ယူနိုက်တက် ဆိုရင် အနိုင်ကန်ဖို့ အစွမ်းကုန် အားထုတ်ကြတဲ့ ပြိုင်ဘက်တွေကြောင့် ဘယ်လောက် အခက်တွေ့ရသလဲ နည်းပြ တန်ဟက် ညည်းတွား

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက အဝေးကွင်းမှာ ဘုန်းမောက်အသင်းကို နောက်ကနေ လိုက်ကစားကာ ကံကောင်းလို့သာ ၂-၂ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြ တန်ဟက်ကတော့ လေမလျှော့သေးဘဲ ယူနိုက်တက်ကို အနိုင်ယူချင်လည်း အဲ့လောက် မလွယ်ဘူးလို့ ပွဲပြီးစကား ဆိုခဲ့ပါတယ်။

ပြိုင်ဘက်တွေဟာ ယူနိုက်တက်ကို အနိုင်ရဖို့ အပြင်းအထန် အားထုတ်ကစားကြပေမယ့် အသင်းဟာ ဒီစိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းနိုင်တယ်လို့ နည်းပြဖြစ်သူက ယုံကြည်နေတယ်။

” ကျနော်တို့ ၂ ပွဲလုံး တူညီတဲ့ ခံစစ်ကြောင်းကိုပဲ ထုတ်သုံးခဲ့သလို ကစားသမားတွေ အစွမ်းကုန် ပေးဆပ်ခဲ့ပါတယ်။ ဒါပေမယ့် အချို့ အသင်းသားတွေက ငယ်ရွယ်ပြီး အတွေ့အကြုံ နည်းပါးပါတယ်။

ပရီးမီးယားလိဂ်မှာက တစ်ပွဲပြီး တစ်ပွဲ ဆက်တိုက်ရင်ဆိုင်ရတာ ခက်ခဲပါတယ်။ ကျနော်တို့ ဒါကို ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်လို အသင်းက တောင်းဆိုမှု များပြားပါတယ်။

အသင်းတိုင်းက ကျနော်တို့ကို အနိုင်ကန်ဖို့ စိတ်ဆန္ဒ ပြင်းထန်ကြတယ်။ ဒီနေ့မှာ ပြိုင်ဘက်အသင်းက သူတို့ လုပ်နိုင်တဲ့ အကန့်အသတ်ထိ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။

ပွဲတိုင်းမှာ ပြိုင်ဘက်တွေက အစွမ်းကုန် အားထုတ်ကြပါတယ်။ ကျနော်တို့က တည်ငြိမ်မှု၊ ထိန်းချုပ်နိုင်မှုနဲ့ လွှမ်းမိုးနိုင်စွမ်းတွေကို ပြသ တုန့်ပြန်ခဲ့ပါတယ်။” လို့ တန်ဟက်က ရှင်းပြသွားတာ ဖြစ်ပါတယ်။

ဒီပွဲအပြီး ယူနိုက်တက်ဟာ ဒီသရေ ရလဒ်ကြောင့် နယူးကာဆယ်နောက် အဆင့် ၇ ရောက်နေပြီး အဆင့် ၄ နေရာက အက်စတွန်ဗီလာနဲ့ ၁ဝ မှတ် ပြတ်နေဆဲဖြစ်ပါတယ်။