အက်ဝုဒ်ဝပ်နဲ့ ပြောဆိုထားတာ ဖျက်တော့မယ့် ပေါ့ဘာနဲ့ လေသံပြောင်းလာတဲ့ အေးဂျင့် ရွိုင်းအိုလာ

မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ကစားသမား ပေါ့ဘာဟာ အသင်း အကြီးအကဲ အက်ဝုဒ်ဝပ်နဲ့ အလွတ်သဘော ဆွေးနွေးမှု လုပ်ခဲ့ပြီး အသင်းကနေ ထွက်ခွာမယ်လို့ တရားဝင် မဟုတ်တဲ့ သဘောတူညီမှု ပေးထားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ်အလွန် ပွဲတွေ ပြန်စပြီးနောက်ပိုင်းမှာ အသင်းမှာ ဖာနန်ဒက်စ်နဲ့ အတူ တွဲ ခြေစွမ်းပြလာနိုင်ခဲ့ပြီး ပျော်ရွှင်လာတာကြောင့် ထို ပြောဆို သဘောတူညီထားမှုကို ဖောက်ဖျက်ကာ သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ လမ်းဖွင့်ပေးမယ်လို့ သိရပါတယ်။

အသက် ၂၇ နှစ် အရွယ် ပြင်သစ်သားဟာ ယူနိုက်တက်ထံ ထိုစဉ်က ကမ္ဘာ့စံချိန်တင်ကြေး ပေါင် ၈၉ သန်းနဲ့ ယူနိုက်တက်ထံ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်နှစ် အတွင်း အပြောင်းကာလသုံးခုမှာ အသင်းပြောင်းဖို့ အကြိမ်ကြိမ် ကြိုးစား တောင်းဆိုခဲ့ပါတယ်။ ထိုတောင်းဆိုမှုများက ယူနိုက်တက် ဘုတ်အဖွဲ့အတွက်တော့ အသင်း အကူးအပြောင်း ပြုပြင်နေတဲ့ ကာလမှာ ဟန်ချက် ပျက်သွားမှာ စိုးရိမ်တာကြောင့် ကြယ်ပွင့် ကစားသမားကို လက်လွှတ်လိုခြင်း မရှိပါဘူး။

ဒါကြောင့် ၂၀၁၉ ထဲ နောက်ဆုံး ဆွေးနွေးမှုမှာတော့ ပေါ့ဘာ နေရာ အစားထိုးဖို့ သင့်တော်တဲ့ ကစားသမား ရောက်ရှိလာရင် ထွက်ခွာခွင့် ပေးပါ့မယ်လို့ ပြင်သစ်သားနဲ့ အလွတ်သဘော သဘောတူညီမှု ယူနိုက်တက် ဘုတ်အဖွဲ့က ပေးခဲ့ကြောင်း တယ်လီဂရပ်ဖ် သတင်းက ဖော်ထုတ်လိုက်ပါတယ်။

အဲဒီနောက်ပိုင်း ပေါ့ဘာဟာ သူ့ကို ခေါ်ယူလိုနေတဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ် အသင်းတို့ထံ အနှေးနဲ့ အမြန် ဆိုသလိုပဲ စိတ်တိုင်းကျ ပြောင်းရွှေ့နိုင်ပြီလို့ စိတ်ဒုန်းဒုန်းချကာ ငြိမ်သက်နေခဲ့ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘောလုံးကလပ်အသင်းတွေ ဘဏ္ဍာရေး ထိခိုက်လာတဲ့ အနေအထားမှာ ပေါ့ဘာ အသင်းပြောင်းဖို့ အခြေအနေကလည်း မရေရာတဲ့ အနေအထား ရှိလာပါတယ်။

ပေါ့ဘာရဲ့ တန်ကြေးဟာ ပြီးခဲ့တဲ့နွေက ပေါင် သန်း ၁၀၀ ကျော် ဖြစ်ပြီး ၎င်း လစာက တစ်ပတ် ပေါင် ၂သိန်း ၃သောင်းကျော် ဖြစ်တာကြောင့် ထို ပမာဏမျိုး လောလောဆယ် ပေးနိုင်တဲ့ ကလပ်အသင်း များများစားစား ရှိမနေပါဘူး။ ဒီလို အခြေအနေမျိုးမှာ ယူနိုက်တက်ထံ ရောက်လာတဲ့ ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်တွေနဲ့ အသင်း သွားနေတဲ့ လမ်းကြောင်းက ပေါ့ဘာကို ယူနိုက်တက်မှာ ဆက်ရှိနေအောင် စည်းရုံးဆွဲဆောင်နိုင်ခဲ့ပါတယ်။

ပေါ့ဘာ အေးဂျင့် ဖြစ်သူ ရွိုင်းအိုလာ ကိုယ်တိုင် လေသံပြောင်းလာခဲ့ပြီး ဒီနွေမှာ ယူနိုက်တက်နဲ့ ဆက်ရှိမှာ လို့ ဆိုခဲ့ကာ သက်တမ်းတိုး စာချုပ် ဆွေးနွေးဖို့ ကိစ္စတွေလည်း မကြာခင် စတင်တော့မယ်လို့ ဆိုခဲ့ပါတယ်။

” ပေါ့ဘာက မန်ယူနိုက်တက်ရဲ့ အဓိက ကစားသမားပါ။ သူတို့မှာ အရေးကြီးတဲ့ အစီအစဉ်တွေ ရှိထားတယ်။ ပေါ့ဘာက ရာနှုန်းပြည့် ပါဝင်နေတယ်။ မန်ချက်စတာ ယူနိုက်တက်ကတော့ ဒီနွေမှာ ပေါ့ဘာကို ရောင်းဖို့ ဘယ်ကမ်းလှမ်းမှုမှ လက်ခံမှာ မဟုတ်ဘူး။ ကျနေ်ာတို့ စာချုပ်သစ်ကိစ္စကို မကြာခင် ဆွေးနွေးတော့မှာပါ။ စိတ်ပူစရာတော့ မရှိဘူး။ ” လို့ အေးဂျင့် ရွိုင်းအိုလာက စကိုင်းစပေါ့မှာ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ ၾကယ္ပြင့္ ကစားသမား ေပါ့ဘာဟာ အသင္း အၾကီးအကဲ အက္၀ုဒ္၀ပ္နဲ႕ အလြတ္သေဘာ ေဆြးေႏြးမႈ လုပ္ခဲ့ျပီး အသင္းကေန ထြက္ခြာမယ္လို႔ တရား၀င္ မဟုတ္တဲ့ သေဘာတူညီမႈ ေပးထားခဲ့သူ ျဖစ္ပါတယ္။ ဒါေပမယ့္ ကိုဗစ္အလြန္ ပြဲေတြ ျပန္စျပီးေနာက္ပိုင္းမွာ အသင္းမွာ ဖာနန္ဒက္စ္နဲ႕ အတူ တြဲ ေျခစြမ္းျပလာနိုင္ခဲ့ျပီး ေပ်ာ္ရႊင္လာတာေၾကာင့္ ထို ေျပာဆို သေဘာတူညီထားမႈကို ေဖာက္ဖ်က္ကာ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ လမ္းဖြင့္ေပးမယ္လို႔ သိရပါတယ္။

အသက္ ၂၇ နွစ္ အရြယ္ ျပင္သစ္သားဟာ ယူနုိက္တက္ထံ ထိုစဥ္က ကမၻာ့စံခ်ိန္တင္ေၾကး ေပါင္ ၈၉ သန္းနဲ႕ ယူနုိက္တက္ထံ ေရာက္ရွိလာခဲ့တာ ျဖစ္ျပီး ျပီးခဲ့တဲ့ နွစ္နွစ္ အတြင္း အေျပာင္းကာလသံုးခုမွာ အသင္းေျပာင္းဖို႔ အၾကိမ္ၾကိမ္ ၾကိဳးစား ေတာင္းဆိုခဲ့ပါတယ္။ ထိုေတာင္းဆိုမႈမ်ားက ယူနုိက္တက္ ဘုတ္အဖြဲ႕အတြက္ေတာ့ အသင္း အကူးအေျပာင္း ျပဳျပင္ေနတဲ့ ကာလမွာ ဟန္ခ်က္ ပ်က္သြားမွာ စိုးရိမ္တာေၾကာင့္ ၾကယ္ပြင့္ ကစားသမားကို လက္လႊတ္လိုျခင္း မရွိပါဘူး။

ဒါေၾကာင့္ ၂၀၁၉ ထဲ ေနာက္ဆံုး ေဆြးေႏြးမႈမွာေတာ့ ေပါ့ဘာ ေနရာ အစားထိုးဖို႔ သင့္ေတာ္တဲ့ ကစားသမား ေရာက္ရွိလာရင္ ထြက္ခြာခြင့္ ေပးပါ့မယ္လို႔ ျပင္သစ္သားနဲ႕ အလြတ္သေဘာ သေဘာတူညီမႈ ယူနိုက္တက္ ဘုတ္အဖြဲ႕က ေပးခဲ့ေၾကာင္း တယ္လီဂရပ္ဖ္ သတင္းက ေဖာ္ထုတ္လိုက္ပါတယ္။

အဲဒီေနာက္ပိုင္း ေပါ့ဘာဟာ သူ႔ကို ေခၚယူလိုေနတဲ့ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္ အသင္းတို႔ထံ အေနွးနဲ႕ အျမန္ ဆိုသလိုပဲ စိတ္တိုင္းက် ေျပာင္းေရႊ႕နုိင္ျပီလို႔ စိတ္ဒုန္းဒုန္းခ်ကာ ျငိမ္သက္ေနခဲ့ပါတယ္။ ကိုရိုနာ ဗိုင္းရပ္စ္ကပ္ေဘးေၾကာင့္ ေဘာလံုးကလပ္အသင္းေတြ ဘ႑ာေရး ထိခိုက္လာတဲ့ အေနအထားမွာ ေပါ့ဘာ အသင္းေျပာင္းဖို႔ အေျခအေနကလည္း မေရရာတဲ့ အေနအထား ရွိလာပါတယ္။

ေပါ့ဘာရဲ႕ တန္ေၾကးဟာ ျပီးခဲ့တဲ့ေႏြက ေပါင္ သန္း ၁၀၀ ေက်ာ္ ျဖစ္ျပီး ၄င္း လစာက တစ္ပတ္ ေပါင္ ၂သိန္း ၃ေသာင္းေက်ာ္ ျဖစ္တာေၾကာင့္ ထို ပမာဏမ်ိဳး ေလာေလာဆယ္ ေပးနုိင္တဲ့ ကလပ္အသင္း မ်ားမ်ားစားစား ရွိမေနပါဘူး။ ဒီလို အေျခအေနမ်ိဳးမွာ ယူနုိက္တက္ထံ ေရာက္လာတဲ့ ကြင္းလယ္တိုက္စစ္သမား ဘရူနို ဖာနန္ဒက္စ္ရဲ႕ စြမ္းေဆာင္ရည္ေတြနဲ႕ အသင္း သြားေနတဲ့ လမ္းေၾကာင္းက ေပါ့ဘာကို ယူနိုက္တက္မွာ ဆက္ရွိေနေအာင္ စည္းရံုးဆြဲေဆာင္နုိင္ခဲ့ပါတယ္။

ေပါ့ဘာ ေအးဂ်င့္ ျဖစ္သူ ရြိဳင္းအိုလာ ကိုယ္တိုင္ ေလသံေျပာင္းလာခဲ့ျပီး ဒီေႏြမွာ ယူနုိက္တက္နဲ႕ ဆက္ရွိမွာ လို႔ ဆိုခဲ့ကာ သက္တမ္းတိုး စာခ်ဳပ္ ေဆြးေႏြးဖို႔ ကိစၥေတြလည္း မၾကာခင္ စတင္ေတာ့မယ္လို႔ ဆိုခဲ့ပါတယ္။

” ေပါ့ဘာက မန္ယူနိုက္တက္ရဲ႕ အဓိက ကစားသမားပါ။ သူတို႔မွာ အေရးၾကီးတဲ့ အစီအစဥ္ေတြ ရွိထားတယ္။ ေပါ့ဘာက ရာႏႈန္းျပည့္ ပါ၀င္ေနတယ္။ မန္ခ်က္စတာ ယူနိုက္တက္ကေတာ့ ဒီေႏြမွာ ေပါ့ဘာကို ေရာင္းဖို႔ ဘယ္ကမ္းလွမ္းမႈမွ လက္ခံမွာ မဟုတ္ဘူး။ က်ေန္ာတို႔ စာခ်ဳပ္သစ္ကိစၥကို မၾကာခင္ ေဆြးေႏြးေတာ့မွာပါ။ စိတ္ပူစရာေတာ့ မရွိဘူး။ ” လို႔ ေအးဂ်င့္ ရြိဳင္းအိုလာက စကိုင္းစေပါ့မွာ ထုတ္ေဖာ္ ေျပာဆိုလာခဲ့ပါတယ္။