မနေ့ညက ဝင်ဘာလေကွင်းကြီးမှာ မန်စီးတီးနဲ့ ချယ်ဆီးတို့ ယှဉ်ပြိုင်ကစားတဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ကတော့ ဆေးဗားရဲ့ သွင်းဂိုးနဲ့အတူ မန်ချက်စတာ စီးတီးအသင်း အနိုင်ရပြီး ဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
ချယ်ဆီးနည်းပြ ပိုချက်တီနို က ပွဲပြီး အင်တာဗျူးမှာ သူတို့အသင်း ဦးဆောင်ဂိုး အဖြစ် ရခဲ့သင့်တဲ့ ပင်နယ်တီ မရတဲ့ အပေါ် ထည့်သွင်း ပြောဆိုမှု ပြုလုပ်ခဲ့ပါတ်။
ထိုပွဲရဲ့ ပွဲချိန် ၅၆ မိနစ်မှာတော့ ပါလ်မာ ကန်လိုက်တဲ့ တည်ကန်ဘောဟာ Wall ကာထားတဲ့ မန်စီးတီးကစားသမားတွေကြားက ဂရီလစ်ရဲ့ လက်နဲ့ထိပြီး ထောင့်ကန်ဘော ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီ မပေးခဲ့သလို VAR ကြည့်ပေးခဲ့လား မရှင်းလင်းပါဘူး။
ပါလ်မာဖြစ်ရပ် ပင်နယ်တီ ရသင့်သလား မေးခံရချိန်မှာ ပိုချက်တီနိုက ‘ကျနော် မသိပါဘူး။ ပိုကောင်းတဲ့ ရှုထောင့်မျိုးတော့ ရှိမယ် ထင်ပါတယ်။
နည်းပြလိုင်းကနေတော့ အဲ့ဖြစ်ရပ်က ပင်နယ်တီလားဆိုတာ မြင်ရဖို့ ခက်ခဲပါတယ်။ ကျနော်ရဲ့ လက်ထောက်တွေက ဒါဟာ ပင်နယ်တီပါ လို့ ပြောခဲ့တာကြောင့် ကျနော်က ဒိုင်လူကြီးကို ပင်နယ်တီ တောင်းဆိုခဲ့တာပါ။
ကျနော်က ဒိုင်လူကြီးကို ပင်နယ်တီ ဟုတ်လား မဟုတ်လား ဘာလို့ VAR ကနေ မစစ်သလဲလို့ မေးခဲ့တယ်။ ကျနော် မြင်မိတာ အရတော့ ပင်နယ်တီပဲ .. ဒါပေမယ့် ရှေ့ဆက်ကစားခဲ့ရတယ် ’ လို့ တုန့်ပြန်ခဲ့တယ်။
မန်စီးတီးကို ရှုံးနိမ့်ခဲ့တာကြောင့် ဒီရာသီမှာ ချယ်ဆီးအသင်းဟာ ဆုဖလားလက်မဲ့ နောက်ထပ် တစ်ရာသီကို ကျော်ဖြတ်သွားရတော့မှာ ဖြစ်ပါတယ်။
နည်းပြ ပိုချက်တီနို အနေနဲ့လည်း နည်းပြဘဝ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ၃ ကြိမ် ရောက်ခဲ့ဖူးတာမှာ ၃ ကြိမ် လုံး ရှုံးနိမ့်ထားခဲ့ပါတယ်။