ချယ်ဆီးအသင်းဟာ ရန်းနက်စ် ဂိုးသမား အီဒူရတ် မန်ဒီအတွက် အပြောင်းအရွှေ့လုပ်ဖို့ စဉ်းစားနေပါတယ်။ မန်ဒီမှာ စာချုပ် ၃နှစ် ကျန်သေးပေမယ့် ကီပါနေရာ အစားထိုးဖို့ ကြံနေတဲ့ ချယ်ဆီးက သူ့ကို ခေါ်ယူချင်နေတာပါ။
ချယ်ဆီးအသင်းဟာ ဘယ်နောက်တန်းနေရာအတွက် ဘင်ချီဝဲ၊ မာလန်ဆားတို့ကို ခေါ်ယူခဲ့တာကြောင့် လက်ရှိ ရှိနေတဲ့ အီမာဆန်နဲ့ မားကို့စ် အလွန်ဆို ၂ယောက်ထဲက တစ်ယောက်ကို ရောင်းထုတ်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။
မာလန်ဆားဟာ စတန်းဖို့ဒ်ဘရစ်ချ်ထံ အပြောင်းအရွှေ့ အတည်ပြုခဲ့ပြီးနောက် အင်စတာဂရမ်မှာ “အပြာရောင်ဖြစ်သွားပြီ၊ ချယ်ဆီးအတွက် စာချုပ်ချုပ်ရလို့ ပျော်လဲပျော်တယ်၊ ကျေးဇူးလဲတင်တယ်၊ ချစ်ခင်အားပေးမှုအတွက် ကျေးဇူးပါ၊ အတူတူကြိုးစားပြီး အောင်မြင်မှုယူကြတာပေါ့” လို့ နှုတ်ခွန်းဆက်စကား ပြောဆိုခဲ့ပါတယ်။
ချယ်ဆီး လူငယ် ကွင်းလယ် ကြယ်ပွင့် ဘီလီဂေလ်မာဟာ ချယ်ဆီးမှာ တစ်နှစ်တာ အကောင်းဆုံး အကယ်ဒမီ ကစားသမားဆုကို ရရှိခဲ့ပါတယ်။ အသင်းကြီးရဲ့ ခေါ်ယူခြင်းမခံရခင် ဘီလီဟာ အကယ်ဒမီ အသင်းကို ဦးဆောင်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ လူငယ်အသင်းမှာ ၂ဂိုးနဲ့ ဖန်တီးမှု ၄ကြိမ် ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။
အင်တာမီလန်ဟာ ကန်တေကို ဆန်စီရိုထံ ခေါ်ယူနိုင်ဖို့ အတွက် သူတို့ရဲ့ တိုက်စစ်မှူး လော်တာရို မာတီနက်နဲ့ အလဲအလှယ်လုပ်ဖို့ ဆန္ဒရှိနေပါတယ်။ ချယ်ဆီးက ပြင်သစ်ကွင်းလယ်လူကို ရောင်းချနိုင်ခြေကို မငြင်းပယ်ခဲ့ပေမယ့် မြင့်မားတဲ့ပြောင်းရွှေ့ကြေးကို တောင်းဆိုနိုင်ပါတယ်။
ဘာကာယိုကိုဟာ နောက်ရာသီမှာ အေစီမီလန်ကို ပြန်သွားရဖို့ ဖြစ်နိူင်ခြေရှိနေပြီး ဒီတစ်ကြိမ်မှာလဲ ချယ်ဆီးက အပြီးသတ်ဝယ်ယူခွင့် အပါအဝင် အငှားချထားဦးမှာဖြစ်ပါတယ်။ သူဟာ ၂၀၁၈-၂၀၁၉ ရာသီတုန်းက နည်းပြ ဂတ်တူဆိုလက်အောက် မီလန်မှာ အငှားကစားခဲ့သေးတာဖြစ်ပါတယ်။
ကိုင်ဟားဗတ်ဟာ ချယ်ဆီးရဲ့ ကစားသမားသစ် ဖြစ်လာဖို့ နီးစပ်နေပေမယ့် လေဗာကူဆင်က အစားထိုးစရာ ကစားသမားမရခင်အထိ အပြောင်းအရွှေ့ကိစ္စကို အပြီးသတ်ဖို့ ဆိုင်းငံ့ထားပါတယ်။ ချယ်ဆီးဟာ ဟားဗတ်နဲ့တော့ ၅နှစ်စာချုပ် သဘောတူညီမှု ရခဲ့ပြီးတာလဲ ဖြစ်ပါတယ်။
ဘင်ချီဝဲဟာ အင်္ဂလန် လက်ရွေးစင်အသင်းနဲ့ ရှိနေစဉ်အတွင်း စတန်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့ဖို့ အလားအလာနဲ့ ပတ်သက်လို့ ချယ်ဆီးကြယ်ပွင့်များစွာနဲ့ စကားပြောဆို မေးမြန်းခဲ့သေးကြောင်း ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။
Zawgyi – ခ်ယ္ဆီးအသင္းဟာ ရန္းနက္စ္ ဂိုးသမား အီဒူရတ္ မန္ဒီအတြက္ အေျပာင္းအေ႐ႊ႕လုပ္ဖို႔ စဥ္းစားေနပါတယ္။ မန္ဒီမွာ စာခ်ဳပ္ ၃ႏွစ္ က်န္ေသးေပမယ့္ ကီပါေနရာ အစားထိုးဖို႔ ႀကံေနတဲ့ ခ်ယ္ဆီးက သူ႔ကို ေခၚယူခ်င္ေနတာပါ။
ခ်ယ္ဆီးအသင္းဟာ ဘယ္ေနာက္တန္းေနရာအတြက္ ဘင္ခ်ီဝဲ၊ မာလန္ဆားတို႔ကို ေခၚယူခဲ့တာေၾကာင့္ လက္ရွိ ရွိေနတဲ့ အီမာဆန္နဲ႔ မားကို႔စ္ အလြန္ဆို ၂ေယာက္ထဲက တစ္ေယာက္ကို ေရာင္းထုတ္ဖို႔ လိုအပ္လာၿပီျဖစ္ပါတယ္။
မာလန္ဆားဟာ စတန္းဖို႔ဒ္ဘရစ္ခ်္ထံ အေျပာင္းအေ႐ႊ႕ အတည္ျပဳခဲ့ၿပီးေနာက္ အင္စတာဂရမ္မွာ “အျပာေရာင္ျဖစ္သြားၿပီ၊ ခ်ယ္ဆီးအတြက္ စာခ်ဳပ္ခ်ဳပ္ရလို႔ ေပ်ာ္လဲေပ်ာ္တယ္၊ ေက်းဇူးလဲတင္တယ္၊ ခ်စ္ခင္အားေပးမႈအတြက္ ေက်းဇူးပါ၊ အတူတူႀကိဳးစားၿပီး ေအာင္ျမင္မႈယူၾကတာေပါ့” လို႔ ႏႈတ္ခြန္းဆက္စကား ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီး လူငယ္ ကြင္းလယ္ ၾကယ္ပြင့္ ဘီလီေဂလ္မာဟာ ခ်ယ္ဆီးမွာ တစ္ႏွစ္တာ အေကာင္းဆုံး အကယ္ဒမီ ကစားသမားဆုကို ရရွိခဲ့ပါတယ္။ အသင္းႀကီးရဲ႕ ေခၚယူျခင္းမခံရခင္ ဘီလီဟာ အကယ္ဒမီ အသင္းကို ဦးေဆာင္ခဲ့ၿပီး ခ်န္ပီယံျဖစ္ခဲ့တဲ့ လူငယ္အသင္းမွာ ၂ဂိုးနဲ႔ ဖန္တီးမႈ ၄ႀကိမ္ ျပဳလုပ္ေပးခဲ့တာျဖစ္ပါတယ္။
အင္တာမီလန္ဟာ ကန္ေတကို ဆန္စီ႐ိုထံ ေခၚယူႏိုင္ဖို႔ အတြက္ သူတို႔ရဲ႕ တိုက္စစ္မႉး ေလာ္တာ႐ို မာတီနက္နဲ႔ အလဲအလွယ္လုပ္ဖို႔ ဆႏၵရွိေနပါတယ္။ ခ်ယ္ဆီးက ျပင္သစ္ကြင္းလယ္လူကို ေရာင္းခ်ႏိုင္ေျခကို မျငင္းပယ္ခဲ့ေပမယ့္ ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးကို ေတာင္းဆိုႏိုင္ပါတယ္။
ဘာကာယိုကိုဟာ ေနာက္ရာသီမွာ ေအစီမီလန္ကို ျပန္သြားရဖို႔ ျဖစ္ႏိူင္ေျခရွိေနၿပီး ဒီတစ္ႀကိမ္မွာလဲ ခ်ယ္ဆီးက အၿပီးသတ္ဝယ္ယူခြင့္ အပါအဝင္ အငွားခ်ထားဦးမွာျဖစ္ပါတယ္။ သူဟာ ၂၀၁၈-၂၀၁၉ ရာသီတုန္းက နည္းျပ ဂတ္တူဆိုလက္ေအာက္ မီလန္မွာ အငွားကစားခဲ့ေသးတာျဖစ္ပါတယ္။
ကိုင္ဟားဗတ္ဟာ ခ်ယ္ဆီးရဲ႕ ကစားသမားသစ္ ျဖစ္လာဖို႔ နီးစပ္ေနေပမယ့္ ေလဗာကူဆင္က အစားထိုးစရာ ကစားသမားမရခင္အထိ အေျပာင္းအေ႐ႊ႕ကိစၥကို အၿပီးသတ္ဖို႔ ဆိုင္းငံ့ထားပါတယ္။ ခ်ယ္ဆီးဟာ ဟားဗတ္နဲ႔ေတာ့ ၅ႏွစ္စာခ်ဳပ္ သေဘာတူညီမႈ ရခဲ့ၿပီးတာလဲ ျဖစ္ပါတယ္။
ဘင္ခ်ီဝဲဟာ အဂၤလန္ လက္ေ႐ြးစင္အသင္းနဲ႔ ရွိေနစဥ္အတြင္း စတန္းဖို႔ဒ္ဘရစ္ခ်္ကို ေျပာင္းေ႐ႊ႕ဖို႔ အလားအလာနဲ႔ ပတ္သက္လို႔ ခ်ယ္ဆီးၾကယ္ပြင့္မ်ားစြာနဲ႔ စကားေျပာဆို ေမးျမန္းခဲ့ေသးေၾကာင္း ထုတ္ေဖာ္ေျပာဆို ခဲ့ပါတယ္။