ဂိုးသမား ဒီဂီယာကို ယူနိုက်တက်တို့ ဘယ်လို စီမံသင့်သလဲ ဖာဒီနန် သုံးသပ် အကြံပြု

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်က ပွဲထွက် ဂိုးသမား ဒီဂီယာဟာ အမှားတွေကြောင့် ဝေဖန်ခံရမှုတွေ ရှိနေသော်လည်း နည်းပြ ဆိုးရှား အတွက်တော့ အားထားရဆဲ ကစားသမားကောင်း တစ်ယောက် ဖြစ်နေသေးကြောင်း ထောက်ခံ သုံးသပ်လိုက်ပါတယ်။ စပိန်သား ဂိုးသမားဟာ ဒီတလောနှစ်တွေအတွင်း အမှားအယွင်းတွေ ရှိလာတာကြောင့် ဂိုးသမားသစ် ခေါ်ယူ အစားထိုး ခံရတော့မယ်လို့ သတင်းကြီးနေပါတယ်။

လူငယ် ဂိုးသမား ဒင်း ဟန်ဒါဆန်က ရှက်ဖီးမှာ အငှားထွက်ကစားရင်း တောက်ပလာတာကလည်း ဒီဂီယာ အတွက် ဖိအား ဖြစ်လာနေပြီး ဟန်ဒါဆန် ကိုယ်တိုင်က ယူနိုက်တက်ထံ ပြန်လာရရင် ပွဲထွက် နံပါတ် တစ် ဖြစ်လိုကြောင်း ဖွင့်ဟထားခဲ့ပါတယ်။ ဖာဒီနန်ကတော့ ဒီဂီယာဟာ အခုလိုပဲ ဝေဖန်မှုတွေကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်ရင် ယခင် လက်စွမ်းကောင်းများ ပြန်ရလာနိုင်တယ် ယုံကြည်မှု ရှိနေပါတယ်။

” ဒေးဗစ် ဒီဂီယာက သူ ရှိခဲ့ဖူးတဲ့ အရည်အချင်းတွေကို ပြန် ဖော်ထုတ်နိုင်ပါတယ်။ သူ့ လက်စွမ်း ဘယ်လောက် ရှိတယ်ဆိုတာ နှစ်တွေ အများကြီး ချီပြီး သက်သေပြပြီးပြီ။ သူ ဘယ်လောက် ကောင်းတယ် ဆိုတာ ကျနေ်ာတို့ မျက်ဝါးထင်ထင် မြင်ခဲ့ရတဲ့ အချိန်တွေ ရှိပါတယ်။ အခုနေမှာ သူ သီတင်းပတ် အနည်းငယ် နားပြီးရင် အာရုံစူးစိုက်မှု အပြည့်နဲ့ ပြန်လာပြီး အသစ်ပြန် ကြိုးစားလို့ရတယ်။ သူ့မှာ အရင် လယ်ဗယ် ပြန်ရောက်ဖို့ လုပ်နိုင်တဲ့ စိတ်ဓာတ်ပိုင်း ကြံ့ခိုင်မှုလည်း ရှိတယ်။

သူက မန်ချက်စတာ ယူနိုက်တက်ရဲ့ ထိပ်တန်း ကစားသမား တစ်ဦးပဲလို့ ကျနော် မြင်တုန်းပါ။ ဒါပေမယ့် ဒါကို ပြန် သက်သေပြဖို့တော့ လိုတာပေါ့။ အရင်ကလည်း ဒီလိုပဲ သူ ခက်ခဲတဲ့ အခိုက်အတန့်တွေ ကြုံဖူးတယ် ပြီး ပြန်လာနိုင်ခဲ့တာပဲ။ သူက ဂိုးသမားကောင်း တစ်ဦး ဖြစ်သလို အသင်းအတွက် နှစ်တွေချီပြီး လက်စွမ်းပြခဲ့သူပါ။ ” လို့ ဖာဒီနန်က သုံးသပ် ပြောဆိုခဲ့ပြီး ဒီဂီယာကို အချိန်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် ဖာဒီနန်က ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ရဲ့ အသင်းအပေါ် သက်ရောက်မှုကြီးစွာ ကူညီနေမှုကိုလည်း အားရနေပြီး ချီးကျူးစကား ဆိုခဲ့ပါတယ်။

” ဖာနန်ဒက်စ်ကတော့ အသင်းအတွက် လန်းဆန်းမှုတွေ ယူဆောင်ပေးလာခဲ့တယ်။ အသင်းရဲ့ ရည်မှန်းထားတဲ့ အနေအထား ရောက်လာအောင် သူက လမ်းဖွင့်ပေးခဲ့တယ်။ မားကပ်ရက်ဖို့ဒ်၊ မာရှယ်တို့ ဂရင်းဝုဒ်တို့ကို ကြည့်ပါ။ ဖာနန်ဒက်စ် ဘောလုံးရတာနဲ့ သူတို့ ပြေးတက်သွားပြီ။ အခွင့်အရေးတွေက ရလာတော့မယ် ဆိုတာ သိတယ်။ သူကလည်း ဘောလုံးပေးဖို့ လှမ်းခေါ်နေစရာကို မလိုဘူး။ ဒါက ထိပ်တန်း ကစားသမားတွေ ပြုမူပုံပါ။ သူတို့ ဝင်လာတာနဲ့ အသင်းတစ်သင်းလုံး ပုံစံ ပြောင်းသွားစေခဲ့တာ။ ဒါကို ယူနိုက်တက်မှာ ဖာနန်ဒက်စ် လုပ်ပြနေပါတယ်။ ” လို့ ဖာဒီနန်က ချီးကျူးခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ ကစားသမားေဟာင္းၾကီး ရီယို ဖာဒီနန္က ပြဲထြက္ ဂိုးသမား ဒီဂီယာဟာ အမွားေတြေၾကာင့္ ေ၀ဖန္ခံရမႈေတြ ရွိေနေသာ္လည္း နည္းျပ ဆိုးရွား အတြက္ေတာ့ အားထားရဆဲ ကစားသမားေကာင္း တစ္ေယာက္ ျဖစ္ေနေသးေၾကာင္း ေထာက္ခံ သံုးသပ္လိုက္ပါတယ္။ စပိန္သား ဂိုးသမားဟာ ဒီတေလာနွစ္ေတြအတြင္း အမွားအယြင္းေတြ ရွိလာတာေၾကာင့္ ဂိုးသမားသစ္ ေခၚယူ အစားထိုး ခံရေတာ့မယ္လို႔ သတင္းၾကီးေနပါတယ္။

လူငယ္ ဂိုးသမား ဒင္း ဟန္ဒါဆန္က ရွက္ဖီးမွာ အငွားထြက္ကစားရင္း ေတာက္ပလာတာကလည္း ဒီဂီယာ အတြက္ ဖိအား ျဖစ္လာေနျပီး ဟန္ဒါဆန္ ကုိယ္တိုင္က ယူနိုက္တက္ထံ ျပန္လာရရင္ ပြဲထြက္ နံပါတ္ တစ္ ျဖစ္လိုေၾကာင္း ဖြင့္ဟထားခဲ့ပါတယ္။ ဖာဒီနန္ကေတာ့ ဒီဂီယာဟာ အခုလိုပဲ ေ၀ဖန္မႈေတြၾကံ႕ၾကံ႕ခံ ေက်ာ္ျဖတ္နုိင္ရင္ ယခင္ လက္စြမ္းေကာင္းမ်ား ျပန္ရလာနိုင္တယ္ ယံုၾကည္မႈ ရွိေနပါတယ္။

” ေဒးဗစ္ ဒီဂီယာက သူ ရွိခဲ့ဖူးတဲ့ အရည္အခ်င္းေတြကို ျပန္ ေဖာ္ထုတ္နုိင္ပါတယ္။ သူ႕ လက္စြမ္း ဘယ္ေလာက္ ရွိတယ္ဆိုတာ နွစ္ေတြ အမ်ားၾကီး ခ်ီျပီး သက္ေသျပျပီးျပီ။ သူ ဘယ္ေလာက္ ေကာင္းတယ္ ဆိုတာ က်ေန္ာတို႔ မ်က္၀ါးထင္ထင္ ျမင္ခဲ့ရတဲ့ အခ်ိန္ေတြ ရွိပါတယ္။ အခုေနမွာ သူ သီတင္းပတ္ အနည္းငယ္ နားျပီးရင္ အာရံုစူးစိုက္မႈ အျပည့္နဲ႕ ျပန္လာျပီး အသစ္ျပန္ ၾကိဳးစားလို႔ရတယ္။ သူ႔မွာ အရင္ လယ္ဗယ္ ျပန္ေရာက္ဖို႔ လုပ္နုိင္တဲ့ စိတ္ဓာတ္ပိုင္း ၾကံ႕ခိုင္မႈလည္း ရွိတယ္။

သူက မန္ခ်က္စတာ ယူနုိက္တက္ရဲ႕ ထိပ္တန္း ကစားသမား တစ္ဦးပဲလို႕ က်ေနာ္ ျမင္တုန္းပါ။ ဒါေပမယ့္ ဒါကို ျပန္ သက္ေသျပဖို႕ေတာ့ လိုတာေပါ့။ အရင္ကလည္း ဒီလိုပဲ သူ ခက္ခဲတဲ့ အခုိက္အတန္႔ေတြ ၾကံဳဖူးတယ္ ျပီး ျပန္လာနုိင္ခဲ့တာပဲ။ သူက ဂိုးသမားေကာင္း တစ္ဦး ျဖစ္သလို အသင္းအတြက္ နွစ္ေတြခ်ီျပီး လက္စြမ္းျပခဲ့သူပါ။ ” လို႔ ဖာဒီနန္က သံုးသပ္ ေျပာဆိုခဲ့ျပီး ဒီဂီယာကို အခ်ိန္ေပးဖို႔ တုိက္တြန္းခဲ့ပါတယ္။

ဒါ့အျပင္ ဖာဒီနန္က ကြင္းလယ္ကစားသမား ဘရူနို ဖာနန္ဒက္စ္ရဲ႕ အသင္းအေပၚ သက္ေရာက္မႈၾကီးစြာ ကူညီေနမႈကိုလည္း အားရေနျပီး ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။

” ဖာနန္ဒက္စ္ကေတာ့ အသင္းအတြက္ လန္းဆန္းမႈေတြ ယူေဆာင္ေပးလာခဲ့တယ္။ အသင္းရဲ႕ ရည္မွန္းထားတဲ့ အေနအထား ေရာက္လာေအာင္ သူက လမ္းဖြင့္ေပးခဲ့တယ္။ မားကပ္ရက္ဖို႔ဒ္၊ မာရွယ္တို႔ ဂရင္း၀ုဒ္တို႔ကို ၾကည့္ပါ။ ဖာနန္ဒက္စ္ ေဘာလံုးရတာနဲ႕ သူတို႔ ေျပးတက္သြားျပီ။ အခြင့္အေရးေတြက ရလာေတာ့မယ္ ဆိုတာ သိတယ္။ သူကလည္း ေဘာလံုးေပးဖို႔ လွမ္းေခၚေနစရာကို မလိုဘူး။ ဒါက ထိပ္တန္း ကစားသမားေတြ ျပဳမူပံုပါ။ သူတို႔ ၀င္လာတာနဲ႕ အသင္းတစ္သင္းလံုး ပံုစံ ေျပာင္းသြားေစခဲ့တာ။ ဒါကို ယူနိုက္တက္မွာ ဖာနန္ဒက္စ္ လုပ္ျပေနပါတယ္။ ” လို႔ ဖာဒီနန္က ခ်ီးက်ဴးခဲ့ပါတယ္။