ဘိုင်ယန် လီဗာကူဆင်အသင်း အားကစား ဒါရိုက်တာ ရူဒီဗိုလာကတော့ ကိုင်ဟာဗက်ဇ်ဟာ သူတို့ သတ်မှတ်ထားတဲ့ တန်ကြေးထက် လျော့နည်းပြီးတော့ ချယ်ဆီးအသင်းကို ပြောင်းရွှေ့ချင်တယ်ဆိုရင် ခွင့်ပြုမှာ မဟုတ်ကြောင်း ထပ်မံ သတိပေးလိုက်ပါတယ်။ ဟာဗက်ဇ်နဲ့ ချယ်ဆီး အပြောင်းအရွှေ့ဟာ အောင်မြင်လုနီးပါး ဖြစ်ပေမယ့် ကလပ်နှစ်သင်းကြား ညှိနှိုင်းမှုကတော့ သဘောတူညီမှု မရသေးပါဘူး။
ကိုင်ဟာဗက်ဇ် အတွက် လီဗာကူဆင်က ပေါင် သန်း ၉၀ တန်ကြေး သတ်မှတ်ထားပြီး ဈေးကိုင်နေပေမယ့် ချယ်ဆီးရဲ့ နောက်ဆုံး ကမ်းလှမ်းမှုက ဘွန်ဒစ်လီဂါကလပ် အလိုရှိတာထက် သန်း ၂၀ လျော့နည်းနေသေးတယ် လို့ သိရပါတယ်။
ချယ်ဆီးအသင်းဟာ တိုက်စစ်မှာ ဇီယက်နဲ့ တီမိုဝါနာကို ဖြည့်တင်းပြီး ဖြစ်ပေမယ့် ကိုင်ဟာဗက်ဇ်ကို ခေါ်ယူဖို့ နည်းပြ လမ်းပတ်က အသည်းအသန် အလိုရှိနေတာကြောင့် ညှိနှိုင်းမှုကို အဆုံးမသတ်နိုင်ဘဲ အချိန်ကြာလာနေတာ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းရဲ့ နောက်ရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲကလည်း နောက် သုံးပတ်နေရင် ကစားရတော့မှာ ဖြစ်လို့ ဟာဗက်ဇ်ကို ခေါ်ယူပြီး အသင်းဖော်သစ်တွေနဲ့ အခြေကျစေချင်ရင် အမြန် အပြီးသတ်ရမယ့် အနေအထား ဖြစ်နေပါတယ်။
လီဗာကူဆင်ဘက်ကတော့ ဟာဗက်ဇ် အတွက် ကမ်းလှမ်းမှုကို သြဂုတ် ၂၈ ရက်နေ့ နောက်ဆုံးထား ကမ်းလှမ်းဖို့ အသိပေးထားတယ်လို့လည်း သတင်းထွက်ပါ် ထားပါတယ်။ လီဗာကူဆင် အားကစား ဒါရိုက်တာ ဗိုလာက ကိုင်ဟာဗက်ဇ်ကို ရဖို့ ကိုရိုနာ ဒစ်စကောင့် ရမယ် မမျှော်လင့်ဖို့လည်း ထုတ်ဖော် သတိပေးထားပြီး ဖြစ်ကာ ဈေးလျှော့မှာ မဟုတ်ဘူးလို့ အခုလို ထပ်မံ ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။
” ကိုရိုနာကြောင့် ကစားသမား တော်တော်များများရဲ့ ပြောင်းရွှေ့ကြေးတွေက ကျဆင်းလာတယ်။ ဒါပေမယ့် ကိုရိုနာက ကိုရိုနာပဲ။ အဲဒါက ဟာဗက်ဇ် လို ဂျေဒန် ဆန်ချို လို ကစားသမားတွေနဲ့ မဆိုင်ပါဘူး။ သူတို့ အတွက် ကိုရိုနာ ဒစ်စကောင့် ရှိမှာ မ ဟုတ်ဘူး။ သူတို့ နောက်တစ်နှစ် ထပ်နေရင် လက်ရှိ အသင်းတွေအတွက် ပျော်စရာ ဖြစ်မှာပါ။ ကျနော်တို့ လိုက်ပ်ဇစ်နဲ့ ဝါနာကို ကြည့်ပြီး ပြောင်းရွှေ့ကြေး မြင့်မြင့် ရရင်တောင် ဒီလို ကစားသမားတွေကို လက်လွှတ်ရတာ ထိခိုက်မှုပဲဆိုတာ ပိုသိလာနေရတယ်။ ” လို့ လီဗာကူဆင် အားကစား ဒါရိုက်တာ ဗိုလာက ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ တတိယမြောက် ခေါ်ယူမှုအဖြစ် ကိုင်ဟာဗက်ဇ်ကို အပြီးသတ် ခေါ်ယူဖို့ လုပ်နေပေမယ့် မျှော်မှန်းသလောက် ခရီးမပေါက်တာကြောင့် လက်စတာ ခံစစ်မှူး ဘန်ချေဝဲလ်ကို ခေါ်ယူဖို့ အပြီးသတ် အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။ အင်္ဂလန်သား ခံစစ်မှူးဟာ ချယ်ဆီးအသင်းထံ ပေါင် သန်း ၅၀ နဲ့ ရောက်ရှိတော့မယ်လို့ ရေပန်းစားနေပါတယ်။
Zawgyi – ဘိုင္ယန္ လီဗာကူဆင္အသင္း အားကစား ဒါရိုက္တာ ရူဒီဗိုလာကေတာ့ ကိုင္ဟာဗက္ဇ္ဟာ သူတို႔ သတ္မွတ္ထားတဲ့ တန္ေၾကးထက္ ေလ်ာ့နည္းျပီးေတာ့ ခ်ယ္ဆီးအသင္းကို ေျပာင္းေရႊ႕ခ်င္တယ္ဆိုရင္ ခြင့္ျပဳမွာ မဟုတ္ေၾကာင္း ထပ္မံ သတိေပးလိုက္ပါတယ္။ ဟာဗက္ဇ္နဲ႕ ခ်ယ္ဆီး အေျပာင္းအေရႊ႕ဟာ ေအာင္ျမင္လုနီးပါး ျဖစ္ေပမယ့္ ကလပ္နွစ္သင္းၾကား ညွိႏိႈင္းမႈကေတာ့ သေဘာတူညီမႈ မရေသးပါဘူး။
ကိုင္ဟာဗက္ဇ္ အတြက္ လီဗာကူဆင္က ေပါင္ သန္း ၉၀ တန္ေၾကး သတ္မွတ္ထားျပီး ေစ်းကိုင္ေနေပမယ့္ ခ်ယ္ဆီးရဲ႕ ေနာက္ဆံုး ကမ္းလွမ္းမႈက ဘြန္ဒစ္လီဂါကလပ္ အလိုရွိတာထက္ သန္း ၂၀ ေလ်ာ့နည္းေနေသးတယ္ လို႔ သိရပါတယ္။
ခ်ယ္ဆီးအသင္းဟာ တိုက္စစ္မွာ ဇီယက္နဲ႕ တီမို၀ါနာကို ျဖည့္တင္းျပီး ျဖစ္ေပမယ့္ ကိုင္ဟာဗက္ဇ္ကို ေခၚယူဖို႔ နည္းျပ လမ္းပတ္က အသည္းအသန္ အလိုရွိေနတာေၾကာင့္ ညွိနႈိင္းမႈကို အဆံုးမသတ္နုိင္ဘဲ အခ်ိန္ၾကာလာေနတာ ျဖစ္ပါတယ္။ ခ်ယ္ဆီးအသင္းရဲ႕ ေနာက္ရာသီ ပရီးမီးယားလိဂ္ အဖြင့္ပြဲကလည္း ေနာက္ သံုးပတ္ေနရင္ ကစားရေတာ့မွာ ျဖစ္လို႔ ဟာဗက္ဇ္ကို ေခၚယူျပီး အသင္းေဖာ္သစ္ေတြနဲ႕ အေျခက်ေစခ်င္ရင္ အျမန္ အျပီးသတ္ရမယ့္ အေနအထား ျဖစ္ေနပါတယ္။
လီဗာကူဆင္ဘက္ကေတာ့ ဟာဗက္ဇ္ အတြက္ ကမ္းလွမ္းမႈကို ၾသဂုတ္ ၂၈ ရက္ေန႔ ေနာက္ဆံုးထား ကမ္းလွမ္းဖို႔ အသိေပးထားတယ္လို႔လည္း သတင္းထြက္ပၚ ထားပါတယ္။ လီဗာကူဆင္ အားကစား ဒါရိုက္တာ ဗိုလာက ကိုင္ဟာဗက္ဇ္ကို ရဖို႔ ကိုရိုနာ ဒစ္စေကာင့္ ရမယ္ မေမွ်ာ္လင့္ဖို႔လည္း ထုတ္ေဖာ္ သတိေပးထားျပီး ျဖစ္ကာ ေစ်းေလွ်ာ့မွာ မဟုတ္ဘူးလို႔ အခုလို ထပ္မံ ေျပာဆိုလာခဲ့တာ ျဖစ္ပါတယ္။
” ကိုရိုနာေၾကာင့္ ကစားသမား ေတာ္ေတာ္မ်ားမ်ားရဲ႕ ေျပာင္းေရႊ႕ေၾကးေတြက က်ဆင္းလာတယ္။ ဒါေပမယ့္ ကိုရိုနာက ကိုရိုနာပဲ။ အဲဒါက ဟာဗက္ဇ္ လို ေဂ်ဒန္ ဆန္ခ်ိဳ လို ကစားသမားေတြနဲ႕ မဆိုင္ပါဘူး။ သူတို႔ အတြက္ ကိုရိုနာ ဒစ္စေကာင့္ ရွိမွာ မ ဟုတ္ဘူး။ သူတို႔ ေနာက္တစ္နွစ္ ထပ္ေနရင္ လက္ရွိ အသင္းေတြအတြက္ ေပ်ာ္စရာ ျဖစ္မွာပါ။ က်ေနာ္တို႔ လိုက္ပ္ဇစ္နဲ႕ ၀ါနာကို ၾကည့္ျပီး ေျပာင္းေရႊ႕ေၾကး ျမင့္ျမင့္ ရရင္ေတာင္ ဒီလို ကစားသမားေတြကို လက္လႊတ္ရတာ ထိခိုက္မႈပဲဆိုတာ ပိုသိလာေနရတယ္။ ” လို႔ လီဗာကူဆင္ အားကစား ဒါရိုက္တာ ဗိုလာက ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးအသင္းဟာ တတိယေျမာက္ ေခၚယူမႈအျဖစ္ ကိုင္ဟာဗက္ဇ္ကို အျပီးသတ္ ေခၚယူဖို႔ လုပ္ေနေပမယ့္ ေမွ်ာ္မွန္းသေလာက္ ခရီးမေပါက္တာေၾကာင့္ လက္စတာ ခံစစ္မွူး ဘန္ေခ်၀ဲလ္ကို ေခၚယူဖို႔ အျပီးသတ္ အရွိန္ျမွင့္ လုပ္ေဆာင္ေနပါတယ္။ အဂၤလန္သား ခံစစ္မွဴးဟာ ခ်ယ္ဆီးအသင္းထံ ေပါင္ သန္း ၅၀ နဲ႕ ေရာက္ရွိေတာ့မယ္လို႔ ေရပန္းစားေနပါတယ္။