အာဆင်နယ်အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ ဝုဗ် အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာပါ။ ပွဲကတော့ မနက်ဖြန် စနေနေ့ ည ၁ နာရီ တိတိ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဒီပွဲ မတိုင်ခင်မှာ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် တို့က ဆက်တိုက် ခြေချော် ကျရှုံးထားတာ ဖြစ်လို့ အမြန် ပြန် ရုန်းထဖို့လည်း လိုအပ်နေပါပြီ။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ဒီအပတ် ဝုဗ်နဲ့ အာဆင်နယ် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” ဘောလုံးက ဘယ်လောက်တောင်မှ အပြောင်းအလဲ မြန်လိုက်သလဲ? အခြေအနေတွေက အားလုံး ပြောင်းလဲသွားသလို ဒီအပတ်တွေမှာ အာဆင်နယ်ရဲ့ ဘောလုံးရာသီက ထိခိုက်မှုရှိသွားပါတယ်။
ဒီပွဲက ခက်ခဲမှာပါ။ ဒါပေမယ့် အက်စတွန်ဗီလာနဲ့ ဘိုင်ယန်မြူးနစ်တို့ကို ရှုံးအပြီး ယှဉ်ပြိုင်ရတာဖြစ်လို့ ထင်ထားတာထက်တောင် ပိုခက်ခဲသွားနိုင်ပါတယ်။ ဒါတွေက အာဆင်နယ်ရဲ့ ဘောလုံးရာသီကို ထိခိုက်စေတာမျိုး ဖြစ်ခွင့်ပေးလို့ မရပါဘူး။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်တွေ အားလုံးကို အနိုင်ရဖို့ လိုအပ်ပါတယ်။ ဝုဗ်၊ ချယ်ဆီး၊ စပါးတို့လို လာမယ့် ပွဲစဉ် ၃ ပွဲကို အနိုင်ယူပြီး မန်စီးတီးကိုလည်း သူတို့လက်ကျန်ပွဲ အားလုံးကို အနိုင်ရမှ ပရီးမီးယားလိဂ်ဖလား အောင်မြင်ခွင့်ပေးရပါမယ်။
ဂန်းနားတို့အတွက် အဝေးကွင်း သွားကစားရတာ ခက်ခဲပေမယ့် သူတို့ ပြန်ရုန်းထဖို့ လိုအပ်ပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်း ရလဒ်ကတော့ ဝုဗ် ၁-၂ အာဆင်နယ် ဖြစ်ပါတယ်။