ချယ်ဆီးက လီဗာပူးကို အမှီလိုက်ပြီး ပရီးမီးယားလိဂ် စိန်ခေါ်တော့မယ်လို့ ပေါမာဆန် ဟောကိန်းထုတ်

ချယ်ဆီးအသင်းက အပြောင်းအရွှေ့မှာ ခပ်သွက်သွက် လှုပ်ရှားနေပြီး ဈေးကွက် ပိတ်ချိန်မှာ ကစားသမား အဝယ်အတွက် ပေါင် သန်း ၂၅၀ လောက် သုံးလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ လောလောဆယ် အထိ ခေါ်ယူထားတာတွေကတော့ ဇီယက်၊ တီမိုဗာနာ၊ ဇာဘီယာ ဘူရာမာ၊ ဘန်ချေးဝဲလ်၊ မာလန်ဆားနဲ့ သီယေဂို ဆေးလ်ဗားတို့ ဖြစ်ပါတယ်။

၎င်းတို့ အပြင် ကလပ်စံချိန်တင်ကြေးနဲ့ ကိုင်းဟာဗက်ဇ် ရောက်လာနိုင်သေးသလို လမ်းပတ်က နောက်ထပ် ခံစစ်တစ်ဦးနဲ့ ဂိုးသမား တစ်ဦးလည်း ခေးယူလိုနေပါတယ်။ လန်ဒန်အခြေစိုက် ကလပ်ဟာ ငွေအင်အားသုံးပြီး ဖြည့်တင်းမှုတွေ ပြုလုပ်နေတာကြောင့် ကစားသမား အင်အားက အားရစရာ တောင့်တင်းလာနေပါတယ်။

ဘောလုံးရာသီသစ် စတာနဲ့ ချယ်ဆီးအသင်းရဲ့ ပွဲထွက် လူစာရင်းဟာ ပြီးခဲ့တဲ့နှစ်ကနဲ့ ခြားနားစွာ အားရစရာ အစုအဖွဲ့ မြင်ရဖို့ ရှိနေပါတယ်။ ရာသီကြို ပြင်ဆင်မှု အနေနဲ့ ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ခြေစမ်းပွဲမှာ ချယ်ဆီးအသင်းသားသစ် နှစ်ဦး ဖြစ်တဲ့ ဗာနာနဲ့ ဇီယက်တို့ ကောင်းမွန်စွာ ခြေစွမ်းပြတာ မြင်ခဲ့ရကာ ဗာနာက တစ်ဂိုး သွင်းပြခဲ့ပါတယ်။

ဝါရင့် အားကစား သုံးသပ်သူ တစ်ဦး ဖြစ်တဲ့ ပေါမာဆန်ကတော့ ချယ်ဆီး လုပ်ဆောင်မှုတွေက အားရစရာ ဖြစ်ပြီး လာမယ့် ရာသီမှာတင် လက်ရှိ ချန်ပီယံ လီဗာပူးကို အမှီလိုက်ကာ ပရီးမီးယာလိဂ်ဖလားကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ဟောကိန်းထုတ် သုံးသပ်သွားခဲ့ပါတယ်။

” ချယ်ဆီးက အံ့အားသင့်စရာ ကောင်းလောက်အောင် ဝယ်ယူမှုကောင်းတွေ လုပ်ထားတယ်။ နောက်ရာသီမှာ သူတို့ လီဗာပူးနဲ့ ကွာဟချက်ကို လျှော့ပစ်ပြီး အမှီလိုက်နိုင်မှာပါ။ ဒီတစ်ကြိမ်ကတော့ အခက်အခဲဆုံး အမှတ်ပေးဖလား လုပွဲ ဖြစ်လာနိုင်တယ်။ ” လို့ ပေါမာဆန်က ဆိုပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းက အေျပာင္းအေရႊ႕မွာ ခပ္သြက္သြက္ လႈပ္ရွားေနျပီး ေစ်းကြက္ ပိတ္ခ်ိန္မွာ ကစားသမား အ၀ယ္အတြက္ ေပါင္ သန္း ၂၅၀ ေလာက္ သံုးလိမ့္မယ္လို႔ ခန္႔မွန္းေနၾကပါတယ္။ ေလာေလာဆယ္ အထိ ေခၚယူထားတာေတြကေတာ့ ဇီယက္၊ တီမိုဗာနာ၊ ဇာဘီယာ ဘူရာမာ၊ ဘန္ေခ်း၀ဲလ္၊ မာလန္ဆားနဲ႕ သီေယဂို ေဆးလ္ဗားတို႔ ျဖစ္ပါတယ္။

၄င္းတို႔ အျပင္ ကလပ္စံခ်ိန္တင္ေၾကးနဲ႕ ကိုင္းဟာဗက္ဇ္ ေရာက္လာနုိင္ေသးသလို လမ္းပတ္က ေနာက္ထပ္ ခံစစ္တစ္ဦးနဲ႕ ဂိုးသမား တစ္ဦးလည္း ေခးယူလိုေနပါတယ္။ လန္ဒန္အေျခစိုက္ ကလပ္ဟာ ေငြအင္အားသံုးျပီး ျဖည့္တင္းမႈေတြ ျပဳလုပ္ေနတာေၾကာင့္ ကစားသမား အင္အားက အားရစရာ ေတာင့္တင္းလာေနပါတယ္။

ေဘာလံုးရာသီသစ္ စတာနဲ႕ ခ်ယ္ဆီးအသင္းရဲ႕ ပြဲထြက္ လူစာရင္းဟာ ျပီးခဲ့တဲ့နွစ္ကနဲ႕ ျခားနားစြာ အားရစရာ အစုအဖြဲ႕ ျမင္ရဖို႔ ရွိေနပါတယ္။ ရာသီၾကိဳ ျပင္ဆင္မႈ အေနနဲ႕ ကစားခဲ့တဲ့ ဘရိုက္တန္နဲ႕ ေျခစမ္းပြဲမွာ ခ်ယ္ဆီးအသင္းသားသစ္ နွစ္ဦး ျဖစ္တဲ့ ဗာနာနဲ႕ ဇီယက္တို႔ ေကာင္းမြန္စြာ ေျခစြမ္းျပတာ ျမင္ခဲ့ရကာ ဗာနာက တစ္ဂိုး သြင္းျပခဲ့ပါတယ္။

၀ါရင့္ အားကစား သံုးသပ္သူ တစ္ဦး ျဖစ္တဲ့ ေပါမာဆန္ကေတာ့ ခ်ယ္ဆီး လုပ္ေဆာင္မႈေတြက အားရစရာ ျဖစ္ျပီး လာမယ့္ ရာသီမွာတင္ လက္ရွိ ခ်န္ပီယံ လီဗာပူးကို အမွီလိုက္ကာ ပရီးမီးယာလိဂ္ဖလားကို စိန္ေခၚနုိင္လိမ့္မယ္လို႔ ေဟာကိန္းထုတ္ သံုးသပ္သြားခဲ့ပါတယ္။

” ခ်ယ္ဆီးက အံ့အားသင့္စရာ ေကာင္းေလာက္ေအာင္ ၀ယ္ယူမႈေကာင္းေတြ လုပ္ထားတယ္။ ေနာက္ရာသီမွာ သူတို႔ လီဗာပူးနဲ႕ ကြာဟခ်က္ကို ေလွ်ာ့ပစ္ျပီး အမွီလိုက္နုိင္မွာပါ။ ဒီတစ္ၾကိမ္ကေတာ့ အခက္အခဲဆံုး အမွတ္ေပးဖလား လုပြဲ ျဖစ္လာနုိင္တယ္။ ” လို႔ ေပါမာဆန္က ဆိုပါတယ္။