လူသိမများတဲ့ ဆီနီဂေါသား ဂိုးသမားကို ခေါ်ဖို့ ချယ်ဆီးအသင်း ကြိတ်ပြီး ချိတ်ဆက်နေ
ချယ်ဆီးအသင်းဟာ ဒီနွေမှာ ဂိုးသမားသစ် တစ်ဦးတော့ စတန်းဖို့ဘရစ်ချ်ထံ ခေါ်ဆောင်ဖို့ မျှော်လင့်ထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပွဲထွက် ဂိုးသမား ကီပါရဲ့ လက်စွမ်းမာျးကြောင့် ချယ်ဆီးဟာ ဈေးကွက်ထဲမြှ အိုနာနာ၊ နစ်ပုတ်၊ ဒင်း ဟန်ဒါဆန်၊ ဂျန် အော့ဘလတ် စတဲ့ နာမည်ရှိ ဂိုးသမားတွေကို ချိတ်ဆက်မှုတွေလည်း ပြုလုပ်ထားပါတယ်။
ဒါပေမယ့် အဆိုပါ ဂိုးသမားတွေဟာ ပြောင်းရွှေ့ကြေး ဈေးကြီးကြီး သုံးစွဲရဖို့ ရှိနေပြီး ချယ်ဆီးအသင်းဟာ တခြား ပစ်မှတ်တွေ ဖြစ်တဲ့ ကိုင်ဟာဗက်ဇ်၊ ဘန်ချေျးဝဲလ်နဲ့ ဗဟိုခံစစ် တစ်နေရာတို့ အတွက်လည်း ပြောင်းရွှေ့ကြေးတွေ သုံးစွဲရဖို့ ရှိနေသေးတာကြောင့် ကလပ်အသင်း ဒါရိုက်တာ မာရီနာက ထူးထူးခြားခြား ပေါက်သွားနိုင်မယ့် အပြောင်းအရွှေ့မျိုးတွေကိုလည်း ရှာဖွေနေပါတယ်။ အဲဒီထဲမှာမှ ချယ်ဆီး ပရိသတ် တော်တော်များများ သတိထားမိမှာ မဟုတ်တဲ့ လူသိမများတဲ့ ဂိုးသမား တစ်ဦးကခို ချယ်ဆီးက ချိတ်ဆက်နေပါတယ်။
သတင်းတွေ အရတော့ အနောက်လန်ဒန်ကလပ်ဟာ ရေးနက်စ်အသင်းနဲ့ ဂိုးသမား အစ်ဝပ် မန်ဒီ အတွက် ပြောဆို ဆွေးနွေးမှုတွေ စတင်ထားတယ်လို့ သိရပါတယ်။ မန်ဒီဟာ ပြီးခဲ့တဲ့ နွေကမှ ရေးနက်စ်ကို ရောက်ရှိတာ ဖြစ်ပြီး ထိုမတိုင်ခင် Reims မှာ ကစားစဉ်တည်းက ချယ်ဆီး အသင်းရဲ့ ရေဒါထဲမှာ ရှိနေ စောင့်ကြည့်ခြင်းခံနေရသူ ဖြစ်ပါတယ်။
မန်ဒီကို ထောက်ခံထားခဲ့သူကလည်း ချယ်ဆီးကနေ Reims မှာ အငှားထွက် ဂိုးနည်းပြ လုပ်နေတဲ့ ခရစ္စတိုဖီ လိုလင်ချွန် ဖြစ်ပြီး ၎င်းရဲ့ မန်ဒီ အရည်အချင်းတွေအပေါ် အမြင်ကိုလည်း ထုတ်ဖော် ချီးကျူးဖူးပါတယ်။
” သူက သူမတူတဲ့ လမ်းကြောင်းကနေ သွားခဲ့ပြီး ရင့်ကျက်မှု ရှိလာတဲ့ ဂိုးသမား တစ်ဦး ဖြစ်တယ်။ ဒီနေ့ မြင်နေရတဲ့ အစ်ဝပ်မန်ဒီကတော့ ကျနော့် အမြင်မှာ ပြင်သစ်ချန်ပီယံရှစ်မှာ အကောင်းဆုံး ဂိုးသမားပဲ။ သူက တက်ကြွသွက်လက်တယ်။ ပွဲအပေါ် သက်ရောက်မှုကြီးတဲ့ ဂိုးသမား ဖြစ်တယ်။ Reims အသင်းကတော့ သူနဲ့အတူ အလုပ်ကောင်းတွေ လုပ်ထားတယ်။ သူက ပရီးမီးယားလိဂ်မှာ ဆိုရင် ကျနော်တို့ လိုအပ်မယ့် ဂိုးသမားကောင်း တစ်ဦး ဖြစ်တယ်။ ဒါ့အပြင် သူက တကယ့် လူကောင်းလေး တစ်ဦး ဆိုတာ ကျနော် သိထားတယ်။ ” လို့ ဂိုးနည်းပြ လိုလင်ချွန်က ချီးကျူးခဲ့ပါတယ်။
ပြင်သစ်ဖွား ဖြစ်ပေမယ့် ဆီနီဂေါ လက်ရွေးစင် အသင်းမှာ ကစားနေတဲ့ ဂိုးသမား မန်ဒီဟာ အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်ပြီး အတွေ့အကြုံကောင်းတွေ ရှိသင့်သလောက် ရှိထားတဲ့ ဂိုးသမားကောင်း တစ်ဦး ဖြစ်ပါတယ်။
Zawygyi – ချယ်ဆီးအသင်းဟာ ဒီနွေမှာ ဂိုးသမားသစ် တစ်ဦးတော့ စတန်းဖို့ဘရစ်ခ်ျထံ ခေါ်ဆောင်ဖို့ မျှော်လင့်ထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပွဲထွက် ဂိုးသမား ကီပါရဲ့ လက်စွမ်းများကြောင့် ချယ်ဆီးဟာ ဈေးကွက်ထဲမြှ အိုနာနာ၊ နစ်ပုတ်၊ ဒင်း ဟန်ဒါဆန်၊ ဂျန် အော့ဘလတ် စတဲ့ နာမည်ရှိ ဂိုးသမားတွေကို ချိတ်ဆက်မှုတွေလည်း ပြုလုပ်ထားပါတယ်။
မန်ဒီကို ထောက်ခံထားခဲ့သူကလည်း ချယ်ဆီးကနေ Reims မှာ အငှားထွက် ဂိုးနည်းပြ လုပ်နေတဲ့ ခရစ္စတိုဖီ လိုလင်ချွန် ဖြစ်ပြီး ၄င်းရဲ့ မန်ဒီ အရည်အချင်းတွေအပေါ် အမြင်ကိုလည်း ထုတ်ဖော် ချီးကျူးဖူးပါတယ်။