ဆန်ချို ဖွင့်ဟ မတားမြစ်သ၍ လက်လျှော့မှာ မဟုတ်တဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ဟာ နံပါတ် တစ် ပစ်မှတ် ကစားသမား ဖြစ်တဲ့ ဂျေဒန် ဆန်ချို ကို ခေါ်ယူရေးဟာ ကစားသမားကိုယ်တိုင် ထုတ်ဖော် ပြောဆို တားမြစ်မှု မလုပ်သ၍ ဆက်လက် ကြိုးပမ်းသွားဦးမှာ ဖြစ်ကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ထုတ်လိုက်ပါတယ်။

ပေါင် ၁၀၈ သန်းတန် အင်္ဂလန်သား တိုက်စစ်သမား ကို ယူနိုက်တက်က အသည်းအသန် ခေါ်ယူလိုသည့်တိုင် ပြောင်းရွှေ့ကြေးနဲ့ ငွေပေးချေမှု ကိစ္စများ ညှိနှိုင်းမရတာကြောင့် မခေါ်ယူနိုင်သေးဘူး ဖြစ်နေပါတယ်။ အသက် ၂၀ အရွယ် တောင်ပံသမားကို ဒေါ့မွန်က ဂျာမနီမှာ အနည်းဆုံး တစ်နှစ် ထပ်ကစားဖို့ ထိန်းချုပ်ထားပါတယ်။

ယူနိုက်တက်ဟာ ဆန်ချို အတွက် ကနဦးကြေး ပေါင် သန်း ၆၀-၇၀ လောက် အရင်ပေးကာ လက်ကျန် ပမာဏကို အရစ်ကျနဲ့ ပေးချေလိုနေပြီး ဒေါ့မွန်က လက်မခံလိုပါဘူး။ ဒါ့အပြင် ကစားသမား အလိုရှိတဲ့ တစ်ပတ် ပေါင် ၃ သိန်း လစာကလည်း ယူနိုက်တက် အတွက် လက်ခံလိုခြင်း မရှိ ဖြစ်နေပါတယ်။ ဒါပေမယ့် နွေ အပြောင်းရွှေ့ ကာလက ကျန်ရှိနေသေးတာကြောင့် ဆက်လက် ကြိုးစားနိုင်ခွင့် ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဘက်ကတော့ ဆန်ချို ကိုယ်တိုင် ဒေါ့မွန်မှာပဲ ဆက်နေမယ်လို့ လူသိရှင်ကြား ထုတ်ဖော် ပြောဆိုမှု ပြုလုပ်မှသာ ခေါ်ယူဖို့ ကြိုးပမ်းမှုကို ရပ်တန့်ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ အင်္ဂလန်သား ကို ခေါ်ယူမှု မအောင်မြင်သေးချိန်မှာတော့ အေဂျက် ကွင်းလယ်သမား ဗန်ဒါဘိခ် ကို ပေါင် သန်း ၄၀ နဲ့ ယူနိုက်တက်က ခေါ်ဖို့ သဘောတူညီမှု ရပြီး ဖြစ်ပါတယ်။

အစောပိုင်း ကာလများလို ဆန်ချို အတွက် တစိုက်မတ်မတ် ကြိုးပမ်းမှုတော့ လုပ်တော့မှာ မဟုတ်ဘဲ ဗန်ဒါဘိခ် ပြီးရင် တခြား ခေါ်ယူမယ့် ပစ်မှတ်များကိုလည်း ယူနိုက်တက်က ဆက်တိုက် လှုပ်ရှားဖို့ ရှိနေပါတယ်။ ဆိုးရှားကတော့ လိုက်ပ်ဇစ် ခံစစ်မှူး အူပါမီကာနို ကို ခေါ်ယူလိုနေပြီး ယူနိုက်တက် ဘုတ်အဖွဲ့နဲ့တော့ ညှိနှိုင်းမှုတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ နံပါတ္ တစ္ ပစ္မွတ္ ကစားသမား ျဖစ္တဲ့ ေဂ်ဒန္ ဆန္ခ်ိဳ ကို ေခၚယူေရးဟာ ကစားသမားကိုယ္တိုင္ ထုတ္ေဖာ္ ေျပာဆို တားျမစ္မႈ မလုပ္သ၍ ဆက္လက္ ၾကိဳးပမ္းသြားဦးမွာ ျဖစ္ေၾကာင္း ေဒးလီးေမးလ္ သတင္းက ေဖာ္ထုတ္လိုက္ပါတယ္။

ေပါင္ ၁၀၈ သန္းတန္ အဂၤလန္သား တိုက္စစ္သမား ကို ယူနိုက္တက္က အသည္းအသန္ ေခၚယူလိုသည့္တိုင္ ေျပာင္းေရႊ႕ေၾကးနဲ႕ ေငြေပးေခ်မႈ ကိစၥမ်ား ညွိနိႈင္းမရတာေၾကာင့္ မေခၚယူနိုင္ေသးဘူး ျဖစ္ေနပါတယ္။ အသက္ ၂၀ အရြယ္ ေတာင္ပံသမားကို ေဒါ့မြန္က ဂ်ာမနီမွာ အနည္းဆံုး တစ္နွစ္ ထပ္ကစားဖို႔ ထိန္းခ်ဳပ္ထားပါတယ္။

ယူနိုက္တက္ဟာ ဆန္ခ်ိဳ အတြက္ ကနဦးေၾကး ေပါင္ သန္း ၆၀-၇၀ ေလာက္ အရင္ေပးကာ လက္က်န္ ပမာဏကို အရစ္က်နဲ႕ ေပးေခ်လိုေနျပီး ေဒါ့မြန္က လက္မခံလိုပါဘူး။ ဒါ့အျပင္ ကစားသမား အလိုရွိတဲ့ တစ္ပတ္ ေပါင္ ၃ သိန္း လစာကလည္း ယူနိုက္တက္ အတြက္ လက္ခံလိုျခင္း မရွိ ျဖစ္ေနပါတယ္။ ဒါေပမယ့္ ေႏြ အေျပာင္းေရႊ႕ ကာလက က်န္ရွိေနေသးတာေၾကာင့္ ဆက္လက္ ၾကိဳးစားနုိင္ခြင့္ ရွိေနပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဘက္ကေတာ့ ဆန္ခ်ိဳ ကိုယ္တိုင္ ေဒါ့မြန္မွာပဲ ဆက္ေနမယ္လို႔ လူသိရွင္ၾကား ထုတ္ေဖာ္ ေျပာဆိုမႈ ျပဳလုပ္မွသာ ေခၚယူဖို႔ ၾကိဳးပမ္းမႈကို ရပ္တန္႔ဖို႔ ဆံုးျဖတ္ထားေၾကာင္း သိရပါတယ္။ အဂၤလန္သား ကို ေခၚယူမႈ မေအာင္ျမင္ေသးခ်ိန္မွာေတာ့ ေအဂ်က္ ကြင္းလယ္သမား ဗန္ဒါဘိခ္ ကို ေပါင္ သန္း ၄၀ နဲ႕ ယူနိုက္တက္က ေခၚဖို႔ သေဘာတူညီမႈ ရျပီး ျဖစ္ပါတယ္။

အေစာပိုင္း ကာလမ်ားလို ဆန္ခ်ိဳ အတြက္ တစိုက္မတ္မတ္ ၾကိဳးပမ္းမႈေတာ့ လုပ္ေတာ့မွာ မဟုတ္ဘဲ ဗန္ဒါဘိခ္ ျပီးရင္ တျခား ေခၚယူမယ့္ ပစ္မွတ္မ်ားကိုလည္း ယူနိုက္တက္က ဆက္တိုက္ လႈပ္ရွားဖို႔ ရွိေနပါတယ္။ ဆိုးရွားကေတာ့ လိုက္ပ္ဇစ္ ခံစစ္မွဴး အူပါမီကာနို ကို ေခၚယူလိုေနျပီး ယူနိုက္တက္ ဘုတ္အဖြဲ႕နဲ႕ေတာ့ ညွိနိႈင္းမႈေတြ ျပဳလုပ္ရမွာ ျဖစ္ပါတယ္။