ဂိုးသမား မန်ဒီအတွက် ချယ်ဆီးပေးလိုတဲ့ ပြောင်းရွှေ့ကြေးထက် နှစ်ဆ အလိုရှိနေတဲ့ ရေးနက်စ် အသင်း

ပွဲထွက် ဂိုးသမား ကီပါကို စိတ်တိုင်းမကျတာကြောင့် ဂိုးသမားသစ် တစ်ဦး ရှာဖွေနေဆဲ ဖြစ်တဲ့ ချယ်ဆီးအသင်းဟာ ပြောင်းရွှေ့ကြေး မြင့်မားမယ့် နာမည်ကြီး ဂိုးသမားတွေကို ဖယ်ထုတ်ပြီး ဈေးချိုချိုနဲ့ ရနိုင်မယ့် အလားအလာကောင်း ဂိုးသမား မန်ဒီကို ကြိုးစားနေသော်လည်း ရေးနက်စ်အသင်းကတော့ ဈေးကိုင်နေပါတယ်။

ရေးနက်စ်ကလည်း ဂိုးသမား အက်ဒွပ် မန်ဒီကို မရောင်းမဖြစ် အနေအထား မဟုတ်တာကြောင့် အစားထိုး ပစ်မှတ် ရှာဖွေရင်း ကြိုက်ဈေးတင်ထားကာ အခြေအနေ စောင့်ကြည့်လိုနေတာပါ။ ချယ်ဆီး အနေနဲ့ မန်ဒီကိုတော့ လွယ်လွယ် ခေါ်နိုင်မယ် မျှော်လင့်ထားပေမယ့် ထင်ထားသလို မဖြစ်နိုင်စရာတွေ ရှိနေပါတယ်။

တယ်လီဂရပ်ဖ် ဖော်ထုတ်မှု အရတော့ ရေးနက်စ်အသင်းဟာ မန်ဒီအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ အလိုရှိနေပြီး ထိုပမာဏဟာ ချယ်ဆီး ဒုတိယအကြိမ် ချဉ်းကပ် ကမ်းလှမ်းခဲ့တဲ့ ယူရို သန်း ၂၀ ထက် နှစ်ဆ ရှိနေပါတယ်။

သတင်းတွေ အရတော့ ချယ်ဆီး ပထမ ကမ်းလှမ်းမှုက ယူရို ၁၆ သန်းသာ ဖြစ်ပြီး ဒုတိယ အကြိမ်မှ ယူရို သန်း ၂၀ ထိ တိုးမြှင့်ပေးခဲ့တာပါ။ ဒါပေမယ့် ရေးနက်စ်ဘက်က ယူရို သန်း ၄၀ ထိ အလိုရှိနေတာကြောင့် ချယ်ဆီးတို့ ပြန်စဉ်းစားဖွယ် ရှိပြီး အခြား ပြင်သစ်ကလပ် ဖြစ်တဲ့ လိုင်လီ အသင်း ဂိုးသမား မိုက် မိုင်နမ်ဟာ မန်ဒီထက် ပိုကောင်းတာတောင် ယူရို ၃၅ သန်းသာ တန်ကြေး ရှိတာ ဖြစ်ပါတယ်။

ရေးနက်စ် အသင်းကလည်း လွတ်လွတ်လပ်လပ် ဈေးတင်လို့ ရတဲ့ အနေအထား ဖြစ်နေတာကြောင့် ၎င်းတို့ အလိုရှိတဲ့ ပြောင်းရွှေ့ကြေး ပမာဏကို အသိပေးကာ ဆက်လက် စောင့်ကြည့်နေပါတယ်။ ချယ်ဆီး အသင်း အနေနဲ့ ကီပါကိုလည်း ရောင်းထုတ်နိုင်ဦးမှာ မဟုတ်တာကြောင့် မန်ဒီကို မရနိုင်ရင် ပိုပြီး ဈေးတန် လက်စွမ်းကောင်းတဲ့ အခြား ဂိုးသမားလည်း ထပ်မံ ရှာဖွေဖွယ် ရှိပါတယ်။

Zawgyi – ပြဲထြက္ ဂိုးသမား ကီပါကို စိတ္တိုင္းမက်တာေၾကာင့္ ဂိုးသမားသစ္ တစ္ဦး ရွာေဖြေနဆဲ ျဖစ္တဲ့ ခ်ယ္ဆီးအသင္းဟာ ေျပာင္းေရႊ႕ေၾကး ျမင့္မားမယ့္ နာမည္ၾကီး ဂိုးသမားေတြကို ဖယ္ထုတ္ျပီး ေစ်းခ်ိဳခ်ိဳနဲ႕ ရနုိင္မယ့္ အလားအလာေကာင္း ဂိုးသမား မန္ဒီကို ၾကိဳးစားေနေသာ္လည္း ေရးနက္စ္အသင္းကေတာ့ ေစ်းကိုင္ေနပါတယ္။

ေရးနက္စ္ကလည္း ဂိုးသမား အက္ဒြပ္ မန္ဒီကို မေရာင္းမျဖစ္ အေနအထား မဟုတ္တာေၾကာင့္ အစားထိုး ပစ္မွတ္ ရွာေဖြရင္း ၾကိဳက္ေစ်းတင္ထားကာ အေျခအေန ေစာင့္ၾကည့္လိုေနတာပါ။ ခ်ယ္ဆီး အေနနဲ႕ မန္ဒီကိုေတာ့ လြယ္လြယ္ ေခၚနုိင္မယ္ ေမွ်ာ္လင့္ထားေပမယ့္ ထင္ထားသလို မျဖစ္နိုင္စရာေတြ ရွိေနပါတယ္။

တယ္လီဂရပ္ဖ္ ေဖာ္ထုတ္မႈ အရေတာ့ ေရးနက္စ္အသင္းဟာ မန္ဒီအတြက္ ေျပာင္းေရႊ႕ေၾကး ယူရိုု သန္း ၄၀ အလိုရွိေနျပီး ထိုပမာဏဟာ ခ်ယ္ဆီး ဒုတိယအၾကိမ္ ခ်ဥ္းကပ္ ကမ္းလွမး္ခဲ့တဲ့ ယူရို သန္း ၂၀ ထက္ နွစ္ဆ ရွိေနပါတယ္။

သတင္းေတြ အရေတာ့ ခ်ယ္ဆီး ပထမ ကမ္းလွမ္းမႈက ယူရို ၁၆ သန္းသာ ျဖစ္ျပီး ဒုတိယ အၾကိမ္မွ ယူရို သန္း ၂၀ ထိ တိုးျမွင့္ေပးခဲ့တာပါ။ ဒါေပမယ့္ ေရးနက္စ္ဘက္က ယူရို သန္း ၄၀ ထိ အလိုရွိေနတာေၾကာင့္ ခ်ယ္ဆီးတို႔ ျပန္စဥ္းစားဖြယ္ ရွိျပီး အျခား ျပင္သစ္ကလပ္ ျဖစ္တဲ့ လိုင္လီ အသင္း ဂိုးသမား မိုက္ မိုင္နမ္ဟာ မန္ဒီထက္ ပိုေကာင္းတာေတာင္ ယူရို ၃၅ သန္းသာ တန္ေၾကး ရွိတာ ျဖစ္ပါတယ္။

ေရးနက္စ္ အသင္းကလည္း လြတ္လြတ္လပ္လပ္ ေစ်းတင္လို႔ ရတဲ့ အေနအထား ျဖစ္ေနတာေၾကာင့္ ၄ငး္တို႔ အလိုရွိတဲ့ ေျပာင္းေရႊ႕ေၾကး ပမာဏကို အသိေပးကာ ဆက္လက္ ေစာင့္ၾကည့္ေနပါတယ္။ ခ်ယ္ဆီး အသင္း အေနနဲ႔ ကီပါကိုလည္း ေရာင္းထုတ္နိုင္ဦးမွာ မဟုတ္တာေၾကာင့္ မန္ဒီကို မရနုိင္ရင္ ပိုျပီး ေစ်းတန္ လက္စြမ္းေကာင္းတဲ့ အျခား ဂိုးသမားလည္း ထပ္မံ ရွာေဖြဖြယ္ ရွိပါတယ္။