ဒီည ဝုဗ် – အာဆင်နယ် ပရီးမီးယားလိဂ် ပွဲစဉ်က ဘယ်လို ရလဒ်ထွက်လာမလဲ ဘီဘီစီ ခရစ်ဆက်တန်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ဒီတပတ် ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းဟာ ဝုဗ် အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာပါ။ ပွဲကတော့ ဒီ နေ့ စနေနေ့ ည ၁ နာရီ တိတိ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် ကတော့ ဒီအပတ် ဝုဗ်နဲ့ အာဆင်နယ် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒီပွဲက အာဆင်နယ်အတွက် ပွဲကြီး ပွဲကောင်းပါ။ ဒါပေမယ့် ဝုဗ်က ပြီးခဲ့တဲ့ ၄ ပွဲ အတွက် နိုင်ပွဲ မရှိခဲ့ဘဲ အခြေအနေ ဆိုးနေတာက ဂန်းန်ားတို့ကို အကူအညီ ဖြစ်စေပါလိမ့်မယ်။

ဒီ သီတင်းပတ် အတွင်း ပြောစရာ ဖြစ်နေတာက ဂန်းနားတို့ ခြေချော်သွားပြီလား ဆိုတာပါ၊ ကျွန်တော်ကတော့ အဲဒီလို မထင်ပါဘူး။

သူတို့ အက်စတွန်ဗီလာ ကို ရှုံးခဲ့တဲ့ ပွဲမှာ နည်းနည်း ဟန်ချက် ပျက်နေခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဗီလာကလည်း တကယ် ကောင်းတဲ့ ကစားသမားတွေ ရှိပါတယ်။ ဘိုင်ယန်မြူးနစ်ရောပဲ။

အာဆင်နယ်ရဲ့ ချန်ပီယံလိဂ် အရှုံးက သူတို့ ပထမ အကျော့ အမ်းမရိတ်မှာ ကစားခဲ့တုန်းက ရလဒ်ကြောင့် လို့ပဲ ကျွန်တော်က မြင်ပါတယ်။ ဆာကာ ကသာ အဲဒီပွဲ ပြီးခါနီးမှာ ဒိုင်ဗင်ထိုးတာမျိုး ထ မလုပ်ခဲ့ဘူး ဆိုရင် ဒီဇာတ်လမ်းက တမျိုးတဖုံ ဖြစ်သွားနိုင်ပါတယ်။

အာဆင်နယ် အကြောင်းထက် ဒီပွဲက ဝုဗ်ရဲ့ ခြေစွမ်းပုံစံ အပေါ် မူတည်ပြီး ကျွန်တော်က ခန့်မှန်းမှာပါ။ ဂန်းနားတွေက Molineux ကွင်းမှာ နိုင်ပွဲ ရအောင် ရှာသွားနိုင်မယ် လို့ ကျွန်တော် ယုံပါတယ်။

မျှော်လည်း မျှော်လင့်တယ်ပေါ့ဗျာ။ ချန်ပီယံ ပြေးလမ်းမှာ မန်စီးတီး တစ်သင်းတည်း ရာသီကုန်ထိ ထင်တိုင်း လုပ်သွားမှာ ကျွန်တော် မမြင်ချင်ပါဘူး။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ဆက်တန်ရဲ့ ခန့်မှန်းရလဒ်ကတော့ ဝုဗ် ဝ-၁ အာဆင်နယ် ဖြစ်ပါတယ်။