အာဆင်နယ်အသင်းကတော့ ဒီည အမ်းမရိတ်မှာ အက်စတွန်ဗီလာ ကို ဧည့်ခံ ကစားခဲ့ရာ မထင်မှတ်ဘဲ ၂-ဝ နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ်။
အိမ်ရှင်အသင်း အတွက် အသည်းခွဲဂိုးတွေကို အက်စတွန်ဗီလာ က ပွဲချိန် ၈၄ နဲ့ ၈၇ မိနစ်မှ သွင်းခဲ့တာ ဖြစ်ပြီး ဂန်းနားတို့ ဘယ်လိုမှ အမှီ မလိုက်နိုင်တော့ဘဲ အရှုံးနဲ့ ကြုံလိုက်ရပါတယ်။
ဒီပွဲ မတိုင်ခင် လီဗာပူးကလည်း ပဲလေ့စ်ကို ရှုံးခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်မှာ မန်စီးတီးက ဆက်လက် ရပ်တည်သွားပြီ ဖြစ်ပါတယ်။
ဒီတပတ် ပရီးမီးယားလိဂ် ပွဲတွေထဲ၊ ဖလားလုဘက် ၃ သင်းထဲမှာ မန်စီးတီးပဲ နိုင်ပွဲရပြီး လီဗာပူးနဲ့ အာဆင်နယ်တို့ ရှုံးနိမ့်ခဲ့တာကချန်ပီယံဖိအားကို မကိုင်တွယ်နိုင်ခြင်းလို့ ပေါမာဆန်ကတော့ သုံးသပ် နာမည်တပ်ခဲ့ပါတယ်။
ပေါမာဆန်က ” လီဗာပူး၊ အာဆင်နယ်တို့ကို ရင်ဆိုင်ကစားသွားခဲ့တဲ့ ၂ သင်းလုံးက အတော်လေးကို ထူးချွန်ကြပါတယ်။ အခုဆိုရင် သူတို့ရဲ့ အခြေအနေတွေက လုံးဝ ပြောင်းလဲသွားပါပြီ။
မန်စီးတီးက အရင်ကစားပြီး ပြိုင်ဘက်တွေကို ဖိအားဝင်စေခဲ့တယ်။ ဒီဖိအားကို လီဗာပူးကော အာဆင်နယ်ပါ မကိုင်တွယ်နိုင်ကြပါဘူး။ ဒါပေမယ့် ပဲလေစ့်နဲ့ ဗီလာကိုလည်း ချီးကျူးပါတယ်။ သူတို့တွေ သိပ်ကောင်းခဲ့ကြပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။
ဒီတပတ် ပွဲစဉ် ၃၂ အပြီးမှာတော့ မန်စီးတီးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၂ မှတ် အသာဖြင့် ဦးဆောင်နေခဲ့ပြီ ဖြစ်ပါတယ်။