ပြင်သစ် လူငယ်လက်ရွေးစင် ခံစစ်မှူးကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ဖို့ ချယ်ဆီးဆွေးနွေးနေ

ချယ်ဆီးအသင်းဟာ ပြင်သစ် U21 လက်ရွေးစင် ဗဟိုခံစစ်မှူး မာလန် ဆားကို ခေါ်ယူဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း ပြင်သစ်ဘက်က သတင်းတွေနဲ့ စကိုင်းစပေါ့မှာ ဖော်ပြထားပါတယ်။ ချယ်ဆီးအသင်းဟာ ပေးဂိုးတွေ များခဲ့တာကြောင့် ခံစစ်ကြောင်းကို ပြင်ဆင်ဖို့ နည်းပြ လမ်းပတ်က စီစဉ်နေပါတယ်။

ပြင်သစ် လူငယ်ခံစစ်မှူးလေးဟာ ၎င်းရဲ့ ဇာတိမြေကလပ် နိုက်စ် အသင်းနဲ့ ဒီနွေမှာ စာချုပ်ကုန်ဆုံးပြီ ဖြစ်လို့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ ၎င်းက နိုက်စ် အသင်းနဲ့ အတူ ပွဲ ၁၀၀ ကျော် ကစားခဲ့ပြီး ဖြစ်ပါတယ်။

ဆားဟာ ဘယ်ခြေ အားသန်တဲ့ ဗဟိုခံစစ်မှူး ဖြစ်ပြီး ဘယ်စွန် ခံစစ်မှာ ကစားတာလည်း ကောင်းမွန်သူ ဖြစ်ပါတယ်။ ဘောလုံး အမြင်ကောင်း ရှိပြီး အဝေးဘော ပေးပို့မှုတွေဘည်း တိကျစွာ ပြုလုပ်နိုင်ပါတယ်။ တစ်ဦးချင်း ရင်ဆိုင်တားဆီးမှု အပိုင်းမှာတော့ အကောင်းဆုံး အနေအထား မရှိသေးပေမယ့် ဆားဟာ ရေရှည်အတွက်ဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုကောင်း ဖြစ်လာဖို့ ရှိနေပါတယ်။

ကိုဗစ်ကပ်ရောဂါ အကြပ်အတည်း ကာလာမှာ ဘဏ္ဍာရေးပိုင်း ကိုယ်စီ အခက်ခဲတွေ ကြုံနေကြတဲ့ ဘောလုံးကလပ် အသင်းတွေ အတွက်တော့ ငယ်ရွယ်ပြီး အလားအလာ ရှိတဲ့ ဆား လို လူငယ်ခံစစ်မှူးဟာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရနိုင်သူ ဖြစ်တာကြောင်း ခေါ်ယူမှုကောင်း ဖြစ်မယ်လို့ သုံးသပ်နေကြပါတယ်။ ဆားကို ဘာစီလိုနာ၊ အာဆင်နယ်နဲ့ တိုရီနို အသင်းတို့ကလည်း စိတ်ဝင်စား စောင့်ကြည့်နေပါတယ်။

ချယ်ဆီးအသင်းဟာ ပြင်သစ် လူငယ်ခံစစ်မှူးလေးကို အလေးအနက် ခေါ်ယူလိုနေသလား အတည်ပြုနိုင်ခြင်း မရှိသေးပေမယ့် ချယ်ဆီးအသင်းထံ ရောက်လာရင်လည်း အငှား ပြန်စေလွှတ်ခံရဖို့ များနေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ျပင္သစ္ U21 လက္ေရြးစင္ ဗဟိုခံစစ္မွဴး မာလန္ ဆားကို ေခၚယူဖို႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနျပီ ျဖစ္ေၾကာင္း ျပင္သစ္ဘက္က သတင္းေတြနဲ႕ စကိုင္းစေပါ့မွာ ေဖာ္ျပထားပါတယ္။ ခ်ယ္ဆီးအသင္းဟာ ေပးဂိုးေတြ မ်ားခဲ့တာေၾကာင့္ ခံစစ္ေၾကာင္းကို ျပင္ဆင္ဖို႔ နည္းျပ လမ္းပတ္က စီစဥ္ေနပါတယ္။

ျပင္သစ္ လူငယ္ခံစစ္မွဴးေလးဟာ ၄င္းရဲ႕ ဇာတိေျမကလပ္ နုိက္စ္ အသင္းနဲ႕ ဒီေႏြမွာ စာခ်ဳပ္ကုန္ဆံုးျပီ ျဖစ္လို႔ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ေခၚယူနုိင္မွာ ျဖစ္ပါတယ္။ ၄င္းက နုိက္စ္ အသင္းနဲ႕ အတူ ပြဲ ၁၀၀ ေက်ာ္ ကစားခဲ့ျပီး ျဖစ္ပါတယ္။

ဆားဟာ ဘယ္ေျခ အားသန္တဲ့ ဗဟိုခံစစ္မွဴး ျဖစ္ျပီး ဘယ္စြန္ ခံစစ္မွာ ကစားတာလည္း ေကာင္းမြန္သူ ျဖစ္ပါတယ္။ ေဘာလံုး အျမင္ေကာင္း ရွိျပီး အေ၀းေဘာ ေပးပို႔မႈေတြဘည္း တိက်စြာ ျပဳလုပ္နုိင္ပါတယ္။ တစ္ဦးခ်င္း ရင္ဆိုင္တားဆီးမႈ အပိုင္းမွာေတာ့ အေကာင္းဆံုး အေနအထား မရွိေသးေပမယ့္ ဆားဟာ ေရရွည္အတြက္ဆိုရင္ေတာ့ ရင္းနွီးျမွဳပ္နွံမႈေကာင္း ျဖစ္လာဖို႔ ရွိေနပါတယ္။

ကိုဗစ္ကပ္ေရာဂါ အၾကပ္အတည္း ကာလာမွာ ဘ႑ာေရးပိုင္း ကိုယ္စီ အခက္ခဲေတြ ၾကံဳေနၾကတဲ့ ေဘာလံုးကလပ္ အသင္းေတြ အတြက္ေတာ့ ငယ္ရြယ္ျပီး အလားအလာ ရွိတဲ့ ဆား လို လူငယ္ခံစစ္မွဴးဟာ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ရနုိင္သူ ျဖစ္တာေၾကာင္း ေခၚယူမႈေကာင္း ျဖစ္မယ္လို႔ သံုးသပ္ေနၾကပါတယ္။ ဆားကို ဘာစီလိုနာ၊ အာဆင္နယ္နဲ႕ တိုရီနို အသင္းတို႔ကလည္း စိတ္၀င္စား ေစာင့္ၾကည့္ေနပါတယ္။

ခ်ယ္ဆီးအသင္းဟာ ျပင္သစ္ လူငယ္ခံစစ္မွဴးေလးကို အေလးအနက္ ေခၚယူလိုေနသလား အတည္ျပဳနုိင္ျခင္း မရွိေသးေပမယ့္ ခ်ယ္ဆီးအသင္းထံ ေရာက္လာရင္လည္း အငွား ျပန္ေစလႊတ္ခံရဖို႔ မ်ားေနပါတယ္။