ယူနိုက်တက်ရဲ့ လမ်းကြောင်းကို အလှည့်အပြောင်း ဖြစ်သွားစေတဲ့ ခေါ်ယူမှု နောက်ကွယ်က အီဗရာနဲ့ စီရိုနယ်ဒို

မန်ချက်စတာ ယူနိုက်တက်ဟာ ဇန်နဝါရီမှာ ဘရူနို ဖာနန်ဒက်စ် ကို ခေါ်ယူနိုင်လိုက်တာက အသင်း လမ်းကြောင်းမှာ ကြီးမားတဲ့ အလှည့်အပြောင်း ဖြစ်သွားစေခဲ့ပြီး အသင်းလိုက် စွမ်းဆောင်ရည် တိုးတက်လာခဲ့ကာ ရလဒ်တွေလည်း တဟုန်ထိုး တိုးတက် ကောင်းမွန်လာခဲ့ပါတယ်။

ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ နည်းပြ ဆိုးရှား ပြင်ဆင်နေချိန်မှာ သရဲနီဟောင်း နှစ်ဦးဖြစ်တဲ့ အီဗရာနဲ့ ခရစ္စတီယာနို ရိုနယ်ဒိုတို့အား အကြံတောင်းခံခဲ့ပြီး ၎င်းတို့ နှစ်ဦးလုံးက ဖာနန်ဒက်စ်ကို အပြည့်အ၀ ထောက်ခံခဲ့ကြကြောင်း အီဗရာက ဖော်ထုတ်လိုက်ပါတယ်။

ဖာနန်ဒက်စ်ဟာ စပို့တင်းလစ္စဘွန်းကနေ ယူနိုက်တက်ထံ ပေါင် ၄၇ သန်းနဲ့ ပောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီသားဟာ လျင်လျင်မြန်မြန်ပဲ အထိုင်ကျကာ ယူနိုက်တက်ရဲ့ အဓိက အသင်းသားတွေထဲ ပါဝင်လာနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီဝက်မှာ ယူနိုက်တက်အတွက် ဖာနန်ဒက်စ်က ၂၂ ပွဲ ပါဝင် ကစားပြီး ၁၂ ဂိုး သွင်းယူခဲ့ပါတယ်။

အခုလို အသင်း ကစားပုံထိပါ သက်ရောက်မှုရှိစေခဲ့တဲ့ ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်လိုက်တကာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပြီး နောက်ကွယ်မှာ အသင်း ကစားသမားဟောင်းတွေရဲ့ ထောက်ခံ တိုက်တွန်းမှုတွေ ပါဝင်ကြောင်း အီဗရာက ဖွင့်ဟလာခဲ့ပါတယ်။

” ယူနိုက်တက်ဟာ လီဗာပူး၊ မန်စီးတီးတို့ကို စိန်ခေါ်နိုင်တဲ့ အနေအထားတော့ မရောက်သေးပါဘူး။ အသင်းမှာ က ကြီးမားတဲ့ ထိခိုက်ယိုယွင်းမှုတွေ ရှိထားတယ်။ ဒါပေမယ့် ယူနိုက်တက်က မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပါပြီ။ သူတို့ ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ချင်တုန်းက အိုလေ ကျနော့်ကို မက်ဆေ့ချ် ပို့ခဲ့တယ်။ ကျနော်ကလည်း ခရစ္စတီယာနို ရိုနယ်ဒိုကို ပြန်မေးခဲ့တယ်။

ရိုနယ်ဒိုကပဲ ‘ ဘရူနိုက လူကောင်းတစ်ယောက်ပဲ။ ပရိုလည်း အရမ်းဆန်တဲ့ သူ။ ‘ လို့ တခါတည်း ထောက်ခံခဲ့တယ်။ ကျနော်ကလည်း ‘ အိုလေ၊ ငါတော့ ခရစ္စတီယာနိုနဲ့ ပြောဆိုပြီးပြီ။ မင်း ဒီကောင်လေး ခေါ်တာ ကောင်းမယ်။ ဆက်သာလုပ်။ ‘ လို့ ပြန်ပြောပြခဲ့တယ်။ တကယ်လည်း ဖာနန်ဒက်စ်က အသင်းအပေါ် သက်ရောက်မှုကြီးခဲ့တယ်။ သူ ရောက်မလာရင် ကျနော်တို့ ချန်ပီယံလိဂ် ဝင်ခွင့်ထဲ ရနိုင်ပါ့မလားတောင် သံသယဖြစ်မိတယ်။ ” လို့ အီဗရာက ပြောဆိုခဲ့ပါတယ်။

ဖာနန်ဒက်စ်က အဓိက ကစားသမား ဖြစ်လာခဲ့ပြီးနောက် ပေါ့ဘာကလည်း ပိုပြီး လွတ်လွတ်လပ်လပ် ကစားနိုင်ကာ တွဲဖက်ကောင်းတွေ အဖြစ် ပို ခြေစွမ်းပြလာနိုင်တယ်လို့လည်း အီဗရာက သုံးသပ် ပြောဆိုခဲ့ပါသေးတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ဇန္န၀ါရီမွာ ဘရူနို ဖာနန္ဒက္စ္ ကို ေခၚယူနိုင္လိုက္တာက အသင္း လမ္းေၾကာင္းမွာ ၾကီးမားတဲ့ အလွည့္အေျပာင္း ျဖစ္သြားေစခဲ့ျပီး အသင္းလိုက္ စြမ္းေဆာင္ရည္ တိုးတက္လာခဲ့ကာ ရလဒ္ေတြလည္း တဟုန္ထိုး တိုးတက္ ေကာင္းမြန္လာခဲ့ပါတယ္။

ဖာနန္ဒက္စ္ကို ေခၚယူဖို႕ နည္းျပ ဆိုးရွား ျပင္ဆင္ေနခ်ိန္မွာ သရဲနီေဟာင္း နွစ္ဦးျဖစ္တဲ့ အီဗရာနဲ႕ ခရစၥတီယာနို ရိုနယ္ဒိုတို႔အား အၾကံေတာင္းခံခဲ့ျပီး ၄င္းတို႔ နွစ္ဦးလံုးက ဖာနန္ဒက္စ္ကို အျပည့္အ၀ ေထာက္ခံခဲ့ၾကေၾကာင္း အီဗရာက ေဖာ္ထုတ္လိုက္ပါတယ္။

ဖာနန္ဒက္စ္ဟာ စပို႔တင္းလစၥဘြန္းကေန ယူနိုက္တက္ထံ ေပါင္ ၄၇ သန္းနဲ႕ ေပာင္းေရႊ႕လာခဲ့တာ ျဖစ္ပါတယ္။ ေပၚတူဂီသားဟာ လ်င္လ်င္ျမန္ျမန္ပဲ အထိုင္က်ကာ ယူနုိက္တက္ရဲ႕ အဓိက အသင္းသားေတြထဲ ပါ၀င္လာနုိင္ခဲ့ပါတယ္။ ျပီးခဲ့တဲ့ ရာသီ၀က္မွာ ယူနုိက္တက္အတြက္ ဖာနန္ဒက္စ္က ၂၂ ပြဲ ပါ၀င္ ကစားျပီး ၁၂ ဂိုး သြင္းယူခဲ့ပါတယ္။

အခုလို အသင္း ကစားပံုထိပါ သက္ေရာက္မႈရွိေစခဲ့တဲ့ ဖာနန္ဒက္စ္ကို ေခၚယူနိုင္လိုက္တကာ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ ျဖစ္ျပီး ေနာက္ကြယ္မွာ အသင္း ကစားသမားေဟာင္းေတြရဲ႕ ေထာက္ခံ တိုက္တြန္းမႈေတြ ပါ၀င္ေၾကာင္း အီဗရာက ဖြင့္ဟလာခဲ့ပါတယ္။

” ယူနုိက္တက္ဟာ လီဗာပူး၊ မန္စီးတီးတို႔ကို စိန္ေခၚနုိင္တဲ့ အေနအထားေတာ့ မေရာက္ေသးပါဘူး။ အသင္းမွာ က ၾကီးမားတဲ့ ထိခိုက္ယိုယြင္းမႈေတြ ရွိထားတယ္။ ဒါေပမယ့္ ယူနိုက္တက္က မွန္ကန္တဲ့ လမ္းေၾကာင္းေပၚ ေရာက္ေနပါျပီ။ သူတို႔ ဘရူနို ဖာနန္ဒက္စ္ကို ေခၚခ်င္တုန္းက အိုေလ က်ေနာ့္ကို မက္ေဆ့ခ်္ ပို႔ခဲ့တယ္။ က်ေနာ္ကလည္း ခရစၥတီယာနို ရိုနယ္ဒိုကုိ ျပန္ေမးခဲ့တယ္။

ရိုနယ္ဒိုကပဲ ‘ ဘရူနိုက လူေကာင္းတစ္ေယာက္ပဲ။ ပရိုလည္း အရမ္းဆန္တဲ့ သူ။ ‘ လို႔ တခါတည္း ေထာက္ခံခဲ့တယ္။ က်ေနာ္ကလည္း ‘ အိုေလ၊ ငါေတာ့ ခရစၥတီယာနုိနဲ႕ ေျပာဆိုျပီးျပီ။ မင္း ဒီေကာင္ေလး ေခၚတာ ေကာင္းမယ္။ ဆက္သာလုပ္။ ‘ လို႔ ျပန္ေျပာျပခဲ့တယ္။ တကယ္လည္း ဖာနန္ဒက္စ္က အသင္းအေပၚ သက္ေရာက္မႈၾကီးခဲ့တယ္။ သူ ေရာက္မလာရင္ က်ေနာ္တို႔ ခ်န္ပီယံလိဂ္ ၀င္ခြင့္ထဲ ရနုိင္ပါ့မလားေတာင္ သံသယျဖစ္မိတယ္။ ” လို႔ အီဗရာက ေျပာဆိုခဲ့ပါတယ္။

ဖာနန္ဒက္စ္က အဓိက ကစားသမား ျဖစ္လာခဲ့ျပီးေနာက္ ေပါ့ဘာကလည္း ပိုျပီး လြတ္လြတ္လပ္လပ္ ကစားနုိင္ကာ တြဲဖက္ေကာင္းေတြ အျဖစ္ ပို ေျခစြမ္းျပလာနုိင္တယ္လို႔လည္း အီဗရာက သံုးသပ္ ေျပာဆိုခဲ့ပါေသးတယ္။