ဒီအပတ်ဟာ ဥရောပမှာ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ကျရှုံးခန်းပဲဖြစ်ပြီး မန်စီးတီး၊ အာဆင်နယ်တို့ ချန်ပီယံလိဂ်ကနေ ထွက်ရသလို လီဗာပူး၊ ဝက်စ်ဟမ်းကလည်း ယူရိုပါလိဂ် ကနေ ထွက်ခွာခဲ့ရပါတယ်။
ဒါကြောင့် UEFA coefficient အရ နောက်ရာသီ ချန်ပီယံလိဂ်မှာ အင်္ဂလန်ကလပ် ၅ သင်း ပါဝင်ခွင့် မျှော်လင့်ချက် ဟာ ခပ် ရေးရေးသာ ကျန်ရှိပါတော့တယ်။
မျှော်လင့်ချက်တွေ လုံးဝ ရပ်တန့်မသွားသေးတာကတော့ ယူအီးအက်ဖ်အေ ကွန်းဖရန့်လိဂ်မှာ အက်စတွန်ဗီလာ အသင်းက ဆီမီးဖိုင်နယ်ကို တက်ရောက်သွားတာကြောင့်ပါ။
လက်ရှိ UEFA coefficient အမှတ်တွေ ရပ်တည်မှု က အောက်ပါအတိုင်း ရှိနေပါတယ်။
- Italy: 19.428
- Germany: 17.928
- England: 17.375
- France: 16.083
- Spain: 15.312
အီတလီက UEFA coefficient မှာ ထိပ်ဆုံး ၂ နိုင်ငံထဲ ပါဝင်သွားဖို့ သေချာခဲ့ပါပြီ။ ကျန် ၁ နေရာကို ဂျာမနီနဲ့ အင်္ဂလန်တို့ အပြိုင် လုရမှာဖြစ်ပါတယ်။
ဒါပေမယ့် ဂျာမနီကလပ်တွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်တို့က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ထံ တက်ရောက်ထားကာ လေဗာကူဆင်ကလည်း ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်ထံ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
အက်စတွန်ဗီလာတို့ ကွန်းဖရန့်လိဂ် ဖိုင်နယ်မှာ ဖလားရပြီး ဂျာမနီ ၃ သင်းလုံး ဆီမီးကနေ ပြုတ်မှပဲ နောက်ရာသီမှာ အင်္ဂလန်ကလပ် ၅ သင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖွယ် ရှိနေပါတယ်။