ခြေစွမ်း ပုံမှန်အောက် ရောက်နေတဲ့ ချယ်ဆီးက အဲဗာတန် ကို အနိုင်ယူနိုင်မလား ပေါမာဆန်ကြီးရဲ့ သုံးသပ် ခန့်မှန်းချက်

ချယ်ဆီးအသင်းက ဒီအပတ် ပရီးမီးယားလိဂ်မှာ အဲဗာတန် အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း စတန်းဖို့ ဘရစ်ချ်မှာ ဧည့်ခံ ကစားမှာပါ။ ပွဲကတော့ လာမယ့် အင်္ဂါနေ့ နံနက် ၁ နာရီခွဲ အချိန်မှ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က ချယ်ဆီး – အဲဗာတန် ပွဲအတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

” အဲဗာတန် က စတန်းဖို့ ဘရစ်ချ်ကို သွားပြီး သေချာ ကစားပါလိမ့်မယ်။ ဒါပေမယ့် သူတို့ ချယ်ဆီးကို နာကျင်အောင် လုပ်နိုင်မယ် မထင်ဘူး။ ဘန်လေနဲ့ ပွဲမှာလည်း သူတို့ ၃ မှတ်ပြည့် ရခဲ့တယ်။ ဒါပေမယ့် သူတို့ ရခဲ့တဲ့ ဂိုးကတော့ ကံကောင်းလို့ ရသွားတယ် ပြောလို့ ရတယ်။

တကယ်တော့ သူတို့ ဖလား ဖိုင်နယ် က နောက်အပတ်ထဲမှာ ရှိနေတာပါ။ နော်တင်ဟမ် ဖောရက်စ်ကို အိမ်ကွင်းမှာ ကစားရမယ်။ အဲဒီပွဲက သူတို့ ဘောလုံးရာသီကို အဆုံးအဖြတ် ပေးသွားနိုင်တယ်။

အဲဗာတန်မှာက ပွဲစဉ်ဇယား ကောင်းတွေ ရှိထားတယ်။ ဒါကြောင့် အမှတ်လျှော့ ပြစ်ဒဏ် ခံရရင်တောင် တန်းဆင်းကနေ ရှောင်နိုင်မှာပါ။ သူတို့ကို ပရီးမီးယားလိဂ်မှာ ဆက်ထိန်းနိုင်ရင် ရှောင်ဒိုက်က ချီးကျူး ခံရသင့်တယ်။

ချယ်ဆီးကတော့ ဒီရာသီ ပုံမှန်အောက်ကို ရောက်နေတဲ့ အနေအထားပါ။ ဒါပေမယ့် သူတို့ အိမ်ကွင်းမှာတော့ အလုပ်ဖြစ်အောင် လုပ်နိုင်မယ် လို့ ကျွန်တော် ထင်ပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ၂-ဝ အဲဗာတန် ဖြစ်ပါတယ်။