အာဆင်နယ်အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ အက်စတွန်ဗီလာ အသင်းနဲ့ တွေ့နေပြီး အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားမှာပါ။ ပွဲချိန်ကတော့ လာမယ့် တနင်္ဂနွေနေ့ ည ၁၁ နာရီခွဲ အချိန် ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က အာဆင်နယ်နဲ့ အက်စတွန်ဗီလာ တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။
” ကျွန်တော် အက်စတွန် ဗီလာရဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲကို ကြည့်ဖြစ်ခဲ့တယ်။ သူတို့က အာဆင်နယ်နဲ့ ပွဲမှာ မီးပိတ် ကစားနေကြသလိုပဲ။
ဒီပွဲမှာ ကျွန်တော်ကတော့ အိမ်ရှင် အသင်းဘက်က ရှိရမှာပဲ။ သူတို့က မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ကို ထူးရှယ် ဖြစ်နေတယ်။ အထူးသဖြင့် ဒီနှစ်ထဲ အမ်းမရိတ်မှာ ဆိုရင် အထင်ကြီးစရာ လုပ်ပြထားပါတယ်။
ဗီလာက ၁၉၉၆ တည်းက စလို့ ဆုဖလား မရတော့ပါဘူး။ ဒီတော့ သူတို့ ကွန်းဖရင့်လိဂ်ကို အရယူဖို့ အာရုံ စိုက်နေပါလိမ့်မယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ် ကတော့ အာဆင်နယ် ၂-ဝ အက်စတွန်ဗီလာ ဖြစ်ပါတယ်။