မာလန် ဆားကို လေးနှစ်စာချုပ်နဲ့ ခေါ်ယူဖို့ ချယ်ဆီး သဘောတူညီမှု ရခဲ့ကြောင်း သတင်းထွက်ပေါ်

ချယ်ဆီးအသင်းဟာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရမယ့် ပြင်သစ်သား ခံစစ်မှူး မာလန်ဆား ကို လေးနှစ် စာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း အင်္ဂလန်သတင်းဌာနတွေမှာ ဖော်ပြနေပါတယ်။

ဆားဟာ ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ နိုက်စ် အသင်းအတွက် ပွဲ ၂၀ ပါဝင်ကစားပေးခဲ့ပါတယ်။ အဲဒီနောက် နိုက်စ်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် သက်တမ်းတိုးဖို့ ငြင်းပယ်ပြီး ထွက်ခွာလာခဲ့တဲ့ အသက် ၂၁ နှစ် အရွယ် ခံစစ်မှူးကို ဥရောပက ကလပ်အသင်း တော်တော်များများ ပစ်မှတ်ထားနေကြပါတယ်။

ဒါပေမယ့် ချယ်ဆီးအသင်းက လက်ဦးမှု ယူပြီး ဆားကို ခေါ်ဖို့ သဘောတူညီမှု ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြင်သစ် သတင်းတွေမှာလည်း ဆိုထားပါတယ်။

ဆားဟာ ချယ်ဆီးအသင်းနဲ့ အတူ လေးနှစ် စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှု ပေးခဲ့ပြီ ဖြစ်ပြီး နောက်ဆုံး အတည်ပြုချက်နဲ့ ဆေးစစ်မှု ခံယူဖို့သာ ကျန်ရှိတယ်လို့ သတင်းကောင်း ကြားရပါတယ်။

တိုက်စစ်ကို အရင်အားဖြည့်နေပေမယ့် ချယ်ဆီးနည်းပြ လမ်းပတ်ဟာ အသင်း ခံစစ်ကို တောင့်တင်းအောင် ပြင်ဆင်ဖို့လည်း စိတ်အား ထက်သန်နေပြီး ဆား အပြင် ပီအက်စ်ဂျီ အသင်းခေါင်းဆောင် သီယေဂို ဆေးလ်ဗားကိုလည်း ချိတ်ဆက်နေပါတယ်။

ဒီနွေအတွက် ဇီယက်နဲ့ တီမိုဝါနာကို ခေါ်ယူပြီး ဖြစ်ပေမယ့် ချယ်ဆီးအသင်းဟာ လာမယ့် သီတင်းပတ်တွေ အတွင်း မျက်နှာသစ် ကစားသမားတွေ စတန်းဖို့ဘရစ်ချ်ထံ ဆက်တိုက် ဆိုသလို ခေါ်ယူဖို့ ရှိနေသေးပြီး လက်စတာ ခံစစ်မှူး ဘန်ချေးဝဲလ်နဲ့လည်း ပြောင်းရွှေ့ကြေး သဘောတူထားပြီလို့ သိရပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ရမယ့္ ျပင္သစ္သား ခံစစ္မွဴး မာလန္ဆား ကို ေလးနွစ္ စာခ်ဳပ္နဲ႕ ေခၚယူနုိင္ဖို႔ သေဘာတူညီမႈ ရခဲ့ျပီ ျဖစ္ေၾကာင္း အဂၤလန္သတင္းဌာနေတြမွာ ေဖာ္ျပေနပါတယ္။

ဆားဟာ ျပီးခဲ့တဲ့ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ နိုက္စ္ အသင္းအတြက္ ပြဲ ၂၀ ပါ၀င္ကစားေပးခဲ့ပါတယ္။ အဲဒီေနာက္ နိုက္စ္အသင္းနဲ႕ စာခ်ဳပ္ကုန္ဆံုးျပီးေနာက္ သက္တမ္းတိုးဖို႔ ျငင္းပယ္ျပီး ထြက္ခြာလာခဲ့တဲ့ အသက္ ၂၁ နွစ္ အရြယ္ ခံစစ္မွဴးကို ဥေရာပက ကလပ္အသင္း ေတာ္ေတာ္မ်ားမ်ား ပစ္မွတ္ထားေနၾကပါတယ္။

ဒါေပမယ့္ ခ်ယ္ဆီးအသင္းက လက္ဦးမႈ ယူျပီး ဆားကို ေခၚဖို႔ သေဘာတူညီမႈ ယူနိုင္ခဲ့ျပီ ျဖစ္ေၾကာင္း ျပင္သစ္ သတင္းေတြမွာလည္း ဆိုထားပါတယ္။

ဆားဟာ ခ်ယ္ဆီးအသငး္နဲ႕ အတူ ေလးနွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ ေပးခဲ့ျပီ ျဖစ္ျပီး ေနာက္ဆံုး အတည္ျပဳခ်က္နဲ႕ ေဆးစစ္မႈ ခံယူဖို႔သာ က်န္ရွိတယ္လို႔ သတင္းေကာင္း ၾကားရပါတယ္။

တိုက္စစ္ကို အရင္အားျဖည့္ေနေပမယ့္ ခ်ယ္ဆီးနည္းျပ လမ္းပတ္ဟာ အသင္း ခံစစ္ကို ေတာင့္တင္းေအာင္ ျပင္ဆင္ဖို႔လည္း စိတ္အား ထက္သန္ေနျပီး ဆား အျပင္ ပီအက္စ္ဂ်ီ အသင္းေခါင္းေဆာင္ သီေယဂို ေဆးလ္ဗားကိုလည္း ခ်ိတ္ဆက္ေနပါတယ္။

ဒီေႏြအတြက္ ဇီယက္နဲ႕ တီမို၀ါနာကို ေခၚယူျပီး ျဖစ္ေပမယ့္ ခ်ယ္ဆီးအသင္းဟာ လာမယ့္ သီတင္းပတ္ေတြ အတြင္း မ်က္ႏွာသစ္ ကစားသမားေတြ စတန္းဖို႔ဘရစ္ခ်္ထံ ဆက္တိုက္ ဆိုသလို ေခၚယူဖို႔ ရွိေနေသးျပီး လက္စတာ ခံစစ္မွဴး ဘန္ေခ်း၀ဲလ္နဲ႕လည္း ေျပာင္းေရႊ႕ေၾကး သေဘာတူထားျပီလို႔ သိရပါတယ္။