မန်ချက်စတာ ယူနိုက်တက် က ဒီတပတ် ပရီးမီးယားလိဂ်မှာ ဘုန်းမောက် အသင်းနဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကတော့ မနက်ဖြန် စနေနေ့ ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဘုန်းမောက် – မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။
” မန်ချက်စတာ ယူနိုက်တက် က ယူရိုပါလိဂ် တစ်နေရာစာ အတွက် ကြိုးစားနေရသလို ဖြစ်နေတယ်။ သူတို့ ချန်ပီယံလိဂ် ဝင်ခွင့် (Top 4 က ဆိုရင်) မရနိုင်တော့ပါဘူး။
ဘုန်းမောက်က တန်းဆင်းမှာ မဟုတ်ဘူး။ တကယ်တမ်းတော့ သူတို့ ဘာအတွက် ကစားနေတယ် ဆိုတာတောင် ဦးတည်ရာ မရှိနေပါဘူး။
ဧည့်သည် မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ဆိုရင်လည်း သူတို့ ဘယ်ရောက် ဘယ်ပေါက်မယ်ဆိုတာ မှန်းတောင် မရဘူး။ သူတို့က အက်စတွန်ဗီလာ နောက် ၁၁ မှတ် အကွာမှာ ရောက်နေတယ်။ တကယ်ကို ရူးလောက်စရာပဲ။
မန်ချက်စတာ ယူနိုက်တက် လို ကလပ်အသင်းက အခုနေ ဘယ်လိုတွေ သယ်ဆောင်သွားနေတယ် ဆိုတာ နားကို မလည်နိုင်လောက်အောင်ပဲ။ ဒါကသာ ရုပ်ရှင် ကြည့်နေတာ ဆိုရင် ချက်ချင်းတောင် ထပိတ်ပြီးလောက်ပြီ။
သူတို့ လီဗာပူးနဲ့ ပွဲမှာလည်း တဖက်က အခွင့်အရေးတွေ အများကြီး လွဲလို့သာ တစ်မှတ် ရခဲ့တာပါ။ ဘရူနို ဖာနန်ဒက်စ်က ကမ္ဘာ့အဆင့် သွင်းဂိုး မသွင်းလိုက်ခင် အထိ သူတို့က ကြိုးတန်းပေါ် လမ်းလျှောက်နေခဲ့ကြသလိုပဲ။ သူတို့အတွက် ဘာမှလည်း မပြောင်းလဲလာပါဘူး။ ပွဲတချို့ ရှုံးလိုက်၊ ရလဒ်ကောင်း တစ်ပွဲလောက် ရလိုက်၊ အရင်တိုင်း ပြန်ဖြစ်လိုက်ပဲ။
ဒီပွဲကတော့ အန္တာရယ်ရှိတယ်။ သူတို့ ကလင်ဒါကျ အရ ဆိုရင်ပေါ့။ သူတို့ ဘယ်နေရာမှ လုံလောက် ကောင်းမွန်မှု မရှိဘူး ဆိုတာလည်း သူတို့ သိသင့်ပါပြီ။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန် ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ ဘုန်းမော်က ၂-၂ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။