မန်ချက်စတာ ယူနိုက်တက် နည်းပြ အဖြစ် တာဝန်ယူခဲ့စဉ်က သူ ခေါ်ယူချင်ခဲ့တဲ့ ကစားသမားတွေ ရှိခဲ့ပြီး မအောင်မြင်ခဲ့ပေမယ့် အခုဆို ဒိတ်ဒိတ်ကြဲ ကစားသမားတွေ အသီးသီး ဖြစ်နေကြကြောင်း ဝါရင့်နည်းပြဟောင်းကြီး လူးဝစ် ဗန်ဟားလ်က ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။
ဟော်လန်သား နည်းပြကြီး ခေါ်ယူလိုခဲ့တာက နေမာ၊ လီဝန်ဒေါစကီးနဲ့ ဆာဒီယို မာနေး၊ ဟီဂူအင်၊ မာရက်ဇ်၊ ကန်တေ၊ မူလာ၊ မေနာ၊ ရာမို့စ်၊ ဟန်းမဲလ် အစရှိသဖြင့် ခေါင်တကာ့ ခေါင် ဒိတ်ဒိတ်ကြဲ ကစားသမားတွေချည်း ဖြစ်ပါတယ်။
ဗန်ဟားလ်ဟာ ၂၀၁၄ မှာ ဒေးဗစ်မိုယက်စ် ထုတ်ပယ်ခံရပြီးနောက် ယူနိုက်တက် နည်းပြ ဖြစ်လာခဲ့သူပါ။ ယူနိုက်တက်နဲ့အတူ ၂၀၁၅-၁၆ ဘောလုံးရာသီမှာ အက်ဖ်အေဖလား တစ်လုံး ရယူပြီးနောက် ဗန်ဟားလ်လည်း ထုတ်ပယ်ခံခဲ့ရပြီး မော်ရင်ညို အစား ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဗန်ဟားလ်က သူ အလိုရှိခဲ့တဲ့ ကစားသမားတွေကို ယူနိုက်တက်က ခေါ်ယူမပေးနိုင်ခဲ့ကြောင်း ဖွင့်ဟပြောဆိုလာခဲ့တာပါ။
” ကျနော်က လီဝန်ဒေါစကီးကို အလိုရှိခဲ့တာပါ။ ဒါပေမယ့် အဲဒါက ခက်ခဲတာကြောင့် ဟီဂူအင်ကို လှည့်ပြီး ကြိုးစားခဲ့ရတယ်။ ကျနော် မရောက်လာခင်တည်းကလည်း နေမာနဲ့ ပတ်သတ်ပြီး ဘုတ်အဖွဲ့ကို ပြောဖူးတယ်။ ယူနိုက်တက်မှာဆိုရင် ကျနော်တို့က အကြီးကြီး တွေးဖို့ လိုအပ်တယ်။
နေမာ ဆိုရင် ကလပ်အသင်းရဲ့ ဂျာစီတွေပါ ရောင်းအားတက်ဖို့ ရှိသေးတယ်။ ကျနေ်ာက လျင်မြန်တဲ့ တောင်ပံ တိုက်စစ်သမားတွေလည်း လိုချင်တယ်။ ဒါကြောင့် ဆာဒီယို မာနေးတို့ မာရက်ဇ်တို့ကိုလည်း ကြိုးစားခဲ့တယ်။
သောမတ်စ် မူလာလည်း ကျနော် အလိုရှိတဲ့ထဲ ပါတယ်။ ကွင်းလယ်မှာဆို ကန်တေကို လိုချင်ခဲ့တယ်။ ကျနော် ဂျိမ်းစ် မေနာကိုတောင် ကြိုးစားဖူးတယ်။ သူက အရွယ်ရနေပြီ ဆိုပေမယ့် နေရာစုံ ကစားနိုင်ပြီး ခေါင်းဆောင်ကောင်း အရည်အသွေး ရှိတယ်။
ခံစစ်အတွက် ဆိုရင် ဆာဂျီယို ရာမို့စ်၊ ဟန်းမဲလ် အစရှိသဖြင့်ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ခံစစ်ကနေ ကစားကွက် တည်ဆောက်ဖို့ကို ကျနော်တို့က မတောင့်တင်းခဲ့ဘူးလေ။ ” လို့ ဗန်ဟားလ်က ပြောဆိုခဲ့ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ အျဖစ္ တာ၀န္ယူခဲ့စဥ္က သူ ေခၚယူခ်င္ခဲ့တဲ့ ကစားသမားေတြ ရွိခဲ့ျပီး မေအာင္ျမင္ခဲ့ေပမယ့္ အခုဆုိ ဒိတ္ဒိတ္ၾကဲ ကစားသမားေတြ အသီးသီး ျဖစ္ေနၾကေၾကာင္း ၀ါရင့္နည္းျပေဟာင္းၾကီး လူး၀စ္ ဗန္ဟားလ္က ထုတ္ေဖာ္ ေျပာဆိုလာခဲ့ပါတယ္။
ေဟာ္လန္သား နည္းျပၾကီး ေခၚယူလိုခဲ့တာက ေနမာ၊ လီ၀န္ေဒါစကီးနဲ႕ ဆာဒီယို မာေနး၊ ဟီဂူအင္၊ မာရက္ဇ္၊ ကန္ေတ၊ မူလာ၊ ေမနာ၊ ရာမို႔စ္၊ ဟန္းမဲလ္ အစရွိသျဖင့္ ေခါင္တကာ့ ေခါင္ ဒိတ္ဒိတ္ၾကဲ ကစားသမားေတြခ်ည္း ျဖစ္ပါတယ္။
ဗန္ဟားလ္ဟာ ၂၀၁၄ မွာ ေဒးဗစ္မိုယက္စ္ ထုတ္ပယ္ခံရျပီးေနာက္ ယူနုိက္တက္ နည္းျပ ျဖစ္လာခဲ့သူပါ။ ယူနုိက္တက္နဲ႕အတူ ၂၀၁၅-၁၆ ေဘာလံုးရာသီမွာ အက္ဖ္ေအဖလား တစ္လံုး ရယူျပီးေနာက္ ဗန္ဟားလ္လည္း ထုတ္ပယ္ခံခဲ့ရျပီး ေမာ္ရင္ညိဳ အစား ၀င္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။ ဗန္ဟားလ္က သူ အလိုရွိခဲ့တဲ့ ကစားသမားေတြကို ယူနိုက္တက္က ေခၚယူမေပးနုိင္ခဲ့ေၾကာင္း ဖြင့္ဟေျပာဆိုလာခဲ့တာပါ။
” က်ေနာ္က လီ၀န္ေဒါစကီးကို အလိုရွိခဲ့တာပါ။ ဒါေပမယ့္ အဲဒါက ခက္ခဲတာေၾကာင့္ ဟီဂူအင္ကို လွည့္ျပီး ၾကိဳးစားခဲ့ရတယ္။ က်ေနာ္ မေရာက္လာခင္တည္းကလည္း ေနမာနဲ႕ ပတ္သတ္ျပီး ဘုတ္အဖြဲ႕ကို ေျပာဖူးတယ္။ ယူနိုက္တက္မွာဆိုရင္ က်ေနာ္တို႔က အၾကီးၾကီး ေတြးဖို႔ လိုအပ္တယ္။
ေနမာ ဆိုရင္ ကလပ္အသင္းရဲ႕ ဂ်ာစီေတြပါ ေရာင္းအားတက္ဖို႔ ရွိေသးတယ္။ က်ေန္ာက လ်င္ျမန္တဲ့ ေတာင္ပံ တိုက္စစ္သမားေတြလည္း လိုခ်င္တယ္။ ဒါေၾကာင့္ ဆာဒီယို မာေနးတို႔ မာရက္ဇ္တို႔ကိုလည္း ၾကိဳးစားခဲ့တယ္။
ေသာမတ္စ္ မူလာလည္း က်ေနာ္ အလိုရွိတဲ့ထဲ ပါတယ္။ ကြင္းလယ္မွာဆို ကန္ေတကို လိုခ်င္ခဲ့တယ္။ က်ေနာ္ ဂ်ိမ္းစ္ ေမနာကိုေတာင္ ၾကိဳးစားဖူးတယ္။ သူက အရြယ္ရေနျပီ ဆိုေပမယ့္ ေနရာစံု ကစားနုိင္ျပီး ေခါင္းေဆာင္ေကာင္း အရည္အေသြး ရွိတယ္။
ခံစစ္အတြက္ ဆိုရင္ ဆာဂ်ီယို ရာမို႔စ္၊ ဟန္းမဲလ္ အစရွိသျဖင့္ေပါ့။ ဘာျဖစ္လို႕လဲ ဆိုေတာ့ ခံစစ္ကေန ကစားကြက္ တည္ေဆာက္ဖို႔ကို က်ေနာ္တို႔က မေတာင့္တင္းခဲ့ဘူးေလ။ ” လို႔ ဗန္ဟားလ္က ေျပာဆိုခဲ့ပါတယ္။