လာမယ့်ရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာတင် ရီးရဲလ်၊ ဘိုင်ယန်လို ထိပ်သီးတွေနဲ့ ဆုံနိုင်ဖွယ် ရှိနေတဲ့ ချယ်ဆီး၊ ယူနိုက်တက်၊ စီးတီးတို့ ကံကြမ္မာ

ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ နောက်ဘောလုံးရာသီ ချန်ပီယံလိဂ် လမ်းကြောင်းကတော့ အနည်းငယ် ပုံပေါ်လာခဲ့ပြီ ဆိုရမှာပါ။ ပြည်တွင်းမှာ ချန်ပီယံ ဖြစ်သွားတဲ့ လီဗာပူးက ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲမှုမှာ မဲအိုး ၁ ထဲ ပါဝင်သွားပေမယ့် မန်စီးတီး၊ ယူနိုက်တက်နဲ့ ချယ်ဆီးအသင်းတို့က မဲအိုး ၂ ထဲ ပါဝင်နေပါတယ်။

ယူအီးအက်ဖ်အေရဲ့ နောက်ရာသီ ချန်ပီယံလိဂ် ပွဲအစီအစဉ်တွေကတော့ ပုံပေါ်စ ပြုလာပြီ ဖြစ်ပေမယ့် ခြေစစ်ပွဲစဉ် အချို့လည်း ကစားရဦးမှာ ဖြစ်ပါတယ်။ လက်ရှိရာသီရဲ့ ချန်ပီယံကလည်း မပေါ်ထွက်သေးဘဲ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့ ဗိုလ်လုပွဲ ကစားဖို့ ရှိနေပါသေးတယ်။

နောက်ရာသီ အတွက် မဲအိုးတွေမှာတော့ အပြောင်းအလဲ အနည်းငယ် ရှိနိုင်သေးပေမယ့် အဓိက အသင်းကြီးတွေ နေရာက သေချာသလောက် ရှိပြီ ဆိုရမှာပါ။ မဲအိုး ၁ ထဲမှာတော့ ဥရောပ တစ်ခွင်က ထိပ်သီးလိဂ်တွေရဲ့ ချန်ပီယံတွေ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မဲအိုး ၁ မှာ လီဗာပူး၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ ဇင်းနစ် စိန့်ပီတာစဘတ်၊ အင်တာမီလန် သို့မဟုတ် ဆီဗီလာ၊ ပေါ်တို အသင်းတို့ ပါဝင်ပါမယ်။

မဲအိုး ၂ မှာတော့ မန်စီးတီး၊ မန်ချက်စတာ ယူနိုက်တက်၊ ဘာစီလိုနာ၊ အက်သလက်တီကိုမက်ဒရစ်၊ ဒေါ့မွန်၊ ရှက်တာဒိုးနက်နဲ့ ကျန်တစ်သင်းဟာ ဆီဗီလာ၊ ဘင်ဖီကာ ဒါမှမဟုတ် အေဂျက် ဖြစ်လာဖို့ ရှိနေပါတယ်။ မဲအိုး တူထဲက အသင်းချင်းကတော့ အုပ်စုအဆင့်မှာ တွေ့မှာ မဟုတ်သလို နိုင်ငံတူ အသင်းချင်းလည်း ပြန်တွေ့မှာ မဟုတ်တာကြောင့် စီးတီး၊ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ဟာ လီဗာပူးနဲ့လည်း ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။

မဲအိုး ၃ မှာတော့ ဘင်ဖီကာ သို့မဟုတ် အင်တာ၊ အေဂျက်၊ ဒိုင်နမိုကိဗ်၊ ဆဲလ်ဘတ်၊ လိုက်ပ်ဇစ်၊ အိုလံပီယာကို့စ်၊ လာဇီယို၊ ဆဲလ်တစ်တို့ ရှိမှာ ဖြစ်ပြီး မဲအိုး ၄ ထဲမှာ အတ္တလန္တာ၊ ဒိုင်နမို ဇာဂရတ်၊ လိုကိုမိုးတစ် မော်စကို၊ မာဆေး၊ ကလပ်ဘရုစ်၊ မွန်ချင်ဂလာဘတ်၊ Istanbul Basaksehirနဲ့ စတိတ် ရေးနက်စ်တို့ ပါဝင်ပါမယ်။ မဲအိုး ၃ နဲ့ ၄ ပါဝင်မှုတွေကတော့ အပြောင်းအလဲ ရှိနိုင်သေးတယ် ဆိုရမှာပါ။

အဆိုပါ မဲအိုးတွေ ခွဲခြမ်းမှုကို ယူအီးအက်ဖ်အေရဲ့ rankings တွေနဲ့ သတ်မှတ်တာ ဖြစ်ပါတယ်။ ထိုအတွက် ပြည်တွင်း အောင်မြင်မှု အပြင် လတ်တလော နှစ်တွေ အတွင်း ဥရောပ ချန်ပီယံလိဂ် ဒါမှမဟုတ် ယူရိုပါလိဂ် အောင်မြင်မှုတွေကိုပါ ထည့်သွင်းတွက်ချက်တာ ဖြစ်ပါတယ်။

Zawgyi – ပရီးမီးယားလိဂ္ ကလပ္အသင္းေတြရဲ႕ ေနာက္ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ လမ္းေၾကာင္းကေတာ့ အနည္းငယ္ ပံုေပၚလာခဲ့ျပီ ဆိုရမွာပါ။ ျပည္တြင္းမွာ ခ်န္ပီယံ ျဖစ္သြားတဲ့ လီဗာပူးက ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ မဲခြဲမႈမွာ မဲအိုး ၁ ထဲ ပါ၀င္သြားေပမယ့္ မန္စီးတီး၊ ယူနိုက္တက္နဲ႕ ခ်ယ္ဆီးအသင္းတို႔က မဲအိုး ၂ ထဲ ပါ၀င္ေနပါတယ္။

ယူအီးအက္ဖ္ေအရဲ႕ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ပြဲအစီအစဥ္ေတြကေတာ့ ပံုေပၚစ ျပဳလာျပီ ျဖစ္ေပမယ့္ ေျခစစ္ပြဲစဥ္ အခ်ိဳ႕လည္း ကစားရဦးမွာ ျဖစ္ပါတယ္။ လက္ရွိရာသီရဲ႕ ခ်န္ပီယံကလည္း မေပၚထြက္ေသးဘဲ ပီအက္စ္ဂ်ီနဲ႕ ဘိုင္ယန္ျမဴးနစ္တို႔ ဗိုလ္လုပြဲ ကစားဖို႔ ရွိေနပါေသးတယ္။

ေနာက္ရာသီ အတြက္ မဲအိုးေတြမွာေတာ့ အေျပာင္းအလဲ အနည္းငယ္ ရွိနုိင္ေသးေပမယ့္ အဓိက အသင္းၾကီးေတြ ေနရာက ေသခ်ာသေလာက္ ရွိျပီ ဆိုရမွာပါ။ မဲအိုး ၁ ထဲမွာေတာ့ ဥေရာပ တစ္ခြင္က ထိပ္သီးလိဂ္ေတြရဲ႕ ခ်န္ပီယံေတြ ပါ၀င္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ မဲအိုး ၁ မွာ လီဗာပူး၊ ရီးရဲလ္မက္ဒရစ္၊ ဘိုင္ယန္ျမဴးနစ္၊ ပီအက္စ္ဂ်ီ၊ ဇင္းနစ္ စိန္႔ပီတာစဘတ္၊ အင္တာမီလန္ သို႔မဟုတ္ ဆီဗီလာ၊ ေပၚတို အသင္းတို႔ ပါ၀င္ပါမယ္။

မဲအိုး ၂ မွာေတာ့ မန္စီးတီး၊ မန္ခ်က္စတာ ယူနိုက္တက္၊ ဘာစီလိုနာ၊ အက္သလက္တီကိုမက္ဒရစ္၊ ေဒါ့မြန္၊ ရွက္တာဒိုးနက္နဲ႕ က်န္တစ္သင္းဟာ ဆီဗီလာ၊ ဘင္ဖီကာ ဒါမွမဟုတ္ ေအဂ်က္ ျဖစ္လာဖို႔ ရွိေနပါတယ္။ မဲအိုး တူထဲက အသင္းခ်င္းကေတာ့ အုပ္စုအဆင့္မွာ ေတြ႔မွာ မဟုတ္သလို နုိင္ငံတူ အသင္းခ်င္းလည္း ျပန္ေတြ႔မွာ မဟုတ္တာေၾကာင့္ စီးတီး၊ ယူနုိက္တက္နဲ႕ ခ်ယ္ဆီးတို႔ဟာ လီဗာပူးနဲ႕လည္း ေရွာင္လႊဲနိုင္မွာ ျဖစ္ပါတယ္။

မဲအိုး ၃ မွာေတာ့ ဘင္ဖီကာ သို႔မဟုတ္ အင္တာ၊ ေအဂ်က္၊ ဒိုင္နမိုကိဗ္၊ ဆဲလ္ဘတ္၊ လိုက္ပ္ဇစ္၊ အိုလံပီယာကို႕စ္၊ လာဇီယို၊ ဆဲလ္တစ္တို႔ ရွိမွာ ျဖစ္ျပီး မဲအိုး ၄ ထဲမွာ အတၱလႏၱာ၊ ဒိုင္နမို ဇာဂရတ္၊ လိုကိုမိုးတစ္ ေမာ္စကို၊ မာေဆး၊ ကလပ္ဘရုစ္၊ မြန္ခ်င္ဂလာဘတ္၊ Istanbul Basaksehirနဲ႕ စတိတ္ ေရးနက္စ္တို႔ ပါ၀င္ပါမယ္။ မဲအိုး ၃ နဲ႕ ၄ ပါ၀င္မႈေတြကေတာ့ အေျပာင္းအလဲ ရွိနုိင္ေသးတယ္ ဆိုရမွာပါ။

အဆိုပါ မဲအိုးေတြ ခြဲျခမ္းမႈကို ယူအီးအက္ဖ္ေအရဲ႕ rankings ေတြနဲ႕ သတ္မွတ္တာ ျဖစ္ပါတယ္။ ထိုအတြက္ ျပည္တြင္း ေအာင္ျမင္မႈ အျပင္ လတ္တေလာ နွစ္ေတြ အတြင္း ဥေရာပ ခ်န္ပီယံလိဂ္ ဒါမွမဟုတ္ ယူရိုပါလိဂ္ ေအာင္ျမင္မႈေတြကိုပါ ထည့္သြင္းတြက္ခ်က္တာ ျဖစ္ပါတယ္။