ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ လမ်းပတ်ရဲ့ ချယ်ဆီးအသင်း အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့တဲ့ လူငယ်တိုက်စစ်မှူး အေဗရာဟမ်ကတော့ သူ့ကစားသမားဘဝမှာ ထိပ်တန်း ဆုဖလားတွေနဲ့ တစ်ဦးချင်း ထူးချွန်ဆုတွေ ရယူဖို့ ရည်မှန်းချက်ကြီး ရှိထားကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ အသက် ၂၂ နှစ် အရွယ် အင်္ဂလန်သားဟာ ငယ်ရွယ်ပေမယ့် အနောက်လန်ဒန်ကလပ်ရဲ့ အဓိက တိုက်စစ်မှူး တစ်ဦး ဖြစ်ပါတယ်။
အပြောင်းအရွှေ့ ပိတ် ပြစ်ဒဏ် ကင်းလွတ်သွားပြီ ဖြစ်လို့ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်နေတဲ့ ချယ်ဆီးအသင်းမှာ နောက်ရာသီ ဆိုရင်တော့ ပွဲကစားခွင့်အတွက် ပို ပြင်းထန်တဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ အေဗရာဟမ်ကတော့ အဲဒီအတွက် တိုက်ပွဲဝင်သွားပြီး ကစားသမား ဘဝတလောျက် ထိပ်တန်း ဆုဖလားတွေ ရယူသွားဖို့ ပစ်မှတ်ထားနေပါတယ်။
” ကျနော် ကစားသမားဘဝက အနားယူသွားပြီ ဆိုရင် နောက်ပြန်လှည့်ကြည့်ပြီး ငါ အကောင်းဆုံး လုပ်ခဲ့တယ် ရနိုင်သမျှ အကောင်းဆုံးတွေ ရယူခဲ့တယ်လို့ ပြန်ပြောချင်ပါတယ်။ ကျနော်က ပရီးမိးယားလိဂ်၊ ချန်ပီယံလိဂ်၊ ကမ္ဘာ့ဖလားတွေ၊ ရွှေဖိနပ်ဆုတွေ အားလုံး ရယူချင်တယ်။ ဒါတွေ အားလုံး ကျနော့် ရေဒါထဲမှာ ထည့်ထားတယ်။
ကျနော့် ရည်မှန်းချက်ကတော့ အနားယူသွားချိန်မှာ အားလုံး လုပ်ပြနိုင်ခဲ့တာကိုပါပဲ။ ကျနော့် ခန္ဒာကိုယ်ကလည်း ဆဌမအာရုံလို သိစိတ် တစ်မျိုးနဲ့ ဒါက ဖြစ်လာလိမ့်မယ်လို့ ထောက်ခံမှု ပေးနေတယ်။ ” လို့ တိုက်စစ်မှူး အေဗရာဟမ်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးနဲ့ အတူ ထူးချွန်စွာ ခြေစွမ်းပြခဲ့တာကြောင့် အေဗရာဟမ်ဟာ ပြီးခဲ့တဲ့ နှစ်ကပဲ အင်္ဂလန် လက်ရွေးစင် အသင်းမှာပါ ရွေးချယ်ခံခဲ့ရပြီး ဒါကပဲ သူ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေကြောင်း သိသာစေခဲ့တယ်လို့ အေဗရာဟမ်က ဆိုပါတယ်။
” အင်္ဂလန်အသင်းးက ကျနော့် ကို ခေါ်ပြီဆိုတာ လုံး၀ သတင်းကြီးပါပဲ။ ဒါက ကျနော် လုပ်နေတာ မှန်တယ်၊ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ် ဆိုတာနဲ့ ဒါကို လူတိုင်းကလည်း သိကြတယ် ဆိုတဲ့ သဘောပါ။ ဟယ်ရီကိန်း၊ ဂျင်မီ ဗာဒီ၊ စတားလင်း၊ ဂျော်ဒန် ဟန်ဒါဆန် စတဲ့ ကစားသမားတွေနဲ့ ကွင်းထဲမှာ တူတူ နေ့တိုင်း လေ့ကျင့်ခွင့်ရနေတာက ရူးလောက်စရာပဲ။ ” လို့ အေဗရာဟမ်က ဖွင့်ဟခဲ့ပါတယ်။
Zawgyi – ျပီးခဲ့တဲ့ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္း အဓိက ကစားသမား တစ္ဦး ျဖစ္လာခဲ့တဲ့ လူငယ္တိုက္စစ္မွဴး ေအဗရာဟမ္ကေတာ့ သူ႔ကစားသမားဘ၀မွာ ထိပ္တန္း ဆုဖလားေတြနဲ႕ တစ္ဦးခ်င္း ထူးခၽြန္ဆုေတြ ရယူဖို႔ ရည္မွန္းခ်က္ၾကီး ရွိထားေၾကာင္း ဖြင့္ဟ ေျပာဆိုလာခဲ့ပါတယ္။ အသက္ ၂၂ နွစ္ အရြယ္ အဂၤလန္သားဟာ ငယ္ရြယ္ေပမယ့္ အေနာက္လန္ဒန္ကလပ္ရဲ႕ အဓိက တိုက္စစ္မွဴး တစ္ဦး ျဖစ္ပါတယ္။
အေျပာင္းအေရႊ႕ ပိတ္ ျပစ္ဒဏ္ ကင္းလြတ္သြားျပီ ျဖစ္လို႔ ကစားသမား ေခၚယူမႈေတြ ျပဳလုပ္ေနတဲ့ ခ်ယ္ဆီးအသင္းမွာ ေနာက္ရာသီ ဆိုရင္ေတာ့ ပြဲကစားခြင့္အတြက္ ပို ျပင္းထန္တဲ့ စိန္ေခၚမႈေတြ ရင္ဆိုင္ရေတာ့မွာ ျဖစ္ပါတယ္။ ေအဗရာဟမ္ကေတာ့ အဲဒီအတြက္ တိုက္ပြဲ၀င္သြားျပီး ကစားသမား ဘ၀တေလာ်က္ ထိပ္တန္း ဆုဖလားေတြ ရယူသြားဖို႔ ပစ္မွတ္ထားေနပါတယ္။
” က်ေနာ္ ကစားသမားဘ၀က အနားယူသြားျပီ ဆိုရင္ ေနာက္ျပန္လွည့္ၾကည့္ျပီး ငါ အေကာင္းဆံုး လုပ္ခဲ့တယ္ ရနုိင္သမွ် အေကာင္းဆံုးေတြ ရယူခဲ့တယ္လို႔ ျပန္ေျပာခ်င္ပါတယ္။ က်ေနာ္က ပရီးမိးယားလိဂ္၊ ခ်န္ပီယံလိဂ္၊ ကမၻာ့ဖလားေတြ၊ ေရႊဖိနပ္ဆုေတြ အားလံုး ရယူခ်င္တယ္။ ဒါေတြ အားလံုး က်ေနာ့္ ေရဒါထဲမွာ ထည့္ထားတယ္။
က်ေနာ့္ ရည္မွန္းခ်က္ကေတာ့ အနားယူသြားခ်ိန္မွာ အားလံုး လုပ္ျပနုိင္ခဲ့တာကိုပါပဲ။ က်ေနာ့္ ခႏၵာကိုယ္ကလည္း ဆဌမအာရံုလို သိစိတ္ တစ္မ်ိဳးနဲ႕ ဒါက ျဖစ္လာလိမ့္မယ္လို႔ ေထာက္ခံမႈ ေပးေနတယ္။ ” လို႔ တိုက္စစ္မွဴး ေအဗရာဟမ္က ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးနဲ႕ အတူ ထူးခၽြန္စြာ ေျခစြမ္းျပခဲ့တာေၾကာင့္ ေအဗရာဟမ္ဟာ ျပီးခဲ့တဲ့ နွစ္ကပဲ အဂၤလန္ လက္ေရြးစင္ အသင္းမွာပါ ေရြးခ်ယ္ခံခဲ့ရျပီး ဒါကပဲ သူ လမ္းေၾကာင္းမွန္ေပၚမွာ ရွိေနေၾကာင္း သိသာေစခဲ့တယ္လို႔ ေအဗရာဟမ္က ဆိုပါတယ္။
” အဂၤလန္အသင္းးက က်ေနာ့္ ကို ေခၚျပီဆိုတာ လံုး၀ သတင္းၾကီးပါပဲ။ ဒါက က်ေနာ္ လုပ္ေနတာ မွန္တယ္၊ လမ္း္ေၾကာင္းမွန္ေပၚမွာ ရွိေနတယ္ ဆိုတာနဲ႕ ဒါကို လူတိုင္းကလည္း သိၾကတယ္ ဆိုတဲ့ သေဘာပါ။ ဟယ္ရီကိန္း၊ ဂ်င္မီ ဗာဒီ၊ စတားလင္း၊ ေဂ်ာ္ဒန္ ဟန္ဒါဆန္ စတဲ့ ကစားသမားေတြနဲ႕ ကြင္းထဲမွာ တူတူ ေန႔တိုင္း ေလ့က်င့္ခြင့္ရေနတာက ရူးေလာက္စရာပဲ။ ” လို႔ ေအဗရာဟမ္က ဖြင့္ဟခဲ့ပါတယ္။