ဝုဗ်ကို အနိုင်ကန်ပြီးတာနဲ့ နောက်ပွဲ ချယ်ဆီးကို ကြိတ်ဖို့ စိတ်အားထက်သန်နေတဲ့ အာတီတာနဲ့ ဂန်းနားများ

အာဆင်နယ်အသင်းဟာ မနေ့ညက အဝေးကွင်းမှာ ဝုဗ်ကို အနိုင်ကစားပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ နည်းပြ အာတီတာကတော့ ဝုဗ်နိုင်ပွဲ အပြီးမှာ နောက်ပွဲဖြစ်တဲ့ ချယ်ဆီး နဲ့ ပွဲကို အနိုင်ယူဖို့ စိတ်ပြင်းပြနေပါတယ်။

ဂန်းနားတို့ဟာ ဆိုးရွားတဲ့ သီတင်းပတ် တစ်ခုကို ရင်ဆိုင်ခဲ့ရပြီး ပရီးမီးယားလိဂ် ဦးဆောင်ခွင့်ကို ဆုံးရှုံးခဲ့တဲ့အပြင် ချန်ပီယံလိဂ်ကပါ ထွက်ခဲ့ရပေမယ့် အာဆင်နယ်အသင်းက ချက်ချင်း ပြန်ရုန်းထနိုင်ခဲ့ပါတယ်။

အင်္ဂါနေ့မှာ ရင်ဆိုင်ရမယ့် ချယ်ဆီးနဲ့ ပွဲအတွက် အာဆင်နယ် နည်းပြ အာတီတာက “ အခု ကျနော်တို့ ပစ်မှတ်က ချယ်ဆီးကို အနိုင်ယူဖို့ပဲ၊ သူတို့က ပုံစံကောင်းတွေရနေပါတယ် ” လို့ ထုတ်ဖော် ပြောဆိုလာပါတယ်။

” မန်စီးတီးနဲ့ ချယ်ဆီးတို့ ယှဉ်ပြိုင်ကစားတဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲကို ကျနော် စောင့်ကြည့်ခဲ့ပါတယ်။ သူတို့က အသင်းကောင်းတစ်သင်းပါ၊ ပိုချက်တီနိုအကြောင်း ကျနော် ကောင်းကောင်းသိပါတယ်။

ကျနော်တို့ရဲ့ ပရိသတ်တွေရှေ့ ကစားရမယ့် တကယ့် အချိန်ကောင်းမှာ ရလဒ်ကောင်း ထွက်လာအောင် လုပ်ရမယ်၊ ကျနော်တို့ အကောင်းဆုံး ယှဉ်ပြိုင်ရပါမယ် ” လို့ ပြောခဲ့ပါတယ်။

အမ်းမရိတ်မှာ ချယ်ဆီးကို အနိုင်ရမယ်ဆိုရင် အာဆင်နယ်ဟာ မန်စီးတီးထက် ၂ ပွဲပိုကစား ၄ မှတ်အသာဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။