မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးတို့ကို ငြိမ်ဆေး ကျွေးလိုက်တဲ့ သီယေဂို အယ်ကန်တာရာ

ဘိုင်ယန်မြူးနစ်နဲ့ စပိန်လက်ရွေးစင် အသင်းတို့ရဲ့ ကွင်းလယ်ကြယ်ပွင့် သီယေဂို အယ်ကန်တာရာကတော့ ညကစပိန်နဲ့ ဂျာမနီတို့ တစ်ဂိုး စီ သရေကျခဲ့တဲ့ နေးရှင်းလိဂ် ပွဲ အပြီးမှာ ၎င်းရဲ့ အပြောင်းအရွှေ့ သတင်းများနဲ့ ပတ်သတ်ပြီး တုန့်ပြန် ပြောဆိုလာခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အယ်ကန်တာရာနဲ့ ဒီနွေမှာ ကျယ်ကျယ်လောင်လောင် သတင်းထွက်ပေါ်နေတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ဒီသီတင်းပတ်အတွင်းမှ အယ်ကန်တာရာ ကို စိတ်ဝင်စားဟန် ပြသလာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အယ်ကန်တာရာ ကတော့ လက်ရှိကလပ် ဘိုင်ယန်မှာ ပျော်ရွှင်နေကြောင်း ပြောဆိုလာခဲ့တာကြောင့် စပိန်သားကို ခေါ်ယူဟန် ပြင်နေတဲ့ ပရီးမီးယားလိဂ်ကလပ် နှစ်သင်းကို ငြိမ်ဆေး ကျွေးသလို ဖြစ်သွားနိုင်ပါတယ်။

” လောလောဆယ် ကျနော်ကတော့ ယူကရိန်းနဲ့ ပွဲ အတွက်ပဲ စဉ်းစားတယ်။ အဲဒါပြီးရင် တချက်ကြည့်ကြတာပေါ့။ ဘိုင်ယန်ကတော့ ကျနော့် အိမ်ပါ။ ကျနော် အဲဒီမှာ ပျော်ရွှင်နေပါတယ်။ ” လို့ သီယေဂို အယ်ကန်တာရာက ပြောဆိုခဲ့ပါတယ်။

ဂျာမနီက သတင်းများအရတော့ အယ်ကန်တာရာ အတွက် ယူနိုက်တက်ထံက တရားဝင် ကမ်းလှမ်းမှု တစုံတရာ မရှိသေးကြောင်း သိရပြီး လီဗာပူးနဲ့တော့ ပြောဆို ဆွေးနွေးမှု ရှိနေတယ်လို့ ဖော်ပြနေကြပါတယ်။

ဆိုးရှားရဲ့ ယူနိုက်တက် လူစာရင်းမှာတော့ ကွင်းလယ်မှာ ထပ်မံ အားဖြည့်ဖို့ ဟုတ်ပါ့မလား မေးခွန်းထုတ်စရာ ဖြစ်နေပြီး အထူးသဖြင့် ဗန်ဒီဘိခ် ကို ခေါ်ယူပြီးနောက် လက်ရှိ ကွင်းလယ်တွေကို ပွဲကစားခွင့်ပေးဖို့တောင် အခက်တွေ့နေတာ ဖြစ်ပါတယ်။

Zawgyi – ဘိုင္ယန္ျမဴးနစ္နဲ႕ စပိန္လက္ေရြးစင္ အသင္းတို႔ရဲ႕ ကြင္းလယ္ၾကယ္ပြင့္ သီေယဂို အယ္ကန္တာရာကေတာ့ ညကစပိန္နဲ႕ ဂ်ာမနီတို႔ တစ္ဂိုး စီ သေရက်ခဲ့တဲ့ ေနးရွင္းလိဂ္ ပြဲ အျပီးမွာ ၄င္းရဲ႕ အေျပာင္းအေရႊ႕ သတင္းမ်ားနဲ႕ ပတ္သတ္ျပီး တုန္႔ျပန္ ေျပာဆိုလာခဲ့ပါတယ္။

လီဗာပူးအသင္းဟာ အယ္ကန္တာရာနဲ႕ ဒီေႏြမွာ က်ယ္က်ယ္ေလာင္ေလာင္ သတင္းထြက္ေပၚေနတာ ျဖစ္ျပီး မန္ခ်က္စတာ ယူနိုက္တက္ကေတာ့ ဒီသီတင္းပတ္အတြင္းမွ အယ္ကန္တာရာ ကို စိတ္၀င္စားဟန္ ျပသလာခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ အယ္ကန္တာရာ ကေတာ့ လက္ရွိကလပ္ ဘိုင္ယန္မွာ ေပ်ာ္ရႊင္ေနေၾကာင္း ေျပာဆိုလာခဲ့တာေၾကာင့္ စပိန္သားကို ေခၚယူဟန္ ျပင္ေနတဲ့ ပရီးမီးယားလိဂ္ကလပ္ နွစ္သငး္ကို ျငိမ္ေဆး ေကၽြးသလို ျဖစ္သြားနုိင္ပါတယ္။

” ေလာေလာဆယ္ က်ေနာ္ကေတာ့ ယူကရိန္းနဲ႕ ပြဲ အတြက္ပဲ စဥ္းစားတယ္။ အဲဒါျပီးရင္ တခ်က္ၾကည့္ၾကတာေပါ့။ ဘိုင္ယန္ကေတာ့ က်ေနာ့္ အိမ္ပါ။ က်ေနာ္ အဲဒီမွာ ေပ်ာ္ရႊင္ေနပါတယ္။ ” လို႔ သီေယဂို အယ္ကန္တာရာက ေျပာဆိုခဲ့ပါတယ္။

ဂ်ာမနီက သတင္းမ်ားအရေတာ့ အယ္ကန္တာရာ အတြက္ ယူနိုက္တက္ထံက တရား၀င္ ကမ္းလွမ္းမႈ တစံုတရာ မရွိေသးေၾကာင္း သိရျပီး လီဗာပူးနဲ႕ေတာ့ ေျပာဆို ေဆြးေႏြးမႈ ရွိေနတယ္လို႔ ေဖာ္ျပေနၾကပါတယ္။

ဆိုးရွားရဲ႕ ယူနိုက္တက္ လူစာရင္းမွာေတာ့ ကြင္းလယ္မွာ ထပ္မံ အားျဖည့္ဖို႔ ဟုတ္ပါ့မလား ေမးခြန္းထုတ္စရာ ျဖစ္ေနျပီး အထူးသျဖင့္ ဗန္ဒီဘိခ္ ကို ေခၚယူျပီးေနာက္ လက္ရွိ ကြင္းလယ္ေတြကို ပြဲကစားခြင့္ေပးဖို႔ေတာင္ အခက္ေတြ႔ေနတာ ျဖစ္ပါတယ္။