစ်တာ Ranking ဇယားမှာတော့ ထိပ်ဆုံး ၁၀ သင်းထဲ ပါဝင်ဆဲ ဖြစ်တဲ့ အပြင် လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ထားဆဲ လီဗာပူးအသင်းထက်တောင် အမှတ် အသာရထားပါတယ်။

ယူအီးအက်ဖ်အေရဲ့ Ranking ဇယားမှာ ထိပ်ဆုံးမှာ ရပ်တည်နေတာကတော့ ရီးရဲလ်မက်ဒရစ်နဲ့ အတူ ဘိုင်ယန်မြူးနစ်ပါ ပူးတွဲ ရှိနေပြီး အဲဒီနောက်မှာတော့ ဘာစီလိုနာ၊ အက်သလက်တီကို စတဲ့ ပိန်အသင်းများ လွှမ်းမိုးထားတာပါ။ ဥရောပ အောင်မြင်မှု လိုချင်လွန်းလို့ ကြိုးစားနေရဆဲ မန်စီးတီးက အဆင့် ၆ မှာ ရှိနေပါတယ်။

လက်ရှိ ၂၀၁၉-၂၀ ရာသီမှာ ဘိုင်ယန်နဲ့ အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်ထားတဲ့ ပီအက်စ်ဂျီကတော့ အဆင့် ၇ မှာ ရှိနေပြီး ဒီရာသီမှာ သူတို့ လိုချင်နေတဲ့ ဥရောပ အမြင့်ဆုံးဖလားကို အရယူဖို့ မျှော်လင့်ချက်ကြီး ရှိထားပါတယ်။ Ranking ဇယားမှာ လီဗာပူးက အဆင့် ၁၀ မှာသာ ရှိနေတာ အတွက် ဝေဖန်မှုတွေ ရှိနေပေမယ့် ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ ဥရောပပွဲ မကစားခဲ့ရတာကြောင့် ထိုနှစ်မှာ ရမှတ် မရှိခဲ့လို့ နစ်နာခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဥရောပမှာ လက်ရှိ ထိပ်ဆုံး ၁၀ သင်းထဲ ပါဝင်နေတဲ့ အသင်းတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

  • 1. Bayern Munich | 134 points
  • 1=. Real Madrid | 134 points
  • 3. Barcelona | 128 points
  • 4. Atletico Madrid | 127 points
  • 5. Juventus | 117 points
  • 6. Manchester City | 116 points
  • 7. Paris Saint-Germain | 113 points
  • 8. Sevilla | 100 points
  • 8=. Manchester United | 100 points
  • 10. Liverpool | 99 points

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ျပီးသြားတဲ့ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ယူရိုပါလိဂ္ ဆီမီးအဆင့္ကေန လွည့္ျပန္ခဲ့ရေပမယ့္ ယူအီးအက္ဖ္ေအက ထုတ္ျပန္တဲ့ ငါးနွစ္တာ Ranking ဇယားမွာေတာ့ ထိပ္ဆံုး ၁၀ သင္းထဲ ပါ၀င္ဆဲ ျဖစ္တဲ့ အျပင္ လက္ရွိ ခ်န္ပီယံလိဂ္ ခ်န္ပီယံ ျဖစ္ထားဆဲ လီဗာပူးအသင္းထက္ေတာင္ အမွတ္ အသာရထားပါတယ္။

ယူအီးအက္ဖ္ေအရဲ႕ Ranking ဇယားမွာ ထိပ္ဆံုးမွာ ရပ္တည္ေနတာကေတာ့ ရီးရဲလ္မက္ဒရစ္နဲ႕ အတူ ဘိုင္ယန္ျမဴးနစ္ပါ ပူးတြဲ ရွိေနျပီး အဲဒီေနာက္မွာေတာ့ ဘာစီလိုနာ၊ အက္သလက္တီကို စတဲ့ ပိန္အသင္းမ်ား လႊမ္းမိုးထားတာပါ။ ဥေရာပ ေအာင္ျမင္မႈ လိုခ်င္လြန္းလို႔ ၾကိဳးစားေနရဆဲ မန္စီးတီးက အဆင့္ ၆ မွာ ရွိေနပါတယ္။

လက္ရွိ ၂၀၁၉-၂၀ ရာသီမွာ ဘိုင္ယန္နဲ႕ အတူ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ တက္ေရာက္ထားတဲ့ ပီအက္စ္ဂ်ီကေတာ့ အဆင့္ ၇ မွာ ရွိေနျပီး ဒီရာသီမွာ သူတို႔ လိုခ်င္ေနတဲ့ ဥေရာပ အျမင့္ဆံုးဖလားကို အရယူဖို႔ ေမွ်ာ္လင့္ခ်က္ၾကီး ရွိထားပါတယ္။ Ranking ဇယားမွာ လီဗာပူးက အဆင့္ ၁၀ မွာသာ ရွိေနတာ အတြက္ ေ၀ဖန္မႈေတြ ရွိေနေပမယ့္ ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးအသင္းဟာ ၂၀၁၆-၁၇ ေဘာလံုးရာသီမွာ ဥေရာပပြဲ မကစားခဲ့ရတာေၾကာင့္ ထိုနွစ္မွာ ရမွတ္ မရွိခဲ့လို႔ နစ္နာခဲ့ရတာ ျဖစ္တယ္လို႔ သိရပါတယ္။