တီမိုဗာနာ ချယ်ဆီးနဲ့ ပရီးမီးယားလိဂ်မှာ အခြေကျဖို့ အူဘာမီးယန်းကို နမူနာယူလို့ တိုက်တွန်းမှု ထွက်ပေါ်

အာဆင်နယ်အသင်းနဲ့ အတူ ခြေစွမ်းပြ ဂိုးတွေသွင်းနေတဲ့ တိုက်စစ်မှူး အူဘာမီးယန်းကို နမူနာ ယူကာ ချယ်ဆီး တိုက်စစ်မှူးသစ် တီမိုဗာနာ အနေနဲ့လည်း အင်္ဂလိပ် ပရီးမီးယားလိဂ်မှာ အခြေကျဖို့ စိတ်ရှည်ရှည် အချိန်ယူသင့်ကြောင်း ချယ်ဆီးတိုက်စစ်မှူးဟောင်း ဂျင်မီဖလွိုက် ဟက်ဆယ်ဘိန့် က တိုက်တွန်း အကြံပြုလိုက်ပါတယ်။

အူဘာမီးယန်းကလည်း ဗာနာ နည်းတူ ဘွန်ဒစ်လီဂါကလပ် တစ်သင်းကနေ ရွှေ့ပြောင်းလာခဲ့တာ ဖြစ်ပြီး ဂျာမန်ဘောလုံးနဲ့ လုံး၀ ခြားနားတဲ့ အင်္ဂလန်က အခြေအနေကို အသားကျဖို့ ၆ လ လောက် အချိန်ယူခဲ့ရပါတယ်။ ဒါကြောင့် ဟက်ဆယ်ဘိန့် ကတော့ ဗာနာ အနေနဲ့ သူ့ ပုံစံကောင်း ရဖို့ဆို အင်္ဂလိပ်ဘောလုံးရဲ့ တောင်းဆိုမှုတွေ နည်းစနစ်တွေ အသားကျလာဖို့ အချိန်တစ်ခု လိုအပ်မယ် ယုံကြည်နေပါတယ်။

” ဂျာမန်ဘောလုံးက အင်္ဂလန်မှာနဲ့ လုံးဝကို မတူတာပါ။ ဗာနာ အနေနဲ့ ရောက်ရောက်ချင်း ချက်ချင်း အသားကျသွားဖို့ဆိုတာ ခက်ခဲပါမယ်။ သူက ပင်ကို အရည်အချင်းကောင်းတွေ ရှိတဲ့ ကစားသမားကောင်း ဆိုတာ ကျနော်တို့ သိတယ်။ သူ လုပ်နိုင်တယ် ဆိုတာလည်း သိတယ်။ ချယ်ဆီး အနေနဲ့ ဂိုးတွေ သွင်းပေးနိုင်မယ့် ကစားသမား လိုအပ်နေတာပါ။

ဒါပေမယ့် ကျနော်တို့ သူ့ကို အချိန် တစ်ခု ပေးရပါလိမ့်မယ်။ အူဘာမီးယန်း တုန်းက သူ ရောက်လာတာကို ပြန်ကြည့်ပါ။ သူ ခြောက်လလောက် အချိန်ယူခဲ့ရတယ်။ ဒီတော့ ဗာနာ ကိုလည်း ခြောက်လ လောက် အချိန်ပေးလိုက်ကြပါ။ ” လို့ ဟတ်ဆယ်ဘိန့်က သုံးသပ် တိုက်တွန်းခဲ့ပါတယ်။

ဘွန်ဒစ်လီဂါက ဘောလုံးက ကစားဟန်ဟာ ကာယ ကြံ့ခိုင်မှုပိုင်း တောင်းဆိုမှု မြင့်မားတဲ့ ပရီးမီးယားလိဂ်နဲ့တော့ လုံး၀ ကွဲပြား ခြားနားနေတာ အမှန်ပါ။ ဂျာမနီမှာ ဘတ်စ်ကားလို ပိတ်တဲ့ ခံစစ် ကစားတဲ့ အသင်းတွေ သိပ် တွေ့ရတာ မဟုတ်တာကြောင့် တိုက်စစ်မှူးတွေက လွတ်လွတ်လပ်လပ် ပြေးလွှား ဆော့ကစားနိုင်ပေမယ့် အင်္ဂလန်မှာတော့ အသင်းကြီးတွေနဲ့ ဆုံရင် ပြိုင်ဘက်တွေက ဧရိယာထဲ အဝင်မခံဘဲ စနစ်တကျ ပိတ်ဆို့ ကစားမှုတွေ ပြုလုပ်လေ့ ရှိပါတယ်။

အူဘာမီးယန်းဟာ ဒေါ့မွန် ကနေ ပြောင်းရွှေ့လာတည်းက စလို့ အာဆင်နယ် အတွက် ပွဲ ၁၁၀ ကစားထားပြီ ဖြစ်ကာ ၇၁ ဂိုး သွင်းယူထားပါတယ်။ တီမိုဗာနာ အနေနဲ့လည်း အူဘာ နည်းတူ ချယ်ဆီးအသင်းမှာ သွင်းဂိုးစက်တစ်လုံး ဖြစ်လာမယ်လို့ ချယ်ဆီး ပရိသတ်များ မျှော်လင့်ထားကြပါတယ်။

Zawgyi – အာဆင္နယ္အသင္းနဲ႕ အတူ ေျခစြမ္းျပ ဂိုးေတြသြင္းေနတဲ့ တိုက္စစ္မွဴး အူဘာမီးယန္းကို နမူနာ ယူကာ ခ်ယ္ဆီး တိုက္စစ္မွဴးသစ္ တီမိုဗာနာ အေနနဲ႕လည္း အဂၤလိပ္ ပရီးမီးယားလိဂ္မွာ အေျခက်ဖို႔ စိတ္ရွည္ရွည္ အခ်ိန္ယူသင့္ေၾကာင္း ခ်ယ္ဆီးတိုက္စစ္မွဴးေဟာင္း ဂ်င္မီဖလြိဳက္ ဟက္ဆယ္ဘိန္႔ က တိုက္တြန္း အၾကံျပဳလုိက္ပါတယ္။

အူဘာမီးယန္းကလည္း ဗာနာ နည္းတူ ဘြန္ဒစ္လီဂါကလပ္ တစ္သင္းကေန ေရႊ႕ေျပာင္းလာခဲ့တာ ျဖစ္ျပီး ဂ်ာမန္ေဘာလံုးနဲ႕ လံုး၀ ျခားနားတဲ့ အဂၤလန္က အေျခအေနကို အသားက်ဖို႔ ၆ လ ေလာက္ အခ်ိန္ယူခဲ့ရပါတယ္။ ဒါေၾကာင့္ ဟက္ဆယ္ဘိန္႔ ကေတာ့ ဗာနာ အေနနဲ႕ သူ႔ ပံုစံေကာင္း ရဖို႔ဆို အဂၤလိပ္ေဘာလံုးရဲ႕ ေတာင္းဆိုမႈေတြ နည္းစနစ္ေတြ အသားက်လာဖို႔ အခ်ိန္တစ္ခု လိုအပ္မယ္ ယံုၾကည္ေနပါတယ္။

” ဂ်ာမန္ေဘာလံုးက အဂၤလန္မွာနဲ႕ လံုး၀ကို မတူတာပါ။ ဗာနာ အေနနဲ႕ ေရာက္ေရာက္ခ်င္း ခ်က္ခ်င္း အသားက်သြားဖို႔ဆိုတာ ခက္ခဲပါမယ္။ သူက ပင္ကို အရည္အခ်င္းေကာင္းေတြ ရွိတဲ့ ကစားသမားေကာင္း ဆိုတာ က်ေနာ္တို႔ သိတယ္။ သူ လုပ္နုိင္တယ္ ဆိုတာလည္း သိတယ္။ ခ်ယ္ဆီး အေနနဲ႕ ဂိုးေတြ သြင္းေပးနိုင္မယ့္ ကစားသမား လိုအပ္ေနတာပါ။

ဒါေပမယ့္ က်ေနာ္တို႔ သူ႔ကို အခ်ိန္ တစ္ခု ေပးရပါလိမ့္မယ္။ အူဘာမီးယန္း တုန္းက သူ ေရာက္လာတာကို ျပန္ၾကည့္ပါ။ သူ ေျခာက္လေလာက္ အခ်ိန္ယူခဲ့ရတယ္။ ဒီေတာ့ ဗာနာ ကိုလည္း ေျခာက္လ ေလာက္ အခ်ိန္ေပးလိုက္ၾကပါ။ ” လို႔ ဟတ္ဆယ္ဘိန္႔က သံုးသပ္ တိုက္တြန္းခဲ့ပါတယ္။

ဘြန္ဒစ္လီဂါက ေဘာလံုးက ကစားဟန္ဟာ ကာယ ၾကံ႕ခိုင္မႈပိုင္း ေတာင္းဆိုမႈ ျမင့္မားတဲ့ ပရီးမီးယားလိဂ္နဲ႕ေတာ့ လံုး၀ ကြဲျပား ျခားနားေနတာ အမွန္ပါ။ ဂ်ာမနီမွာ ဘတ္စ္ကားလို ပိတ္တဲ့ ခံစစ္ ကစားတဲ့ အသင္းေတြ သိပ္ ေတြ႔ရတာ မဟုတ္တာေၾကာင့္ တိုက္စစ္မွဴးေတြက လြတ္လြတ္လပ္လပ္ ေျပးလႊား ေဆာ့ကစားနိုင္ေပမယ့္ အဂၤလန္မွာေတာ့ အသင္းၾကီးေတြနဲ႕ ဆံုရင္ ျပိဳင္ဘက္ေတြက ဧရိယာထဲ အ၀င္မခံဘဲ စနစ္တက် ပိတ္ဆို႔ ကစားမႈေတြ ျပဳလုပ္ေလ့ ရွိပါတယ္။

အူဘာမီးယန္းဟာ ေဒါ့မြန္ ကေန ေျပာင္းေရႊ႕လာတည္းက စလို႔ အာဆင္နယ္ အတြက္ ပြဲ ၁၁၀ ကစားထားျပီ ျဖစ္ကာ ၇၁ ဂိုး သြင္းယူထားပါတယ္။ တီမိုဗာနာ အေနနဲ႕လည္း အူဘာ နည္းတူ ခ်ယ္ဆီးအသင္းမွာ သြငး္ဂိုးစက္တစ္လံုး ျဖစ္လာမယ္လို႔ ခ်ယ္ဆီး ပရိသတ္မ်ား ေမွ်ာ္လင့္ထားၾကပါတယ္။