ယနေ့ နောက်ဆုံးရ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းတိုများ (22/08/20)

ဒေါ့မွန်တိုက်စစ်ကြယ်ပွင့် ဆန်ချိုက ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သတ်ပြီး သတင်းမီဒီယာတွေ ရေးသားသမျှကို ဖတ်ရှှုလေ့ မရှိကြောင်းနဲ့ နေ့စဉ် လေ့ကျင့်မှုကနေ တိုးတက်သွားဖို့သာ အာရုံစိုက်နေကြောင်း တုန့်ပြန် ဖြေကြားခဲ့ပါတယ်။

အပြောင်းအရွှေ့မှာ လက်တွေ့ အကောင်အထည်ပေါ်မှုတွေ မရှိသေးတဲ့ ယူနိုက်တက်ဟာ လာမယ့် သီတင်းပတ်ထဲမှာတော့ ကစားသမား အဝင်အထွက် သတင်းတွေ ခပ်ကြမ်းကြမ်း မြင်ရဖို့ ရှိနေပြီး ခံစစ် ကစားသမား သုံးဦး ရောင်းထုတ်သွားရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ စမောလင်း၊ ရိုဂျိုနဲ့ ဖီးလ်ဂျုံးစ်တို့ သုံးဦး ရောင်းချသွားရန် ပြင်ဆင်နေပါတယ်။

ရန်ပွဲကြောင့် ဂရိမှာ ထိန်းသိမ်းခံထားရတဲ့ မက်ဂွဲရားအတွက် ရုံးချိန်းဟာ အင်္ဂါနေ့ ရွှေ့ဆိုင်းထားတာကြောင့် ဒီကြားထဲ အင်္ဂလန် ပြန်လိုက ပြန်ဖို့ ခွင့်ပြုထားကြောင်း သိရပါတယ်။ မက်ဂွဲရားဟာ တဖက်သားကို နာကျင်စေမှု၊ အကြမ်းဖက်မှုတွေ အပြင် ရဲကို တုန့်ပြန်တာနဲ့ လာဘ်ထိုးဖို့ ကြိုးစားတာတွေ အတွက် စွဲချက် တင်ခံထားရပြီး ၎င်းကတော့ ထိုစွဲချက်များ အားလုံးကို ငြင်းဆန်ထားပါတယ်။

မန်ချယ်စတာ ယူနိုကတက် အစွန်ခံစစ်မှူး ဒါလော့ကို လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီ အသင်းက ခေါ်ယူဖို့ စောင့်ကြည့်နေပြီး ပရီးမီးယားလိဂ်ကလပ် အဲဗာတန်ကလည်း ခေါ်ယူလိုနေပါတယ်။ ဒါပေမယ့် ဒါလော့အတွက် တရားဝင် ကမ်းလှမ်းမှုကိုတော့ နှစ်သင်းလုံး မပြုလုပ်သေးပါဘူး။

ကစားသမား ဝယ်ယူဖို့ နှောင့်နှေးနေပြီး ကိုရိုနာ အကြပ်အတည်း ကာလကြောင့် ယူနိုက်တက်ဟာ ငွေအလုံးအရင်း ထုတ်သုံးဖို့ လက်တွန့်နေသော်လည်း ယူနိုက်တက် အသင်းပိုင်ရှင် ဂလေဇာ မိသားစုဟာ ရှယ်ယာရှင်တွေကို အမြတ်ငွေ ပေါင် ၁၁.၄သန်း ခွဲဝေပေးခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ဒီနွေမှာ မက်ဂွဲရားနဲ့ တွဲဖက် ကစားဖို့ ဗဟိုခံစစ်သမား ရှာဖွေတာ အပြင် အသင်းမှာ ဦးဆောင်နိုင်မှုပိုင်း လိုအပ်ချက်တွေလည်း ရှိနေသေးကြောင်း ရော်ဘီ ဆားဗေ့ချ်က သုံးသပ် ထောက်ပြလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်မှာ မာရှယ် တစ်ဦးတည်းကိုပဲ ပုံအပ်ပြီး အားကိုးနေလို့ မရဘဲ အထောင် တိုက်စစ်တစ်ဦး ထပ်မံ ခေါ်ယူသင့်ကြောင်း ယူနိုက်တက် ကစားသမားဟောင်း ပေါလ် ပါကာ က တိုက်တွန်းခဲ့ပါတယ်။

Zawgyi – ေဒါ့မြန္တိုက္စစ္ၾကယ္ပြင့္ ဆန္ခ်ိဳက ယူနုိက္တက္နဲ႕ အေျပာင္းအေရႊ႕ သတင္းေတြ ထြက္ေပၚေနတာနဲ႕ ပတ္သတ္ျပီး သတင္းမီဒီယာေတြ ေရးသားသမွ်ကို ဖတ္ရွႈေလ့ မရွိေၾကာင္းနဲ႕ ေန႔စဥ္ ေလ့က်င့္မႈကေန တိုးတက္သြားဖို႔သာ အာရံုစိုက္ေနေၾကာင္း တုန္႔ျပန္ ေျဖၾကားခဲ့ပါတယ္။

အေျပာင္းအေရႊ႕မွာ လက္ေတြ႔ အေကာင္အထည္ေပၚမႈေတြ မရွိေသးတဲ့ ယူနိုက္တက္ဟာ လာမယ့္ သီတင္းပတ္ထဲမွာေတာ့ ကစားသမား အ၀င္အထြက္ သတင္းေတြ ခပ္ၾကမး္ၾကမ္း ျမင္ရဖို႔ ရွိေနျပီး ခံစစ္ ကစားသမား သုံးဦး ေရာင္းထုတ္သြားရန္ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။ ယူနိုက္တက္ဟာ စေမာလင္း၊ ရိုဂ်ိဳနဲ႕ ဖီးလ္ဂ်ံဳးစ္တို႔ သံုးဦး ေရာင္းခ်သြားရန္ ျပင္ဆင္ေနပါတယ္။

ရန္ပြဲေၾကာင့္ ဂရိမွာ ထိန္းသိမ္းခံထားရတဲ့ မက္ဂြဲရားအတြက္ ရံုးခ်ိန္းဟာ အဂၤါေန႔ ေရႊ႕ဆိုင္းထားတာေၾကာင့္ ဒီၾကားထဲ အဂၤလန္ ျပန္လိုက ျပန္ဖို႔ ခြင့္ျပဳထားေၾကာင္း သိရပါတယ္။ မက္ဂြဲရားဟာ တဖက္သားကို နာက်င္ေစမႈ၊ အၾကမ္းဖက္မႈေတြ အျပင္ ရဲကို တုန္႔ျပန္တာနဲ႕ လာဘ္ထိုးဖို႔ ၾကိဳးစားတာေတြ အတြက္ စြဲခ်က္ တင္ခံထားရျပီး ၄င္းကေတာ့ ထိုစြဲခ်က္မ်ား အားလံုးကို ျငင္းဆန္ထားပါတယ္။

မန္ခ်ယ္စတာ ယူနုိ္ကတက္ အစြန္ခံစစ္မွဴး ဒါေလာ့ကို လီဂူး၀မ္း ထိပ္သီး ပီအက္စ္ဂ်ီ အသင္းက ေခၚယူဖို႔ ေစာင့္ၾကည့္ေနျပီး ပရီးမီးယားလိဂ္ကလပ္ အဲဗာတန္ကလည္း ေခၚယူလိုေနပါတယ္။ ဒါေပမယ့္ ဒါေလာ့အတြက္ တရား၀င္ ကမ္းလွမ္းမႈကိုေတာ့ နွစ္သငး္လံုး မျပဳလုပ္ေသးပါဘူး။

ကစားသမား ၀ယ္ယူဖို႔ ေနွာင့္ေနွးေနျပီး ကိုရိုနာ အၾကပ္အတည္း ကာလေၾကာင့္ ယူနိုက္တက္ဟာ ေငြအလံုးအရင္း ထုတ္သံုးဖို႔ လက္တြန္႔ေနေသာ္လည္း ယူနုိက္တက္ အသင္းပိုင္ရွင္ ဂေလဇာ မိသားစုဟာ ရွယ္ယာရွင္ေတြကို အျမတ္ေငြ ေပါင္ ၁၁.၄သန္း ခြဲေ၀ေပးခဲ့တယ္လို႔ သိရပါတယ္။

ယူနိုက္တက္ဟာ ဒီေႏြမွာ မက္ဂြဲရားနဲ႕ တြဲဖက္ ကစားဖို႔ ဗဟိုခံစစ္သမား ရွာေဖြတာ အျပင္ အသင္းမွာ ဦးေဆာင္နုိင္မႈပိုင္း လိုအပ္ခ်က္ေတြလည္း ရွိေနေသးေၾကာင္း ေရာ္ဘီ ဆားေဗ့ခ်္က သံုးသပ္ ေထာက္ျပလိုက္ပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ဟာ တိုက္စစ္မွာ မာရွယ္ တစ္ဦးတည္းကိုပဲ ပံုအပ္ျပီး အားကိုးေနလို႔ မရဘဲ အေထာင္ တိုက္စစ္တစ္ဦး ထပ္မံ ေခၚယူသင့္ေၾကာင္း ယူနုိက္တက္ ကစားသမားေဟာင္း ေပါလ္ ပါကာ က တိုက္တြန္းခဲ့ပါတယ္။