မန်ချက်စတာ ယူနိုက်တက်မှာ နည်းပြလာလုပ်ဖို့ စိတ်ကူးရှိနေတဲ့ ဝါရင့်နည်းပြ ကွန်တီ

မန်ချက်စတာ ယူနိုက်တက်ဟာ လောလောဆယ်မှာတော့ အသင်း မန်နေဂျာ ဆိုးရှားနဲ့ အခြေကျနေပြီ ဆိုရမှာ ဖြစ်သောလည်း ကြိုမမြင်ရတဲ့ အနာဂတ်မှာ နော်ဝေသားကြီးဟာ ယူနိုက်တက်နဲ့ အတူ ဘယ်လောက်ထိ ရှိမယ်ဆိုတာ ပြောမရနိုင်သေးဘူး ဆိုရမှာပါ။ မော်ဒန် ဘောလုံးလောကမှာတော့ အရင်လို တစ်သင်းတည်း အကြာကြီး ကိုင်တွယ်တဲ့ သက်တော်ရှည် နည်းပြတွေ မြင်ရဖို့ ခဲယဉ်းလာပြီ ဖြစ်ပါတယ်။

တကယ်လို့ ဆိုးရှားနဲ့ ယူနိုကတက်သာ အဆင်မပြေတဲ့ အချိန်ကျရင် အသင့် ဝင် နေရာယူလိုတဲ့ နည်းပြတွေ ရှိနေပြီး အဲဒီထဲမှာ လက်ရှိ အင်တာမီလန်အသင်းကို ကိုင်တွယ်နေတဲ့ ဝါရင့်နည်းပြ ကွန်တီ တစ်ယောက်လည်း အပါအဝင် ဖြစ်ပါတယ်။

အီတလီသား နည်းပြကြီးဟာ ဘောလုံးလောကထဲမှာတော့ နာမည်ကောင်း ရှိ လူသိများသူ ဖြစ်ကာ အထူးသဖြင့် အီတလီနဲ့ အင်္ဂလန်မှာ ရေပန်းစားသူ ဖြစ်ပါတယ်။ ဂျူဗင်တပ်နဲ့ အီတလီ လက်ရွေးစင် အသင်းကို နည်းပြ ပြီး အောင်မြင်လာတဲ့ ကွန်တီဟာ ပရီးမီးယားလိဂ် ချယ်ဆီးအသင်းကို ရောက်ချိန်မှာလည်း ၎င်းရဲ့ ပွဲဦးထွက်ရာသီမှာတင် လန်ဒန်ကလပ်နဲ့ အမှတ်ပေးဖလား ရယူနိုင်ခဲ့ပါတယ်။ ဒါက အောင်မြင်မှုကြီး တစ်ရပ်လို့ အသိအမှတ်ပြုရနိုင်ပါတယ်။

ကွန်တီဟာ ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်ကို နည်းပြ အဖြစ် တာဝန်ယူလိုကြောင်း ယခင်တည်းက ကောလဟာလသတင်းတွေ ရှိခဲ့ပြီး အခုထိလည်း အဲဒီ သဘောထား ရှိနေသေးကြောင်း အီတလီသတင်းထောက် ရိုမီယို အာရက်စတီက ဖော်ထုတ်လိုက်ပါတယ်။

အသက် ၅၂ နှစ် အရွယ် အီတလီသားဟာ လက်ရှိ အင်တာမီလန်အသင်းမှာတော့ ဒီရာသီ စီးရီးအေမှာရော ယူရိုပါလိဂ်မှာပါ ဆုဖလား အောင်မြင်မှု မရယူနိုင်ခဲ့ပေမယ့် မအောင်မြင်သေးဘူး ဖြစ်နေကာ အင်တာမှာ ဆက်ရှိဖို့ပါ မရေရာတဲ့ အနေအထား ဖြစ်နေပါတယ်။

သတင်းထောက် အာရက်စတီ အဆိုအရ နည်းပြ ကွန်တီဟာ အင်တာမီလန်ကနေ ထွက်ခွာပြီး ခေတ္တ အနားယူလိုနေကာ အဲဒီနောက်မှာတော့ အိုးထရက်ဖို့ဒ်သို့ လာပြီး ယူနိုက်တက် နည်းပြ လုပ်ဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဆုဖလားကြီးတွေ ပြန်စိန်ခေါ်နိုင်ဖို့ အခုထိ ပြုပြင်တည်ဆောက် နေရဆဲ ဖြစ်ကာ ဒီရာသီမှာလည်း ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ်ထိ တက်ရောက်နိုင်ခဲ့သော်လည်း ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခြင်း မရှိသေးပါဘူး။ ကွန်တီ အနေနဲ့ ဆိုးရှား နောက် ယူနိုက်တက်ကို ကိုင်တွယ်ခွင့် ရဖို့ စိတ်ရှည်စွာ စောင့်ဆိုင်းရမယ့် အနေအထားတော့ ရှိနေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ဟာ ေလာေလာဆယ္မွာေတာ့ အသင္း မန္ေနဂ်ာ ဆိုးရွားနဲ႕ အေျခက်ေနျပီ ဆိုရမွာ ျဖစ္ေသာလည္း ၾကိဳမျမင္ရတဲ့ အနာဂတ္မွာ ေနာ္ေ၀သားၾကီးဟာ ယူနိုက္တက္နဲ႕ အတူ ဘယ္ေလာက္ထိ ရွိမယ္ဆိုတာ ေျပာမရနုိင္ေသးဘူး ဆိုရမွာပါ။ ေမာ္ဒန္ ေဘာလံုးေလာကမွာေတာ့ အရင္လို တစ္သင္းတည္း အၾကာၾကီး ကိုင္တြယ္တဲ့ သက္ေတာ္ရွည္ နည္းျပေတြ ျမင္ရဖို႔ ခဲယဥ္းလာျပီ ျဖစ္ပါတယ္။

တကယ္လို႔ ဆိုးရွားနဲ႕ ယူနုိကတက္သာ အဆင္မေျပတဲ့ အခ်ိန္က်ရင္ အသင့္ ၀င္ ေနရာယူလိုတဲ့ နည္းျပေတြ ရွိေနျပီး အဲဒီထဲမွာ လက္ရွိ အင္တာမီလန္အသင္းကို ကိုင္တြယ္ေနတဲ့ ၀ါရင့္နည္းျပ ကြန္တီ တစ္ေယာက္လည္း အပါအ၀င္ ျဖစ္ပါတယ္။

အီတလီသား နည္းျပၾကီးဟာ ေဘာလံုးေလာကထဲမွာေတာ့ နာမည္ေကာင္း ရွိ လူသိမ်ားသူ ျဖစ္ကာ အထူးသျဖင့္ အီတလီနဲ႕ အဂၤလန္မွာ ေရပန္းစားသူ ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္နဲ႕ အီတလီ လက္ေရြးစင္ အသင္းကို နည္းျပ ျပီး ေအာင္ျမင္လာတဲ့ ကြန္တီဟာ ပရီးမီးယားလိဂ္ ခ်ယ္ဆီးအသင္းကို ေရာက္ခ်ိန္မွာလည္း ၄င္းရဲ႕ ပြဲဦးထြက္ရာသီမွာတင္ လန္ဒန္ကလပ္နဲ႕ အမွတ္ေပးဖလား ရယူနုိင္ခဲ့ပါတယ္။ ဒါက ေအာင္ျမင္မႈၾကီး တစ္ရပ္လို႔ အသိအမွတ္ျပဳရနုိင္ပါတယ္။

ကြန္တီဟာ ပရီးမီးယားလိဂ္မွာ မန္ခ်က္စတာ ယူနုိက္တက္ကို နည္းျပ အျဖစ္ တာ၀န္ယူလိုေၾကာင္း ယခင္တည္းက ေကာလဟာလသတင္းေတြ ရွိခဲ့ျပီး အခုထိလည္း အဲဒီ သေဘာထား ရွိေနေသးေၾကာင္း အီတလီသတင္းေထာက္ ရိုမီယို အာရက္စတီက ေဖာ္ထုတ္လိုက္ပါတယ္။

အသက္ ၅၂ နွစ္ အရြယ္ အီတလီသားဟာ လက္ရွိ အင္တာမီလန္အသင္းမွာေတာ့ ဒီရာသီ စီးရီးေအမွာေရာ ယူရိုပါလိဂ္မွာပါ ဆုဖလား ေအာင္ျမင္မႈ မရယူနိုင္ခဲ့ေပမယ့္ မေအာင္ျမင္ေသးဘူး ျဖစ္ေနကာ အင္တာမွာ ဆက္ရွိဖို႔ပါ မေရရာတဲ့ အေနအထား ျဖစ္ေနပါတယ္။

သတင္းေထာက္ အာရက္စတီ အဆုိအရ နည္းျပ ကြန္တီဟာ အင္တာမီလန္ကေန ထြက္ခြာျပီး ေခတၱ အနားယူလိုေနကာ အဲဒီေနာက္မွာေတာ့ အိုးထရက္ဖို႔ဒ္သို႔ လာျပီး ယူနိုက္တက္ နည္းျပ လုပ္ဖို႔ ပစ္မွတ္ထားေနေၾကာင္း သိရပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ဟာ ဆုဖလားၾကီးေတြ ျပန္စိန္ေခၚနုိင္ဖို႔ အခုထိ ျပဳျပင္တည္ေဆာက္ ေနရဆဲ ျဖစ္ကာ ဒီရာသီမွာလည္း ယူရိုပါလိဂ္မွာ ဆီမီးဖိုင္နယ္ထိ တက္ေရာက္နုိင္ခဲ့ေသာ္လည္း ဗိုလ္လုပြဲ အထိ တက္လွမ္းနုိင္ျခင္း မရွိေသးပါဘူး။ ကြန္တီ အေနနဲ႕ ဆိုးရွား ေနာက္ ယူနိုက္တက္ကို ကိုင္တြယ္ခြင့္ ရဖို႔ စိတ္ရွည္စြာ ေစာင့္ဆုိင္းရမယ့္ အေနအထားေတာ့ ရွိေနပါတယ္။