ပူလီဆစ် – ဘန်ချေးဝဲလ် အတွဲက ချယ်ဆီးမှာ ထူးရှယ် ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ခြင်း

ချယ်ဆီး အသစ် ခေါ်ထားတဲ့ တီမိုဝါနာ၊ ဇီယက်၊ ရောက်လာတော့မယ့် ကိုင်ဟာဗက်ဇ် တို့ကို အသာထားလိုက်ပြီး ချယ်ဆီး ဘယ်တောင်ပံကြောက ဘန်ချေးဝဲလ်နဲ့ ပူလီဆစ်တို့ အတွဲဟာ တကယ့် ထူးရှယ် ဖြစ်လာလိမ့်မယ်လို့ စကော့ ကစားသမားဟောင်းကြီး ပက် နာဗင်က ဟောကိန်းထုတ်လိုက်ပါတယ်။

ချယ်ဆီး တောင်ပံသမားဟောင်း ဖြစ်တဲ့ နာဗစ်က ချေးဝဲလ်နဲ့ ပူလီဆစ်ဟာ အထူးတလည် အတွဲအဖက်ကောင်း ဖြစ်လာနိုင်ပြီး ချယ်ဆီးမှာ တောက်ပစွာ အစွမ်းပြလိမ့်မယ်လို့ ယုံကြည်နေတာပါ။ ချေးဝဲလ်က ချယ်ဆီး ခံစစ် အပြင် တိုက်စစ်ကိုပါ အထောက်အပံ့ကောင်း ပေးနိုင်မယ်လို့ ၎င်းက ယုံကြည်နေပါတယ်။

” ချယ်ဆီးမှာ ဘန်ချေးဝဲလ်က ပါးရည်နပ်ရည်ရှိပြီး စကေးလ်ကောင်းတဲ့ အမြင်ရှိတဲ့ တောင်ပံသမားလို ဖြစ်လာပါလိမ့်မယ်။ တကယ့် ဘောလုံးဦးနှောက်ကောင်းနဲ့ လုပ်ပြမှာပါ။ ဘောလုံးမှာ အမြင်ကောင်း ရှိသူတွေက ပေးပို့မှုတွေ အသက်သွေးကြောတွေကို မြင်ပြီး အသင်းဖော်တွေကို အထောက်ပံ့ ပေးနိုင်တာ ဖြစ်တယ်။ အထူးသဖြင့် သူက တကိုယ်ကောင်း မဆန်ပဲ ကိုယ့်အသင်းဖော်နဲ့ ဝမ်း တူး ရိုက်၊ ဖန်တီးမှုတွေ လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ထားတယ်။

ဒါက ပူလီဆစ် ရှိနေတဲ့ ဘက်ခြမ်းမှာ လုံး၀ ထူးရှယ် ဖြစ်လာနိုင်ပါတယ်။ သူတို့ နှစ်ယောက်သာ အတွဲအဖက် မိသွားလို့ကတော့ ပြိုင်ဘက်တွေ ငုတ်တုတ်မေ့ပြီပဲ။ ချယ်ဆီးမှာ တခြား ကစားသမားတွေ ချိတ်ဆက် ကစားနိုင်တာလည်း ရှိပါတယ်။ အိုဒွိုင်း ရှိရင် ရှိမယ် ဒါမှမဟုတ် ဇီယက်၊ မေဆန်မောင့်တို့လည်း ချေးဝဲလ်နဲ့ ချိတ် ကစားနိုင်ကြပါလိမ့်မယ်။ ပရီးမီးယားလိဂ်က ချယ်ဆီး ပြိုင်ဘက် ခံစစ်သမားတွေတော့ ထိတ်လန့်နေရတော့မှာပါ။ ” လို့ နာဗင်က သုံးသပ် ပြောဆိုလိုက်ပါတယ်။

နာဗင်ဟာ ချယ်ဆီးအသင်းမှာ ၁၉၈၃ ကနေ ၁၉၈၈ ထိ ကစားသွားပြီး ပရီးမီးယာလိဂ် ၁၉၃ ပွဲမှာ ၃၆ ဂိုး သွင်းယူပေးသွားသူပါ။ ၎င်းကတော့ အင်္ဂလန်သား ဘယ်စွန်ခံစစ်မှူးဟာ စတန်းဖို့ဘရစ်ချ်မှာ နောက် ဆယ်နှစ်လောက် ခြေစွမ်းပြ လွှမ်းမိုးထားမယ်လို့ မျှော်လင့်နေပါတယ်။

ဘန်ချေးဝဲလ်ဟာ ဒီနွေမှာ လက်စတာ အသင်းထံကနေ ချယ်ဆီးအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ နဲ့ ပြောင်းရွှေ့လာတာ ဖြစ်ကာ ပရိသတ်များ မျှော်လင့်ချက်ကြီးထားရတဲ့ ကစားသမား ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီး အသစ္ ေခၚထားတဲ့ တီမို၀ါနာ၊ ဇီယက္၊ ေရာက္လာေတာ့မယ့္ ကိုင္ဟာဗက္ဇ္ တို႔ကို အသာထားလိုက္ျပီး ခ်ယ္ဆီး ဘယ္ေတာင္ပံေၾကာက ဘန္ေခ်း၀ဲလ္နဲ႕ ပူလီဆစ္တို႔ အတြဲဟာ တကယ့္ ထူးရွယ္ ျဖစ္လာလိမ့္မယ္လို႔ စေကာ့ ကစားသမားေဟာင္းၾကီး ပက္ နာဗင္က ေဟာကိန္းထုတ္လိုက္ပါတယ္။

ခ်ယ္ဆီး ေတာင္ပံသမားေဟာင္း ျဖစ္တဲ့ နာဗစ္က ေခ်း၀ဲလ္နဲ႕ ပူလီဆစ္ဟာ အထူးတလည္ အတြဲအဖက္ေကာငး္ ျဖစ္လာနုိင္ျပီး ခ်ယ္ဆီးမွာ ေတာက္ပစြာ အစြမ္းျပလိမ့္မယ္လို႔ ယံုၾကည္ေနတာပါ။ ေခ်း၀ဲလ္က ခ်ယ္ဆီး ခံစစ္ အျပင္ တိုက္စစ္ကိုပါ အေထာက္အပံ့ေကာင္း ေပးနုိင္မယ္လို႔ ၄င္းက ယံုၾကည္ေနပါတယ္။

” ခ်ယ္ဆီးမွာ ဘန္ေခ်း၀ဲလ္က ပါးရည္နပ္ရည္ရွိျပီး စေကးလ္ေကာင္းတဲ့ အျမင္ရွိတဲ့ ေတာင္ပံသမားလို ျဖစ္လာပါလိမ့္မယ္။ တကယ့္ ေဘာလံုးဦးေနွာက္ေကာင္းနဲ႕ လုပ္ျပမွာပါ။ ေဘာလံုးမွာ အျမင္ေကာင္း ရွိသူေတြက ေပးပို႔မႈေတြ အသက္ေသြးေၾကာေတြကို ျမင္ျပီး အသင္းေဖာ္ေတြကို အေထာက္ပံ့ ေပးနုိင္တာ ျဖစ္တယ္။ အထူးသျဖင့္ သူက တကိုယ္ေကာင္း မဆန္ပဲ ကိုယ့္အသင္းေဖာ္နဲ႕ ၀မ္း တူး ရိုက္၊ ဖန္တီးမႈေတြ လုပ္ေပးနုိင္မယ္လို႔ ေမွ်ာ္လင့္ထားတယ္။

ဒါက ပူလီဆစ္ ရွိေနတဲ့ ဘက္ျခမ္းမွာ လံုး၀ ထူးရွယ္ ျဖစ္လာနုိင္ပါတယ္။ သူတို႕ နွစ္ေယာက္သာ အတြဲအဖက္ မိသြားလို႔ကေတာ့ ျပိဳင္ဘက္ေတြ ငုတ္တုတ္ေမ့ျပီပဲ။ ခ်ယ္ဆီးမွာ တျခား ကစားသမားေတြ ခ်ိတ္ဆက္ ကစားနုိင္တာလည္း ရွိပါတယ္။ အိုဒြိဳင္း ရွိရင္ ရွိမယ္ ဒါမွမဟုတ္ ဇီယက္၊ ေမဆန္ေမာင့္တို႔လည္း ေခ်း၀ဲလ္နဲ႕ ခ်ိတ္ ကစားနုိင္ၾကပါလိမ့္မယ္။ ပရီးမီးယားလိဂ္က ခ်ယ္ဆီး ျပိဳင္ဘက္ ခံစစ္သမားေတြေတာ့ ထိတ္လန္႔ေနရေတာ့မွာပါ။ ” လို႔ နာဗင္က သံုးသပ္ ေျပာဆိုလိုက္ပါတယ္။

နာဗင္ဟာ ခ်ယ္ဆီးအသင္းမွာ ၁၉၈၃ ကေန ၁၉၈၈ ထိ ကစားသြားျပီး ပရီးမီးယာလိဂ္ ၁၉၃ ပြဲမွာ ၃၆ ဂိုး သြင္းယူေပးသြားသူပါ။ ၄င္းကေတာ့ အဂၤလန္သား ဘယ္စြန္ခံစစ္မွဴးဟာ စတန္းဖို႔ဘရစ္ခ်္မွာ ေနာက္ ဆယ္နွစ္ေလာက္ ေျခစြမ္းျပ လႊမ္းမိုးထားမယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

ဘန္ေခ်း၀ဲလ္ဟာ ဒီေႏြမွာ လက္စတာ အသင္းထံကေန ခ်ယ္ဆီးအသင္းဆီ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၅၀ နဲ႕ ေျပာင္းေရႊ႕လာတာ ျဖစ္ကာ ပရိသတ္မ်ား ေမွ်ာ္လင့္ခ်က္ၾကီးထားရတဲ့ ကစားသမား ျဖစ္ပါတယ္။