ချယ်ဆီးအသင်းဟာ ဒီနွေမှာ ကစားသမား ခေါ်ယူမှု အများအပြား ပြုလုပ်ထားတာကြောင့် လာမယ့် ဘောလုံးရာသီမှာ ကြီးကြီးမားမား လုပ်ပြနိုင်မယ်လို့ မျှော်လင့်ထားခြင်း ခံနေရပါတယ်။ အပြောင်းအရွှေ့မှာ ချယ်ဆီးရဲ့ သွက်လက်မှုတွေက ချီးကျူးစရာ ဖြစ်ပေမယ့် ဂိုးသမားကောင်း တစ်ယောက် ထပ်မံ ခေါ်ယူမှု မပြုလုပ်ရင်တော့ နောက်ရာသီမှာ ထူးမှာ မဟုတ်ဘူး လို့ လီဗာပူးအသင်းသားဟောင်း ကာရေဂါက သတိပေးလိုက်ပါတယ်။
စကိုင်းစပေါ့ အစီအစဉ် ဆွေးနွေးမှုမှာ မန်စီးတီး ကစားသမားဟောင်း မီကာ ရစ်ချက်က – ” ချယ်ဆီးအသင်းကတော့ လူစာရင်းကို တိုးတက်အောင် လုပ်နေတယ်။ လုံး၀ ရှေ့ဆောင်လမ်းပြတွေပါပဲ။ ဖုန်းတစ်ခါ ကြည့်လိုက်တိုင်း သူတို့ လူသစ်ခေါ်ပြီ ဆိုတဲ့ သတင်းပဲ တွေ့နေရတယ်။ ” လို့ ဆိုခဲ့ပါတယ်။
မီကာရစ်ချက် အပြောကို ကာရေဂါက – ” ချယ်ဆီးက ကစားသမား လေးယောက်လောက် ခေါ်ဖို့ လိုတာပါ ဒါကို ကျနော်တော့ သဘောပေါက်တယ်။ ဒါပေမယ့် တကယ်လို့သာ ဂိုးသမား နေရာကို အင်အား မဖြည့်ဘူးဆိုရင် နောက်ရာသီ အကုန်မှာလည်း ချယ်ဆီး ရပ်တည်မှုက အခုနဲ့ ဘာမှာ ခြားနားမှာ မဟုတ်ဘူး။ ” လို့ တုန့်ပြန်ပြောဆိုကာ သတိပေးလိုက်ပါတယ်။
အချက်အလက်တွေ အရတင် ချယ်ဆီး ဂိုးသမား ကီပါဟာ အသင်းကြီးတွေထဲမှာရော ပရီးမီးယားလိဂ်မှာပါ အခြေအနေ ဆိုးတဲ့ ဂိုးသမား တစ်ဦး ဖြစ်နေပြီး နည်းပြ လမ်းပတ် ကိုယ်တိုင်လည်း ကီပါကို ပွဲထွက် နေရာပေးဖို့ အပြည့်အ၀ ကျေနပ်မှု မရှိဘဲ ဖြစ်နေပါတယ်။
ဈေးကွက်ထဲမှာတော့ ချယ်ဆီး က ဂိုးသမားတွေ လိုက်လံချိတ်ဆက်မှု ရှိပေမယ့် ကီပါကို ရောင်းချဖြစ်ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ ချယ်ဆီး အကြီးအကဲ အဖွဲ့ဝင်ထဲ ပါဝင်တဲ့ ဂိုးသမားဟောင်းကြီး ပီတာချက်ကတော့ ကီပါကို အခွင့်အရေး ပေးဖို့ ရှိနေသေးကြောင်းနဲ့ ဂိုးသမားသစ်လည်း ရှာဖွေမှု ရှိနေကြောင်း ပြောဆိုထားပါတယ်။
Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီေႏြမွာ ကစားသမား ေခၚယူမႈ အမ်ားအျပား ျပဳလုပ္ထားတာေၾကာင့္ လာမယ့္ ေဘာလံုးရာသီမွာ ၾကီးၾကီးမားမား လုပ္ျပနုိင္မယ္လို႔ ေမွ်ာ္လင့္ထားျခင္း ခံေနရပါတယ္။ အေျပာင္းအေရႊ႕မွာ ခ်ယ္ဆီးရဲ႕ သြက္လက္မႈေတြက ခ်ီးက်ဴးစရာ ျဖစ္ေပမယ့္ ဂိုးသမားေကာင္း တစ္ေယာက္ ထပ္မံ ေခၚယူမႈ မျပဳလုပ္ရင္ေတာ့ ေနာက္ရာသီမွာ ထူးမွာ မဟုတ္ဘူး လို႔ လီဗာပူးအသင္းသားေဟာင္း ကာေရဂါက သတိေပးလိုက္ပါတယ္။
စကိုင္းစေပါ့ အစီအစဥ္ ေဆြးေႏြးမႈမွာ မန္စီးတီး ကစားသမားေဟာင္း မီကာ ရစ္ခ်က္က – ” ခ်ယ္ဆီးအသင္းကေတာ့ လူစာရင္းကို တိုးတက္ေအာင္ လုပ္ေနတယ္။ လံုး၀ ေရွ႕ေဆာင္လမ္းျပေတြပါပဲ။ ဖုန္းတစ္ခါ ၾကည့္လိုက္တိုင္း သူတို႔ လူသစ္ေခၚျပီ ဆိုတဲ့ သတင္းပဲ ေတြ႔ေနရတယ္။ ” လို႔ ဆိုခဲ့ပါတယ္။
မီကာရစ္ခ်က္ အေျပာကို ကာေရဂါက – ” ခ်ယ္ဆီးက ကစားသမား ေလးေယာက္ေလာက္ ေခၚဖို႔ လိုတာပါ ဒါကို က်ေနာ္ေတာ့ သေဘာေပါက္တယ္။ ဒါေပမယ့္ တကယ္လို႔သာ ဂိုးသမား ေနရာကို အင္အား မျဖည့္ဘူးဆိုရင္ ေနာက္ရာသီ အကုန္မွာလည္း ခ်ယ္ဆီး ရပ္တည္မႈက အခုနဲ႕ ဘာမွာ ျခားနားမွာ မဟုတ္ဘူး။ ” လို႔ တုန္႔ျပန္ေျပာဆိုကာ သတိေပးလိုက္ပါတယ္။
အခ်က္အလက္ေတြ အရတင္ ခ်ယ္ဆီး ဂိုးသမား ကီပါဟာ အသင္းၾကီးေတြထဲမွာေရာ ပရီးမီးယားလိဂ္မွာပါ အေျခအေန ဆိုးတဲ့ ဂိုးသမား တစ္ဦး ျဖစ္ေနျပီး နည္းျပ လမ္းပတ္ ကိုယ္တိုင္လည္း ကီပါကို ပြဲထြက္ ေနရာေပးဖို႔ အျပည့္အ၀ ေက်နပ္မႈ မရွိဘဲ ျဖစ္ေနပါတယ္။
ေစ်းကြက္ထဲမွာေတာ့ ခ်ယ္ဆီး က ဂိုးသမားေတြ လိုက္လံခ်ိတ္ဆက္မႈ ရွိေပမယ့္ ကီပါကို ေရာင္းခ်ျဖစ္ဖို႔ လြယ္ကူမွာ မဟုတ္ပါဘူး။ ခ်ယ္ဆီး အၾကီးအကဲ အဖြဲ႕၀င္ထဲ ပါ၀င္တဲ့ ဂိုးသမားေဟာင္းၾကီး ပီတာခ်က္ကေတာ့ ကီပါကို အခြင့္အေရး ေပးဖို႔ ရွိေနေသးေၾကာင္းနဲ႕ ဂိုးသမားသစ္လည္း ရွာေဖြမႈ ရွိေနေၾကာင္း ေျပာဆိုထားပါတယ္။