ဟယ်ရီကိန်း၊ အိုဝင်တို့လို ဂရင်းဝုဒ် ပိုင်ဆိုင်ထားတဲ့ ရှားပါးအရည်အချင်း တစ်ရပ်အား ရွန်းနီထုတ်ဖော်

မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်အသင်းမှာ ဆိုရင် ရက်ဖို့ဒ်က တိုက်စစ်မှူး ပင်ကို အရည်အသွေးမျိုး ရှိမနေဘဲ မေဆန် ဂရင်းဝုဒ်ကသာ ငယ်ရွယ်သေးပေမယ့် ဂိုးသွင်းဖို့ မွေးလာသလိုကို ပင်ကို ဂိုးသွင်းစွမ်းရည် ရှိသူ ဖြစ်ကြောင်း ဝိန်း ရွန်းနီက ချီးကျူးပြောဆိုလိုက်ပါတယ်။

ဂရင်းဝုဒ်နဲ့ ရက်ဖို့ဒ် တို့ နှစ်ဦးလုံးကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူနိုက်တက် အတွက် သက်ရောက်မှုကြီးစွာ အကျိုးပြုနိုင်ခဲ့သူတွေ ဖြစ်ပါတယ်။

အသက် ၁၈ နှစ်သာ ရှိသေးတဲ့ တိုက်စစ်မှူးလေး ဂရင်းဝုဒ်ကတော့ ပရီးမီးယားလိဂ်ဂိုး ၁၀ ဂိုးထိ သွင်းပြနိုင်ခဲ့ပြီး ၁၈ နှစ်နဲ့ အောက်မှာ တစ်ရာသီတည်း ပရီးမီးယားလိဂ် ၁၀ ဂိုးပြည့်အောင် သွင်းနိုင်တဲ့ တတိယမြောက် ကစားသမားလည်း ဖြစ်လာပါတယ်။

ထူးချွန်တဲ့ ခြေစွမ်းတွေကြောင့် ဂရင်းဝုဒ်ဟာ နည်းပြဆောက်ဂိတ်ရဲ့ အင်္ဂလန် လက်ရွေးစင် အသင်းမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝိန်း ရွန်းနီကတော့ ဂရင်းဝုဒ်ကို ဟယ်ရီကိန်း၊ မိုက်ကယ် အိုဝင်တို့လို အင်္ဂလန် ဂန္တဝင် တိုက်စစ်မှူးတွေနဲ့ ခိုင်းနှိုင်း ချီးကျူးခဲ့ပါတယ်။

” ဂရင်းဝုဒ်က ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ဥရောပနဲ့ ပရီးမီးယားလိဂ် ပွဲပေါင်း ၄၀ ကစားခဲ့တယ်။ သူနဲ့ သက်တူရွယ်တူ ဖီးလ် ဖိုဒန်ဆို ၂၈ ပွဲပါ။ အသက် ၁၈ နှစ်သာ ရှိသေးပေမယ့် ဂရင်းဝုဒ်က ယူနိုက်တက် ပိုင်ဆိုင်ထားတဲ့ အကောင်းဆုံး အဆုံးသတ်သမား လို့ ဆိုနိုင်ပါတယ်။ သူက ဟယ်ရီကိန်းတို့ မိုက်ကယ် အိုဝင်တို့လိုပဲ ဂိုးသွင်းခြေ မွေးကတည်းက ပါလာသလို ရှားပါး အရည်အချင်း ရှိထားသူ ဖြစ်တယ်။

ကျနော် ပြောဖူးပါတယ်။ ကျနော်ဆိုလည်း ပါရမီ ပါလာတဲ့ တိုက်စစ်မှူးမျိုး မဟုတ်ဘူး။ အဲဒီလို ရှားပါး အရည်အချင်းမျိုး ဂါရတ် (ဆောက်ဂိတ်) အနေနဲ့ ကိန်းနေရာ ဆက်ခံဖို့ လိုအပ်ပါတယ်။ ဟယ်ရီသာ ဒဏ်ရာရရင် မကစားနိုင်ရင် ဒီလို ကစားသမား လိုတယ်။ ကျနော့် အမြင်တော့ မားကပ် ရက်ဖို့ဒ်ရော တမ်မီ အေဗရာဟမ်ရောက အဲဒီလို ကစားသမား မဟုတ်ပါဘူး။ ” လို့ ဝိန်းရွန်းနီက သုံးသပ် သွားခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာယူနုိက္တက္နဲ႕ အဂၤလန္အသင္းမွာ ဆိုရင္ ရက္ဖို႔ဒ္က တိုက္စစ္မွဴး ပင္ကို အရည္အေသြးမ်ိဳး ရွိမေနဘဲ ေမဆန္ ဂရင္း၀ုဒ္ကသာ ငယ္ရြယ္ေသးေပမယ့္ ဂိုးသြင္းဖို႔ ေမြးလာသလိုကို ပင္ကို ဂိုးသြင္းစြမ္းရည္ ရွိသူ ျဖစ္ေၾကာင္း ၀ိန္း ရြန္းနီက ခ်ီးက်ဴးေျပာဆိုလိုက္ပါတယ္။

ဂရင္း၀ုဒ္နဲ႕ ရက္ဖို႔ဒ္ တို႔ နွစ္ဦးလံုးကေတာ့ ျပီးခဲ့တဲ့ ေဘာလံုးရာသီမွာ ယူနိုက္တက္ အတြက္ သက္ေရာက္မႈၾကီးစြာ အက်ိဳးျပဳနုိင္ခဲ့သူေတြ ျဖစ္ပါတယ္။

အသက္ ၁၈ နွစ္သာ ရွိေသးတဲ့ တိုက္စစ္မွဴးေလး ဂရင္း၀ုဒ္ကေတာ့ ပရီးမီးယားလိဂ္ဂိုး ၁၀ ဂိုးထိ သြင္းျပနိုင္ခဲ့ျပီး ၁၈ နွစ္နဲ႕ ေအာက္မွာ တစ္ရာသီတည္း ပရီးမီးယားလိဂ္ ၁၀ ဂိုးျပည့္ေအာင္ သြင္းနုိင္တဲ့ တတိယေျမာက္ ကစားသမားလည္း ျဖစ္လာပါတယ္။

ထူးခၽြန္တဲ့ ေျခစြမ္းေတြေၾကာင့္ ဂရင္း၀ုဒ္ဟာ နည္းျပေဆာက္ဂိတ္ရဲ႕ အဂၤလန္ လက္ေရြးစင္ အသင္းမွာလည္း ေရြးခ်ယ္ခံခဲ့ရပါတယ္။ ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း ၀ိန္း ရြန္းနီကေတာ့ ဂရင္း၀ုဒ္ကို ဟယ္ရီကိန္း၊ မိုက္ကယ္ အို၀င္တို႔လို အဂၤလန္ ဂႏၱ၀င္ တိုက္စစ္မွဴးေတြနဲ႕ ခိုင္းနွိဳင္း ခ်ီးက်ဴးခဲ့ပါတယ္။

” ဂရင္း၀ုဒ္က ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ဥေရာပနဲ႕ ပရီးမီးယားလိဂ္ ပြဲေပါင္း ၄၀ ကစားခဲ့တယ္။ သူနဲ႕ သက္တူရြယ္တူ ဖီးလ္ ဖိုဒန္ဆို ၂၈ ပြဲပါ။ အသက္ ၁၈ နွစ္သာ ရွိေသးေပမယ့္ ဂရင္း၀ုဒ္က ယူနိုက္တက္ ပိုင္ဆိုင္ထားတဲ့ အေကာင္းဆံုး အဆံုးသတ္သမား လို႔ ဆိုနိုင္ပါတယ္။ သူက ဟယ္ရီကိန္းတို႔ မိုက္ကယ္ အို၀င္တို႔လိုပဲ ဂိုးသြင္းေျခ ေမြးကတည္းက ပါလာသလို ရွားပါး အရည္အခ်င္း ရွိထားသူ ျဖစ္တယ္။

က်ေနာ္ ေျပာဖူးပါတယ္။ က်ေနာ္ဆိုလည္း ပါရမီ ပါလာတဲ့ တိုက္စစ္မွဴးမ်ိဳး မဟုတ္ဘူး။ အဲဒီလို ရွားပါး အရည္အခ်င္းမ်ိဳး ဂါရတ္ (ေဆာက္ဂိတ္) အေနနဲ႕ ကိန္းေနရာ ဆက္ခံဖို႔ လိုအပ္ပါတယ္။ ဟယ္ရီသာ ဒဏ္ရာရရင္ မကစားနုိင္ရင္ ဒီလို ကစားသမား လိုတယ္။ က်ေနာ့္ အျမင္ေတာ့ မားကပ္ ရက္ဖို႔ဒ္ေရာ တမ္မီ ေအဗရာဟမ္ေရာက အဲဒီလို ကစားသမား မဟုတ္ပါဘူး။ ” လို႔ ၀ိန္းရြန္းနီက သံုးသပ္ သြားခဲ့ပါတယ္။