ချယ်ဆီးအသင်းထံ ရောက်လာပြီးနောက် ဝမ်းမြောက်စကား အားပါပါ ဆိုလိုက်တဲ့ သီယေဂို ဆေးဗား

ချယ်ဆီးအသင်းဟာ ဘရာဇီးသား ဝါရင့်ခံစစ်မှူးကြီး သီယေဂို ဆေးဗားကို တစ်နှစ်စာချုပ်ဖြင့် အပြီးသတ် ခေါ်ယူခဲ့ပါပြီ။ ပီအက်စ်ဂျီနဲ့ စာချုပ်ကုန်ဆုံးလာတဲ့ သီယေဂို ဆေးဗားကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ ချယ်ဆီးခေါ်ခဲ့တာ ဖြစ်ပြီး စာချုပ်မှာတော့ ၁၂ လ သက်တမ်းတိုးခွင့် ပါဝင်ပါတယ်။

အသက် ၃၆ နှစ် ရှိပြီ ဖြစ်ပေမယ့် ပီအက်စ်ဂျီ အသင်းနဲ့ အတူ ဆုဖလားတွေ ရယူပြထားတဲ့ သီယေဂို ဆေးဗားဟာ အောင်နိုင်သူ စိတ်ဓာတ် ရှိထားပြီး ဦးဆောင်နိုင်တဲ့ အရည်အချင်း ရှိသူ တစ်ဦး ဖြစ်တာကြောင့် ချယ်ဆီးအသင်းအတွက် အတိုင်းအတာ တစ်ခုထိ အကျိုး ဖြစ်ထွန်းနိုင်မှာပါ။

” ချယ်ဆီးအသင်းနဲ့ ပူးပေါင်းနိုင်တာအတွက် ကျနော် သိပ် ပျော်ရွှင်ရပါတယ်။ ” လို့ အစချီပြီး ချယ်ဆီး ဝက်ဘ်ဆိုဒ်ကနေ တစ်ဆင့် သီယေဂို ဆေးဗားက နှုတ်ခွန်းဆက် စကား ဆိုခဲ့ပါတယ်။

” နောက်ရာသီအတွက် ဖရန့်လမ်းပတ်ရဲ့ စိတ်လှုပ်ရှားဖွယ် လူစာရင်းမှာ ပါခွင့်ရတာ သိပ် ဝမ်းသာမိတယ်။ ဒီမှာ ဆုဖလားတွေ စိန်ခေါ်ဖို့ ရောက်လာတာပါ။ ချယ်ဆီး ဖန်တွေနဲ့ သိပ်မကြာခင် တွေ့ကြတာပေါ့။ စတန်းဖို့ဘရစ်ချ်မှာ ခပ်မြန်မြန်ပဲ ကစားခွင့်ရဖို့ ကျနော်တော့ မျှော်နေပြီဗျာ။ ” လို့ ဆေးဗားက ပြောဆိုခဲ့ပါတယ်။

သီယေဂို ဆေးဗားဟာ ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ ပီအက်စ်ဂျီ အသင်းနဲ့ အတူ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး ဗိုလ်လုပွဲမှာလည်း ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရစဉ်မှာ အထင်ကြီးစရာ ခြေစွမ်းကောင်းများ ပြသနိုင်ခဲ့ပါတယ်။ ၎င်းရဲ့ တည်ငြိမ်မှုနဲ့ ခေါင်းဆောင်ကောင်း အရည်အချင်းတွေကြောင့် ချယ်ဆီး ခံစစ်မှာ ပံ့ပိုးမှုကောင်း ဖြစ်လာဖို့ မျှော်လင့်ရပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဘရာဇီးသား ၀ါရင့္ခံစစ္မွဴးၾကီး သီေယဂို ေဆးဗားကို တစ္ႏွစ္စာခ်ဳပ္ျဖင့္ အၿပီးသတ္ ေခၚယူခဲ့ပါၿပီ။ ပီအက္စ္ဂ်ီနဲ႕ စာခ်ဳပ္ကုန္ဆံုးလာတဲ့ သီေယဂို ေဆးဗားကို ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ခ်ယ္ဆီးေခၚခဲ့တာ ျဖစ္ျပီး စာခ်ဳပ္မွာေတာ့ ၁၂ လ သက္တမ္းတိုးခြင့္ ပါဝင္ပါတယ္။

အသက္ ၃၆ နွစ္ ရွိျပီ ျဖစ္ေပမယ့္ ပီအက္စ္ဂ်ီ အသင္းနဲ႕ အတူ ဆုဖလားေတြ ရယူျပထားတဲ့ သီေယဂို ေဆးဗားဟာ ေအာင္နိုင္သူ စိတ္ဓာတ္ ရွိထားျပီး ဦးေဆာင္နုိင္တဲ့ အရည္အခ်င္း ရွိသူ တစ္ဦး ျဖစ္တာေၾကာင့္ ခ်ယ္ဆီးအသင္းအတြက္ အတိုင္းအတာ တစ္ခုထိ အက်ိဳး ျဖစ္ထြန္းနိုင္မွာပါ။

” ခ်ယ္ဆီးအသင္းနဲ႕ ပူးေပါင္းနုိင္တာအတြက္ က်ေနာ္ သိပ္ ေပ်ာ္ရႊင္ရပါတယ္။ ” လို႔ အစခ်ီျပီး ခ်ယ္ဆီး ၀က္ဘ္ဆိုဒ္ကေန တစ္ဆင့္ သီေယဂို ေဆးဗားက ႏႈတ္ခြန္းဆက္ စကား ဆိုခဲ့ပါတယ္။

” ေနာက္ရာသီအတြက္ ဖရန္႔လမ္းပတ္ရဲ႕ စိတ္လႈပ္ရွားဖြယ္ လူစာရင္းမွာ ပါခြင့္ရတာ သိပ္ ၀မ္းသာမိတယ္။ ဒီမွာ ဆုဖလားေတြ စိန္ေခၚဖို႔ ေရာက္လာတာပါ။ ခ်ယ္ဆီး ဖန္ေတြနဲ႕ သိပ္မၾကာခင္ ေတြ႔ၾကတာေပါ့။ စတန္းဖို႔ဘရစ္ခ်္မွာ ခပ္ျမန္ျမန္ပဲ ကစားခြင့္ရဖို႔ က်ေနာ္ေတာ့ ေမွ်ာ္ေနျပီဗ်ာ။ ” လို႔ ေဆးဗားက ေျပာဆိုခဲ့ပါတယ္။

သီေယဂို ေဆးဗားဟာ ဒီရာသီ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲထိ ပီအက္စ္ဂ်ီ အသင္းနဲ႕ အတူ တက္ေရာက္နိုင္ခဲ့တာ ျဖစ္ျပီး ဗိုလ္လုပြဲမွာလည္း ဘိုင္ယန္ျမဴးနစ္နဲ႕ ရင္ဆိုင္ရစဥ္မွာ အထင္ၾကီးစရာ ေျခစြမ္းေကာင္းမ်ား ျပသနိုင္ခဲ့ပါတယ္။ ၄င္းရဲ႕ တည္ျငိမ္မႈနဲ႕ ေခါင္းေဆာင္ေကာင္း အရည္အခ်င္းေတြေၾကာင့္ ခ်ယ္ဆီး ခံစစ္မွာ ပံ့ပိုးမႈေကာင္း ျဖစ္လာဖို႔ ေမွ်ာ္လင့္ရပါတယ္။